အခန်း(၁)

228 36 3
                                    

သူ့ရဲ့ဖြူသွယ်သွယ် လက်ချောင်းတွေဟာ စန္ဒယား ကီးဘုတ်များပေါ် တင်လိုက်လျှင်ပင် အလွန်တင့်တယ်နေသလို....

အကွေ့အကောက် များစွာဖြင့် စိတ်ရှုပ်စရာကောင်းလွန်းသော ဘဝကြီးအား စန္ဒယားတီးခြင်းဖြင့်သာ အဆင်ပြေစေလိုသည်။

စန္ဒယားတီးခြင်းကို အထုံပါသော ထိုသူသည် သံစဉ်များကို မြတ်နိုးသည်။
အေးချမ်းခြင်းကို မြတ်နိုးသည်။
မေတ္တာတရားကိုမြတ်နိုးသည်။

သံစဉ်များကိုမြတ်နိုးသူပီပီ သံစဉ်များကဲ့သ်ို့ ပင်ငြိမ့်ညောင်းသည်။ တိတ်ဆိတ်သည်။နားလည်ရလည်းခက်သည်။
နားထောင်မိလျှင်ပင် မရပ်တန့်ချင်သော သံစဉ်ကောင်းတစ်ပုဒ်ကဲ့သို့ပင် ထိုသူသည်လည်း ငြိတွယ်မိလျှင်ပင် ရုန်းမထွက်နိုင်လောက်သည်အထိ
ညှို့ယူအား ပြင်းလွန်းသည်။အထူးသဖြင့် စန္ဒယားတီးခတ်နေတဲ့ သူဟာ သက်ရှိသံစဉ်လေးကဲ့သို့ပင်....

ဖန်တီးလိုက်သော သံစဉ်များသည် နူးညံ့အေးချမ်းသော်ငြား ဆန့်ကျင်ဘက်အနေနဲ့ သက်ရှိသံစဉ်လေးသည် မာန်မာန အတော် ထွားသူပင်...

'ကင်မ်ဆော့ဂျင်'

စန္ဒယားပေါ်တွင် ယှက်ပြေးနေသော လက်ချောင်းများမှာ တိကနဲ ရပ်သွားပြီး နောက်သို့ တစ်ချက်မျှပင်လှည့်မကြည့်ဘဲ ဆက်ပြောဆိုတဲ့ ပုံစံနဲ့ ကင်မ်ဆော့ဂျင်က သူမအ‌ေပါ်နွေးထွေးမှု ဟူ၍တစ်စက်မှ မရှိသော အစ်ကိုပင်..သူမကို လျစ်လျူရှု ဂရုမစိုက်သော်လည်း သူမကို အစ်ကိုချစ်တယ်ဆိုတာ ခံစားမိသောကြောင့် အရေးတယူလုပ်၍ ခံစားမနေပါ။
.
.
.
ခေါ်ပြီး ဘာမှမပြောသော သူ့ညီမဖြစ်သူ
အား အရေးတယူလုပ်ပြီး မမေးဖြစ်....
မေးလည်းမမေးချင် တစ်ယောက်တည်း နေသားကျလာတဲ့အခါ အနားက ဘယ်သူနဲ့မှမပြောဆို မဆက်ဆံချင်တော့တာ အချိန်တစ်ခုပင် ရှိခဲ့ပြီ....

အင်း မေမေ သူ့ဘဝထဲက ထွက်သွားတဲ့ အချိန် ကတည်းက ဆိုပါတော့လေ....
အတွေးတို့အား ဖြတ်တောက်၍တီးလက်စ
စန္ဒယားကိုသာ ပြန်လည်တီးခတ်မည်အပြု....

'အဖေက ညစာစားဖို့ ခေါ်ခိုင်းလိုက်တယ်'

".."

Abyss JEON Where stories live. Discover now