1

2.4K 43 4
                                    

"ခြောက်လတိတိလိင်ဆက်ဆံလို့မရဘူးနော်"

ဒေါက်တာရဲ့အမှာစကားကြားတော့ မြူတစ်ယောက်အားငယ်သွားသည်။

"ဟုတ်ကဲ့ပါ ဒေါက်တာ"

အလေးသွားတိုင်းသွေးပါလို့ ဆေးစစ်ရာမှ လိပ်ခေါင်းရောဂါအခြေအနေမှန်းသိရ၏။

မြူအတွက်ခြောက်လလိင်မဆက်ဆံဘဲနေရတာ ပြဿနာမဟုတ်ပေမယ့် ချစ်သူမြတ်မင်းအတွက်ခက်‌ခဲနိုင်သည်။

"မြူ အခြေအနေဘယ်လိုလဲ"

ဆေးခန်းအပြင်မှထိုင်စောင့်နေသော မြတ်မင်းက စိတ်ပူတကြီးမေးသည်။

"ဘာမှတော့မဖြစ်ပါဘူး... လိပ်ခေါင်းဖြစ်ချင်နေတာတဲ့"

"ဟမ်"

"ခြောက်လတိတိလိင်မဆက်ဆံရဘူးလို့ပြောတယ်"

မြတ်မင်းမျက်နှာတစ်ချက်မပြတ်ဘဲ

"ရှောင်ရမှာပေါ့ မြူ့ကျန်းမာရေးကိစ္စပဲ"

မြူကအားနာစွာနဲ့

"မင်းအတွက်အဆင်ပြေပါ့မလား"

"ပြေတာပေါ့ မြူဘာမှမဖြစ်ဖို့သာအဓိက... ကို့အတွက်တော့ စိတ်မပူနဲ့နော်"

ကြင်နာတတ်တဲ့အပြုအမူကြား မြူကြည်နူးမိသည်။

_________

မြတ်မင်းကနှာသမားမဟုတ်ပါ။ သို့သော် ချစ်သူအတွက်အမြဲတွေးပေးတတ်သည့်မြူအနေခက်လှသည်။

မြတ်မင်းစိတ်ထန်သည့်အချိန်တိုင်း မြူ့ကိုထိခိုက်မိမှာစိုးလို့ ရှောင်ထွက်သွားသည်ကို မြူမကြိုက်ပါ။ အတူရှိတဲ့ချိန်တိုင်း အနားကတစ်ခွာမှမခွာစေလို။

မြူနဲ့အရမ်းနီးကပ်မိလျှင် စိတ်ကြွတတ်သည်ကိုသိ၍ ‌တွယ်ကပ်မနေသည်ကိုလည်း မနှစ်လို။ စကားအပြောအဆိုလည်းပွင့်လင်းမှုမရှိလာတော့။

"မင်း"

"ပြောလေ မြူ"

"မြူ့ကိုချစ်သေးရဲ့လားဟင်"

"ချစ်တာပေါ့ မြူရဲ့"

"..."

မြူမျက်နှာမဲ့ပြသည်။

"ဘာဖြစ်လို့လဲ မြူ"

မြတ်မင်းလက်ကိုဆွဲယူ၍ ပါးပြင်ပေါ်တင်ကာ

မြူ ( Completed )Where stories live. Discover now