Final

1.3K 30 0
                                    

"တော်ပါတော့ကွာ အသည်းကွဲတာလည်းကွဲတာပေါ့ ကိုယ့်ကိုကိုယ်လည်းဂရုစိုက်ပါအုံး"

ဘီယာဘူးကိုဇွဲလက်ကဆွဲယူလိုက်သည်။

"ကိုကျော်ဘာသိလို့လဲ ကျွန်တော်ဘယ်လောက်ပဲကြိုးစားကြိုးစား မြတ်မင်းကကျွန်တော့်ကိုဂရုမစိုက်ဘူးဗျ"

"မင်းကိုဂရုမစိုက်တဲ့လူတစ်ယောက်အတွက် ဒီလောက်ထိဖြစ်ပျက်နေတာတန်တယ်လို့ထင်နေတာလား"

ကျော်လင်းအသံအနည်းငယ်ကျယ်သွားသည်။

"ဘာလဲ ကိုကျော်ကပါကျွန်တော့်ကိုငြိုငြင်ချင်တာလား ဟုတ်လား"

မူးရူးရူးနှင့်ကျော်လင်းကိုတွန်းထုတ်သည်။ ကိုယ့်ကိုယ်လည်းမနိုင်ဘဲ လဲကျသွား၏။ ကျော်လင်းပြန်ထူပေးကာ

"ဇွဲ မြတ်မင်းကိုတကယ်မေ့ပျောက်ချင်လား"

"မေ့ချင်တာပေါ့ဗျ ဖြစ်နိုင်ရင်သူ့ကိုမသိခဲ့တုန်းကလိုမျိုးပြန်ဖြစ်ချင်တယ် ဒါပေမယ့်..."

ပြွတ်

ဇွဲ၏နှုတ်ခမ်းသားကို‌တစ်ချက်စုပ်သပ်ပေးလိုက်သည်။

"ကျွန်တော့်ကိုဘာလို့နမ်းတာလဲ"

"မင်းပဲမြတ်မင်းကိုမေ့ဖျောက်ချင်တယ်ဆို"

ဇွဲလည်းမူးမူးနှင့်ခဏတွေဝေပြီး မေ့လိုမေ့ငြား ကျော်လင်းနှင့်အနမ်းပွဲလေးကျင်းပခဲ့သည်။

___________

"ဘာလို့မြူကမင်းနဲ့လမ်းခွဲချင်ရမှာလဲ"

"ဒါဆိုစာချုပ်ကဘာအတွက်လဲ ဟမ်"

"..."

မရှင်းပြခင်အသိစောခဲ့တာမို့ မြူ့မှာဖြေရခက်နေသည်။

"မြူ့မှာ‌ဖြေရှင်းပြစရာမရှိဘူးဆိုတော့ ကိုထင်တဲ့အတိုင်းပဲပေါ့... အေးလေ ကိုတို့လမ်းခွဲကြတာပေါ့"

ဟင်

"ဟင့်အင်း ဟင့်အင်း မြူလမ်းမခွဲနိုင်ဘူး မြူတို့ကြားမှာဘာပြဿနာမှမရှိဘဲ ဘာလို့လမ်းခွဲရမှာလဲ"

"လမ်းခွဲတယ်ဆိုတာပြဿနာတစ်စုံတစ်ခုရှိမှလား ဒါကြောင့်ဒီကိစ္စကိုဖန်တီးခဲ့တာလား ဟမ်"

မြူ ( Completed )Where stories live. Discover now