အခန်း(၄)

110 23 1
                                    

မိုးနံ့သင်းသင်းလေးက ပြတင်းပေါက်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် တိုးဝင်လာသည်။

တခြားရနံ့တွေထက် မိုးနံ့ ပြီးတော့ မြေသင်းနံ့သူဒါတွေကိုတအားသဘောကျတာ။

စန္ဒယားလေးကိုအနားပေးထားတဲ့အခါ သူပြတင်းပေါက်ကနေ ခုလိုမျိုးအပန်းဖြေလေ့ရှိသည်။

လူတွေနဲ့သိပ်မပက်သက်ချင်လို့ အခန်းထဲမှာဒီလိုနည်းနဲ့ပဲ စိတ်ရောလူပါအပန်းပြေစေသည်။

တစ်ဖက်မှာက သူမြတ်နိုးရတဲ့ တေးဂီတသံတွေကိုမွေးမြူပေးတဲ့ စန္ဒယား တစ်ဖက်က သူ့အပန်းဖြေရာ လေနုအေးတွေဝင်ရောက်ရာ ပြတင်းတံခါး။

ဘဝရဲ့အိုအေစစ်လေးတွေပင်။

သို့သော ထိုအိုအေစစ်လေးတွေကို ပျက်စီးစေသူကား ထိုသူ...

ပြတင်းပေါက်ကလှမ်းမြင်နေရတဲ့ ခြံပေါက်ဝနားကနေ ဝင်လာတဲ့သူဟာ သူ့ကိုတွေ့သွားပုံရကာ နှုတ်ဆက်လာသည်။

သာယာနေတဲ့ရှုခင်းတွေကို အဘယ်ကြောင့်ဝင်ဝင်နှာက်နေကြပါသလဲ။

သူပြတင်းတံခါးကိုစွန့်ခွာလာရသည်။
မခွာရင်လည်း ဟိုလူက သူ့ကိုဆက်နှောင့်ယှက်နေမှာအမှန်ပင်။

ဒီတော့ သူ့မှာတခြားရွေးချယ်စရာမရှိတော့သည်မလို့ စန္ဒယားခုံကလေးမှာအသေအချာထိုင်လိုက်သည်။

ဘယ်ချိန်ဘယ်နေရာရောက်ရောက် ကင်မ်ဆော့ဂျင်ဆိုသူ စန္ဒယားခုံမှာနေရာအတည်တကျ ယူလိုက်လျှင် သင်အာရုံအားလုံးထိုသူ့ကိုမပေးဘဲ မနေနိုင်မှာတော့ သေချာသည်။

လက်ကောက်ကောက်လေးတွေ စန္ဒယားကီးဘုတ်ပေါ်ပြေးလွှားချိန်ကစလို့ဒီချိန်ကမ္ဘာပျက်သွားရင်တောင်သင်သိလောက်မည်မဟုတ်။

ပြေးလွှားသွားတဲ့ လက်ကလေးတွေရဲ့ပိုင်ရှင်ရဲ့မျက်နှာကလေးမှာ ပကတိဘာမှမလိမ်းထားသည့်တိုင်အောင် လှပလွန်းနေပြန်သည်။

ငြိမ့်ညောင်းလှတဲ့သာယာ‌နာပျော်ဖွယ် ဂီတသံတွေဖန်တီးသူဟာ လှပလွန်းပြန်သည်။

ကင်မ်ဆော့ဂျင်တို့များ အရင်ဘဝက ဘယ်လိုကောင်းချီ‌းတွေလုပ်ခဲ့လို ခုဒီ‌ေလာက်တောင်ပြီးပြည့်စုံနေရပါသလဲ။

Abyss JEON Where stories live. Discover now