𝖯𝖺𝗋t 2

904 103 7
                                    

" အခု ငါ့ကိုပြော
မင်းက စာချုပ်လည်းရှိပြီး အများသိတဲ့လူတစ်ယောက်ဖြစ်နေတာကို
အပြင်မှာ ညဘက်အချိန်ကုန်ဆုံးတာက စိတ်ကူးကောင်း လို့ ဘာလို့ထင်မိရတာလဲ "

ဟန်ဘင်းရဲ့ အသံက တည်ကြည်နေပြီး
ဂယူဘင်း ကြားခဲ့ဖူးတာတွေနဲ့ မတူဘူး ။
ဒီတစ်ခါမှာတော့ သူက ပန်းအိုးခွဲမိလို့
အဖေဆီက အဆူခံနေရသလိုပုံပေါက်နေတယ် ။ သူမလုပ်တဲ့ပန်းအိုးကွဲတာပေါ့ !
အဲ့တာက တကယ်တော့ eumppappa ကြောင့် ကွဲခဲ့တာလေ !

" ဘာလို့လဲဆိုတော့ ကျွန်တော် အခန်းထဲမှာ နေရတာ အထီးကျန်နေပြီလေ

ကျွန်တော်တို့က WT စတဲ့ပထမဆုံးရက်ထဲက တူတူနေခဲ့ရတာ ဒါပေမယ့် ဟျောင်းက ကျွန်တော့်ကို မတွေးပေးခဲ့ဘူး... အမြဲ ဟာအိုဟျောင်းနဲ့ပဲ ရှိနေခဲ့တာလေ ! "

" အဲ့တာကို ငါ နည်းနည်းလေးမှ နောင်တမရဘူး ဒါပေမယ့် ဂယူဘင်း မင်း ငါ့ကိုမပြောပဲ အပြင်ထွက်တယ် မန်နေဂျာကိုပါ မင်းနဲ့ အတူခေါ်သွားပြီး သူ့ကိုပါ မူးအောင်လုပ်ခဲ့တယ် ၊ ပြီးတော့ ပြန်မလာကြခင်အချိန်ထိ ရစ်ခီနဲ့ တစ်မြို့လုံးပတ်ခဲ့ကြတယ် ။

ပြောပါဦး ငါ အခု ကုမ္ပဏီကိုဘယ်လိုရှင်းပြရတော့မလဲဆိုတာ "

" ဒီတိုင်း မရှင်းပြပဲ ထားလိုက်ရင်ရော ? အကယ်၍ တစ်ယောက်မှမသိဘူးဆိုရင်
ဘာလို့ ရှင်းပြဖို့လိုဦးမှာလဲ ?

ကျွန်တော်တို့ မန်နေဂျာကို ဘာမှမပြောဖို့ နှုတ်ပိတ်လိုက်မယ်လေ အဲ့တာဆို ပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားပြီ "

ဟန်ဘင်းက ပြန်ဖြေမလို့လုပ်တဲ့အချိန်မှာပဲ ချွေးတွေစို့နေတဲ့ဟာအိုက စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ အထိတ်တလန့် အခန်းထဲ ဝင်လာတယ်။ ဂယူဘင်းက ဟာအိုရဲ့မျက်နှာမှာ ဒီလို အမူအရာများတာ ခုချိန်ထိ မမြင်ဖူးခဲ့ဘူး boys planet တုန်းက တစ်ကြိမ်ကလွဲရင်ပေါ့။

မတော်တဆ အိပ်ရာပေါ်လဲကျပြီး နာသွားမှာစိုးလို့ ဘေးကနေ ကာပေးထားတဲ့ဟန်ဘင်းကိုပဲ ဟာအိုက အလောတကြီး ပြောဖို့ပြင်တယ်။ အခုတော့လည်း ဂယူဘင်းပဲ သာ့ဒ်ဝှီး ဖြစ်ရတော့တာပါပဲ သူ့မှာ အဆူခံရရုံတင်မကဘူး ခုတော့ သူတို့နှစ်ယောက် ဖလစ်တာပါ ကျော်ဖြတ်ရဦးမယ် ။ ဘယ်အချိန်မှ သူ အခန်းထဲပြန်လို့ရမှာပါလိမ့် ?

Gyuricky fanfic [ Myanmar Translation ][𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now