9

431 70 1
                                    

[Unicode]

Chapter-9 (အမဲလိုက်ကျောင်း အပိုင်းကိုး)

"အဲ့တော့ အဲ့ဒါကသော့ပေါ့"

ယင်ရှန်း က အနားကိုကပ်လာကာ ရိဝမ် ပါးစပ်ထဲ ချောင်းကြည့်ရင်း စိတ်မဝင်စားစွာပြောလာတယ်။

"အခု မင်းသူငယ်ချင်းအကြောင်းထပ်ပြောပြလို့ရပြီလား"

အဲ့တော့ ဒီလူက အပြင်ကို လွတ်မြောက်ဖို့ စိတ်မဝင်စားတာလား...

"ငါလည်းမသိဘူး။ သူ အခုပဲ အထဲမှာရှိနေတာ။  ဟိုဆရာဆိုတာကောပဲ ။ ဒါပေမဲ့ အခုကျတော့ ပျောက်နေတယ်"

ရုတ်တရက် ယင်ရှန်း က သူ့ကော်လံကိုဆွဲကာ အခန်းအပြင်ကိုတရွတ်တိုက်ဆွဲခေါ်လာပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်။

"ဘာလုပ်...."

ဒူရိရှင်း ကျိန်ဆဲမလို့ပြင်တုန်း ယင်ရှန်း ကိုမြင်ပြီး သူ့စကားတွေကိုပြန်မြိုချလိုက်ကာ နောက်တစ်မျိုးပြောင်းပြောလိုက်တယ်။

"...လုပ်တာလဲ"

"မေးခွန်းနှစ်ခုမေးမယ်"

ယင်ရှန်း က ဒူးထောက်ချလိုက်ပြီး  ဘေ့ဘောစ်တုတ်ကို ဒူရိရှင်း ပခုံးပေါ်တင်ကာ

"မင်းသူငယ်ချင်းဆိုတာကော တကယ်ရှိလား"

"ငါမင်းကိုပြောပြီးသားပဲ။  သူအထဲမှာရှိတယ်လို့ အဲ့တုန်းက သူငါ့ကိုကယ်ဖို့ အဲ့ဂျူတီကျဆရာရှိနေတဲ့အခန်းတံခါးကိုသူပိတ်ချလိုက်တာ။  သူတို့ဘယ်လိုပျောက်သွားလဲဆိုတာကိုတော့ ငါကိုယ်တိုင်လည်းမသိဘူး"

"မင်းမလိမ်ဘူးမလား"

ဒူရိရှင်း ယုံကြည်ချက်ရှိရှိခေါင်းငြိမ့်ပြလိုက်တယ်။

"သိပြီ နောက်မေးခွန်းတခု.."

ယင်ရှန်း မျက်လုံးမှေးချလိုက်ပြီး

"အဲ့မင်းပြောတဲ့ ပုန်းနေတဲ့ကလေးဆိုတာကော တကယ်ရှိလား"

"မရှိဘူး"

"ဟမ်"

ဒီတစ်ကြိမ်မှာတော့ ယင်ရှန်း ကြောင်အသွားတယ်။သူက ဒူရိရှင်း လိမ်နေတယ်ထင်ထားပေမဲ့လည်း ဒီလိုအဖြေထွက်လာလိမ့်မယ်လို့ သူမထင်ထားမိဘူး။

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now