Strawberry 🍓

788 66 0
                                    

""Strawberry Chocolate Vanilla အရသာ သုံးမျိုး ရှိပါတယ် ခင်မျ ဘာများသုံးဆောင်ချင်လဲ မသိဘူး""

""Chocolate တစ်ခွက် Vanilla တစ်ခွက် ကတော့နဲ့ ပေးပါ""

""ဟုတ်ကဲ့ ခဏလေး စောင့်ပါနော်""

ကျောင်းရှေ့မှာဖွင့်‌တဲ့ ရေခဲမုန့်ဆိုင် သေးသေးလေးဆီက ပါးဖောင်းဖောင်း ကောင်လေးရဲ့ လောကွတ်ချွေတဲ့အသံတွေကို ကြားနေရသည်။ ဂယူဘင်းတစ်ယောက် အဲ့ကောင်လေးကို သတိထားမိနေတာ ဆိုင်စဖွင့်ကတည်းကပင်။ ဘယ်လိုပဲ ကြည့်ကြည့် ကိုယ့်ထက်ငယ်တာတော့ အသိသာကြီးပါ။

ဒါပေမယ့် ဘာလို့ ဒီအရွယ်လေးနဲ့ ရေခဲမုန့်ဆိုင် လာဖွင့်နေလဲဆိုတာ စဉ်းစားလို့ မရ။ seven eleven တို့လို cafe တို့လို ဆိုင်မျိုးတွေမှာ part-time သွားလုပ်လည်း ရနေတဲ့ဥစ္စာ... အခုဟာက လမ်းဘေး ဆိုင်ပုကျိလေးနဲ့ ရေခဲမုန့်ထိုင်ရောင်းနေတာ။ ပိုပြီး ထူးဆန်းဖို့ကောင်းတာက ဆိုင်ပိတ်လို့ သိမ်းတဲ့အခါ သုံးတဲ့ကားကျ တကယ့် အကောင်းစား ကားကြီးနဲ့ ...

တကယ်က အဲ့မှာဝယ်စားဖူးချင်တာ... ဒါပေမယ့် ငယ်ငယ်ကတည်းက ရင်ကြပ်တတ်တဲ့သူမို့လို့ ချောင်းဆိုးစေမယ့် မုန့်အချိုတွေ တတ်နိုင်သမျှ ရှောင်ရသည်။ ဒါပေမယ့် တစ်ရက်တော့ အဲ့ဆိုင်ကို သွားဦးမှပါ...

××××××××××

ယူဂျင်းချစ်တဲ့ကိုကိုနဲ့နီးစပ်ဖို့က ဒီနည်းကလွဲလို့ ကျန်တာ မရှိတော့ဘူး ကိုကိုလို့ခေါ်တာက နာမည်မသိလို့လေ ရုပ်ပဲမြင်ဖူးတာ ကျောင်းပဲသိတာ ယူဂျင်းက အခုမှ အထက်တန်းပြီးခါစ တက္ကသိုလ်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းကာလဆိုတော့ ကိုကိုရှိတဲ့ ကျောင်းဝန်းထဲ အတင်းဝင်လို့လည်း မရပြန် အဲ့တော့ ကြံရာမရ သူတို့ကျောင်းရှေ့မှာပဲ ရေခဲမုန့်ဆိုင်သွားဖွင့်ပေးလိုက်တယ် အေးရော ဟိဟိ

ဆိုင်ဖွင့်ဖို့ကိုတော့ အိမ်ကို အတင်းပူဆာလိုက်ရတာပေါ့ဗျာ

အဲ့တော့ ကိုကို ကျောင်းဝင်တာ ကျောင်းထွက်တာ က အစ မြင်ရပြီ‌လေ ရေခဲမုန့်ဆိုင်ဖွင့်ဖြစ်သွားတာကကျ ယူဂျင်းက ရေခဲမုန့်ကြိုက်လို့ပါ မနက်ဖြန်ဆို ဆိုင်ဖွင့်တာတောင် 5 ရက်တောင် ပြည့်ပြီ ဆိုင်ဘေးနားတော့ မကြာမကြာတွေ့ဖြစ်ပါရဲ့ ကိုကိုက အခုထိတောင် လာဝယ်မစားသေးဘူး

ကံကောင်းတာလား ပျော်ရမလားပဲ ကိုကို့သူငယ်ချင်းလို့ ထင်ရတဲ့သူနဲ့အတူတူ ကိုကိုပါ ဒီနေ့ဆိုင်ကို ရောက်လာတယ်

""ဘာမှာမလဲ ခင်မျ Strawberry Chocolate Vanilla ရှိပါတယ်""

""Strawberry တစ်ခွက် ဒီခွက်နဲ့ပေးပေးပါ""

""ဒီဘက်က‌ ဘာမှာဦးမလဲ ခင်မျ""

ကိုကို့ဘက်ကို လှမ်းမေးလိုက်သည်။ ဒါဟာ ကိုကို့အသံကို ဒုတိယအကြိမ်မြောက် ကြားရခြင်းပါပဲ

""ကိုယ်က တော်ပြီ မစားတော့ဘူး""

အော် ဘာလို့လဲ ကိုကိုရယ် ရေခဲမုန့်လေး တစ်ခွက်ထဲဟာကို... လက်တောင်ခါပြပြီး ပြောလိုက်သေး ... စကားမစပ် ကိုကို့အသံက တအား နားထောင်လို့ကောင်းတာပဲ ဩရှရှ အသံနဲ့ ရင့်ကျက်တဲ့လေယူလေသိမ်းတွေပါ ပေါင်းထားတာမျိူး

""ဟုတ်ကဲ့ ခင်မျ ခဏလေးပါနော်""

ကိုကိုတို့ အချင်းချင်း စကားလှည့်ပြောနေတာမို့ ယူဂျင်းလည်း ရေခဲမုန့်ကိုသာ ငုံ့ခပ်နေမိသည်။

""ဟန်ယူဂျင်း!!!!!!!!""

""ဟမ်?""

""ငါ့ကိုလည်း တစ်ခွက် ထုံးစံအတိုင်း ချောကလက်""

ကျောင်းတက်တုန်းက သူငယ်ချင်းမရဲ့ အသံ
‌အဝေးက ပြေးလာကတည်းက ယူဂျင်းနာမည်ကို အာပြဲနဲ့ ခေါ်ပြီးကို လာတာ သူ့အိမ်နဲ့ အခုဆိုင်က နီးတာလည်း မဟုတ် အဲ့တာကို ရောက်ဖြစ်အောင် ရောက်လာသေးတယ် ... ဘယ်လို သူငယ်ချင်းမလည်း မသိ

××××××××××

နာမည်က ဟန်ယူဂျင်းတဲ့လား

TBC 🔜

Strawberry Chocolate Vanilla Ice-Cream [Completed]Where stories live. Discover now