အခန်း(၂)

142 31 9
                                    

ဖြောင်း ဖြောင်း ဖြောင်း

ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လက်ခုပ်သံတွေက တောင်ကိုရီးယားကထိပ်တန်းမှထိပ်တန်းဆိုတဲ့လူချမ်းသာတွေဆီကပင်။

ဘာလို့ ထိပ်တန်းလူချမ်းသာတွေလို့ပြောရတာလဲလို့မေးလာရင် ကင်မ်ဆော့ဂျင်ရဲ့ ပွဲမလို့ ကင်မ်ဆော့ဂျင်ဆိုတဲ့ထိပ်တန်း pianist ကိုယ်တိုင်ဖျော်ဖြေပေးတဲ့ပွဲမလို့။

ဒီလက်ခုပ်သံတွေဟာ ဆော့ဂျင်နဲ့သိပ်မစိမ်းလှ။

လူတိုင်းကိုသူမသိနိုင်ပေမဲ့ဒီ hall ထဲကလူတိုင်းကတော့ ကင်မ်ဆော့ဂျင်ဆိုတဲ့သူ့ကိုသိကြလိမ့်မည်။

ပွဲပြီးသွားပြီဖြစ်၍ အရိုအသေပေးကာ သူ backstage ကိုပြန်လာပြီး သက်သောင့်သက်သာရှိမဲ့အဝတ်အစားတစ်ခုခုကိုအမြန်ဆုံးလဲချင်နေပြီဖြစ်သည်။

သို့သော် သူဆန္ဒတွေမပြည့်ဝခဲ့ ထုံးစံအတိုင်း ကင်မ်ဆော့ဂျင်နဲ့မိတ်ဆက်ချင်သူ လုပ်ငန်းရှင်တစ်ချို့ အနုပညာရှင်တချို့က backstage မှာသူ့ကိုစောင့်မျှော်လို့နေသည်။

ထိုသူတွေအား ဟိုယဉ်ကျေးမှုမရှိသူကတားနေသည်ထင် ။

ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဆူညံနေသည်။

ဒါဟာ လူချမ်းသာတွေတဲ့...

သူ့ကိုတွေ့ဖို့ဆူညံနေတဲ့ဒီလူတွေက တောင်ကိုရီးယားရဲ့တကယ့်ထိပ်တန်းလူချမ်းသာတွေတဲ့..

သူထိုယဉ်ကျေးမှုမရှိတဲ့ bodyguard ကို ဖယ်ပေးဖို့အချက်ပြလိုက်တော့ စုပုံရောက်လာတဲ့လူတွေ

'ဖျော်ဖြေသွားတာတကယ်ကိုကောင်းပါတယ် Mr Kim'

'တကယ့်ကို ကောင်းတဲ့ဖျော်ဖြေမှုပဲဗျာ'

'အမယ်လေး Pianist Kim Seokjin ကိုခုလိုဆုံတွေ့ခွင့်ရတာမယုံနိုင်စရာပါပဲရှင်'

သူတစ်ခွန်းငါတစ်ခွန်းအပြိုင်ပြောရင်း ပေးလာတဲ့ပန်းစည်းတွေ..

တကယ်ကိုမွန်းကြပ်စရာတွေပါပဲ။

'ဂုဏ်ပြုပါတယ် ကင်မ်'

သူဒီအသံကိုသိတယ်...

'မမ'

တည်နေတဲ့မျက်နှာထားက သူ့ မမ ဆိုတာအတည်ပြုပြီးတာနဲ့ ပေါ်လာတဲ့အပြုံးတွေက ကင်မ်ဆော့ဂျင်နဲ့လိုက်ဖက်လွန်းလှသော်လည်း အလွန်ရှားပါးတဲ့မြင်ကွင်းတစ်ခုသာ..

Abyss JEON Where stories live. Discover now