[Unicode]
Chapter-8 (အမဲလိုက်ကျောင်း အပိုင်းရှစ်)
ဖြစ်နိုင်တာက....
ဒူရိရှင်း တစ်ဖက်ကိုလှည့်ပြီး လှည့်အကြည့်တွင် ထိုဂျူတီကျဆရာဖြစ်သူက အခန်းဝင်ပေါက်မှာရပ်နေတာကိုမြင်လိုက်ရပြီး ထိုသူရဲ့ညစ်ပတ်နေတဲ့အားကစားဝတ်စုံနဲ့အတူ ပိန်လှီနေတဲ့လက်ထဲတွင် ဖရဲသီးလှီးဓားကိုကိုင်ဆောင်ထားဆဲဖြစ်တယ်။ထိုသူရဲ့ ကွဲကြေနေတဲ့ဦးခေါင်းက ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားတာလဲ။နစ်မြုပ်နေတဲ့မျက်လုံးတစ်စုံကလည်း မျက်လုံးအိမ်ထဲပြန်ရောက်ရှိနေတယ်။
အချက်ပေးသံက နောက်ဆုံးမှာရပ်သွားပြီဖြစ်တယ်။
ဒီမှာ ထွက်ပေါက်ဆိုလို့မရှိတဲ့အပြင် ပြတင်းပေါက်လည်း ရှိမနေပြန်ဘူး။ဝင်ပေါက်မှာ ထိုဂျူတီကျဆရာကရပ်နေတယ်။ ဘယ်ထွက်ပေါက်မှမရှိတဲ့ဒီနေရာကြီးမှာ သေချာပေါက်သေရတော့မှာလား..
မဟုတ်ဘူး... အဲ့လိုမဖြစ်စေရဘူး...
အဆုံးမှာတော့ ဒူရိရှင်း သူ့ကိုသူစိတ်ငြိမ်အောင်လုပ်လိုက်တယ်။အနည်းဆုံး ထိုဆရာကိုသတ်လို့ရနိုင်တယ်ဆိုတာကို သူသိထားတယ်။အချက်ပေးသံမြည်လာတာတဲ့တပြိုင်နက် ထိုဆရာက "ပြန်အသက်ဝင်"ပြီး အခန်းဆီပြန်ရောက်လာတယ်။
ပြီးတော့ ဒီလူက တောင့်တင်းနေပြီး အသိစိတ်မရှိတဲ့အရာကြီးဖြစ်တယ်။သူတို့ကနှစ်ယောက်ရှိတာကြောင့် ကျိန်းသေပေါက်တစ်ခုခုလုပ်နိုင်မှာပါ။
ယင်ရှန်း ထိုဆရာကိုသတ်တုန်းက နောက်ကနေခေါင်းကို အရင်ဆုံးကန်ပြီး ပေါက်ကွဲထွက်သွားအောင်တစ်ခုခုကျွေးလိုက်တာ။သူတို့နှစ်ယောက်အတွက်တော့ အဲ့လိုဒရမ်မာကျတဲ့ဇာက်ကွက်မျိုးလုပ်ဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သူတို့နှစ်ယောက် ထိုဆရာရဲ့လှုပ်ရှားမှုကိုအာရုံလွှဲပြီး တားထားမှဖြစ်လိမ့်မယ်။
အခု သူ့ခေါင်းထဲပေါ်လာတဲ့ အစီအစဥ်က တစ်ယောက်ကို ငါးစာချမြှားခေါ်ပြီး နောက်တစ်ယောက်ကတိုက်ခိုက်ဖို့ဖြစ်တယ်။သူမြန်မြန်ပဲ သူ့နောက်က တုန်ယင်နေတဲ့ အိုက်လီ ကိုခေါ်လိုက်ပြီး
YOU ARE READING
Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ်
Lãng mạnဒူရိရှင်း ဆိုတဲ့ကောင်လေးက မွေးလာတည်းက အခုအသက်၂၀အတွင်း ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်ကို တစ်နေ့ရှာတွေ့ရမယ်ဆိုတဲ့အိပ်မက်ကို ရေတွက်ရင်းရှင်သန်လာသူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူတစ်ယောက်ယောက်ကို ရှာမတွေ့ခင်အချိန်လေးမှာပဲ မရင်းနှီးတဲ့စွန့်ပစ်...