𝖯𝖺𝗋𝗍 6 ( final )

1.1K 104 36
                                    

" ဘာတွေဖြစ်ခဲ့လဲဆိုတာ အတိအကျ ရှင်းပြဖို့လုပ်ဦးမှာလား ? မင်းတို့ရဲ့ concert က လာမယ့်သုံးနာရီအတွင်းမှာ စတော့မှာ အဲ့တာကို မင်းတို့နှစ်ယောက်ရဲ့ rumor ကိစ္စကို ဖြေရှင်းရတော့မယ် ဖန်တွေက အဲ့ကိစ္စကြောင့် နေရာအနှံ့မှာ ပြည့်နေကြတာ
အဲ့သုံးသပ်ချက်ကို ခဏဖယ်ပြီး
ငါတို့ဘာဆက်လုပ်သင့်လဲ ငါ့ကိုပြော "

အစည်းအဝေးခန်းက ထူးဆန်းတဲ့လေထုနဲ့
ပြည့်နှက်နေပြီး သူတို့နဲ့ ဘာမှမဆိုင်တဲ့
ဝန်ထမ်းတွေတောင်မှ ဖိအားကို ခံစားရသလို ဂယူဘင်းတောင်မှ ငြိမ်ငြိမ်မနေနိုင်ပဲ စိတ်လှုပ်ရှားစွာနဲ့ ခုံမှာထိုင်ရင်း လှုပ်လှုပ်ရှားရှားလုပ်နေမိတယ် ။

" ထင်ရှားစွာနဲ့ပဲ ဒါက အစစ်အမှန်စာချုပ်တစ်ခုဖြစ်နေပြီး လက်ထပ်တာတစ်နှစ်မတိုင်ခင်အထိ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး
ငွေအများကြီးကုန်ကျမယ့် ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ မလိုက််မချင်း
ငါတို့ဘာမှမတတ်နိုင်ဘူး
ဆောရီး ငါတို့ အခု တရားဝင် လုပ်လို့ရတာက တစ်နှစ်စောင့်ရုံအပြင် မရှိဘူး "

သူတို့ရဲ့ CEOက သက်ပြင်းချ ၊
နားထင်ကိုပွတ်ရင်း ပြောလိုက်တယ် ။

အဖွဲ့ဝင်နှစ်ယောက် လက်ထပ်သွားတဲ့ကိစ္စကြောင့် သူ USA ကို လိုက်လာရလိမ့်မယ်လို့ သူ တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး
ဖြစ်လာနိုင်တဲ့ ဇာတ်လမ်းမျိုးစုံကို သူတွေးကြည့်ခဲ့ဖူးပေမယ့် အခုလိုဖြစ်လာနိုင်တယ်ဆို တဲ့ စိတ်ကူးတော့ သူ့မှာ မရှိခဲ့ဘူး ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေမျိုးကြုံပြီး အဆုံးမသတ်သွားရအောင် သူတို့က ရင့်ကျက်ပြီး လိမ္မာပါးနပ်တယ်လို့ တွေးခဲ့မိတာ၊

" ဒါဆို ဂယူဘင်းနဲ့ ရစ်ခီ ... နေပါဦး မင်းတို့ စာချုပ်ကို စစ်ကြည့်ပြီးသွားပြီလား မင်းတို့သတိမထားမိပဲ အထောက်အထားထဲမှာ တစ်ခုခုပြောင်းလဲသွားတာမျိုးလည်း ကြုံရင်ကြုံရနိုင်တာပဲလေ "

( CEO လည်း မျှော်လင့်ချက်လေးနဲ့ မေးရှာတယ် 🥲 )

တာဝန်ကျေပွန်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အလျောက် ဟန်ဘင်းက စာချုပ်ကို ဖိုင်ထဲကနေ ထုတ်လိုက်တယ် ၊

Gyuricky fanfic [ Myanmar Translation ][𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now