28

226 37 0
                                    

[Unicode]

Chapter-28 (ကစားကွင်း အပိုင်းတစ်ဆယ့်လေး)

ကုဗတုံးပုံစံနဲ့ လူတစ်ယောက်ဖြစ်ပြီး ဘေးတိုက်မျက်လုံးကိုကြည့်နေတာနဲ့ တော်တော်လေးကိုမဖော်ရွေတဲ့မျက်နှာထားရှိဆိုတာကို သိနိုင်တယ်။ထိုလူရဲ့တုတ်တံကမရှိတော့ဘဲ အဝတ်အစားတွေကလည်းပြဲနေကာ ကြည့်ရတာ တော်တော်ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခဲ့ပုံပင်။ထိုလူရဲ့ပုံမှန်အပြုအမူကြောင့်ကော စုတ်ပြဲနေတဲ့အဝတ်အစားနဲ့ဆိုရင် သူ့ကိုချုပ်ချယ်ထိန်းချုပ်လို့မရနိုင်တဲ့ ပုံစံဆိုတာ သိသာစေတယ်။ဒီတစ်ယောက် တစ်လမ်းလုံးမှာလည်း ဒီလိုပဲ တိုက်ခိုက်လာတာလား...

ယင်ရှန်း က သူ့ကိုမြင်တော့ မျက်မှောင်ကြုတ်ကာ

"မင်းရောက်လာပြီလား လိပ်ကောင်"

ဒူရိရှင်း ကိုယ်တိုင်လည်း တတ်နိုင်သလောက် ကြိုးစားပြီးလာခဲ့ရကြောင်းကို ရှင်းပြလိုက်ချင်ပေမဲ့ သူ့မှာတိုက်ရည်ခိုက်ရည်မရှိတာကြောင့် တစ်ခါတောင်သေခဲ့ရသေးတယ်။

"မင်း အဲ့တစ်ယောက်နဲ့ဘာလို့ရှိနေတာလဲ"

'အဲ့တစ်ယောက်' ဆိုတာ မိုယု ကို ဆိုလိုနေမှန်းဖြစ်ပေမဲ့ သူမကတော့ အမူအယာမဲ့လျက် ယင်ရှန်း ကိုသာ စိုက်ကြည့်နေတယ်။ယင် နဲ့ ယန် ကြားက မထုံတက်သေးဆက်ဆံရေးက အတော်လေး နေရခက်စေတယ်။တစ်ဖက်က ပေါက်ကွဲခါနီးမီးတောင်တစ်ခုဆိုရင် တစ်ဖက်ကလာထိသမျှလူတိုင်းကို အေးခဲသွားစေမဲ့ ရေခဲမြစ်ပဲ။ဒူရိရှင်းအနေနဲ့ သူတို့တွေဘယ်လို အဖော်စပ်မိပြီးရောက်လာခဲ့ကြောင်းရှင်းပြရကာ သူမလည်းအသက်ရှင်နေဆဲ player ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ရတယ်။ယင်ရှန်း က သူ့အိပ်ကပ်ထဲလက်ထည့်ကာ သူတို့နားကပ်လာပြီး မိုယု ကို စိုက်ကြည့်ကာမေးလာတယ်။

"ဟေ့..မင်း မြူစွယ်ထားတာမဟုတ်ပါဘူးနော် ဟမ်"

"...."

ကောင်ငယ်လေးက သူမကိုစူးစမ်းနေရင်း သူမမျက်နှာအနားကို တိုးကပ်ကပ်သွားတယ်။မိုယု လည်း အစကတော့လစ်လျူရှုကာ သူမကိုယ်သူမစကားနည်းတဲ့လူအဖြစ်နေနိုင်ပေမဲ့ ယင်ရှန်း ကအရမ်းကပ်လာတာကြောင့် သူမအနေနဲ့ တစ်ဖက်ကိုသာ ကြည့်နေလိုက်တော့တယ်။ယင်ရှန်း က ဟမ့် လို့ရေရွတ်ရင်း ဒူရိရှင်း ကို သူ့ဘက်ကိုဆွဲခေါ်ကာ

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now