""ကျွန်တော်က အစ်ကိုတို့ ကျောင်းရှေ့က ရေခဲမုန့်ဆိုင်ကပါ ခင်မျ ပုံတွေ like ပေးထားတာ တွေ့လို့ပါ မနက်က လာတဲ့အစ်ကိုမဟုတ်လား""
နေပါဦး မဟုတ်သေးပါဘူး စာအရှည်ကြီး ရေးစရာ လိုလို့လား ပြန်ဖျက်လိုက်ဦးမယ် ဒီတိုင်း ဟိုင်း ခင်ချင်လို့ပါ ဆိုပြီး သမားရိုးကျနည်းပဲ ပို့လိုက်ရမလား ဟာ အဲ့တာလည်း မဟုတ်သေးပါဘူး
စဉ်းစားနေရင်းမှာပဲ ကိုကို့ရဲ့ story တက်လာသည်။ story မှာလေ ကိုကိုက guitar တီးနေတာ သိလား တအား မိုက်လွန်းလို့ ကြိုက်လွန်းလို့ အခုချက်ချင်းပဲ ပြေးပြီး ဖက်ထားလိုက်ချင်တယ်
မဟုတ်သေးဘူး ဟန်ယူဂျင်း စိတ်ထိန်း စိတ်ထိန်း ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်လေ အချစ်ရူးသမားလေး လုပ်မလို့လား ဟာ.. မသိတော့ဘူး ကိုကိုနဲ့ဆို အချစ်ရူးဖြစ်ဖြစ် အချစ်မူးဖြစ်ဖြစ် ဘာကြီးဖြစ်နေနေ ကိုကို့ကို ရူးရူးမူးမူးချစ်နေတာတော့ လုံးဝဥဿုန် အမှန်တရားပင် ဖြစ်သည်
"Woww" ဆိုတာလေးပဲ reply ပြန်လိုက်တယ် ကျွန်တော် တော်တယ်မလား ပြီးမှ စကားလည်း ဆက်ပြောလို့လည်း ရအောင် ကျွန်တော်ကြိုက်နေတာလည်း မသိသာအောင် ဟိဟိ
×××××××××××
Woww
အာ ရေခဲမုန့်ဆိုင်က ကောင်လေးပဲ
ဟုတ်ကဲ့ ခင်မျ အစ်ကိုလည်း မနက်က ဝယ်သွားတယ် ထင်တယ်နော်
အင်း ဆိုပါတော့
ဒါနဲ့ အစ်ကို ဂီတာ တီးတာ တကယ်ကောင်းတယ် သိလား
အာ မဟုတ်တာ ကျေးဇူးပါ
ဟုတ် ဟုတ်
...
ကျွန်တော် ဘာဆက်ပြောရမလဲဟင်
message က ပို့သာပို့နေတာ စကားအမှားပါသွားမှာစိုးလို့ မနည်းထိန်းပြောနေရတယ် အခုလည်း ဟိုကောင်လေးက ဟုတ်ဟုတ် ဆိုပြီးပြောတော့ ကျွန်တော် ဘယ်လို ဆက်ပြောရမလဲ မသိတော့ဘူး ငိုချင်လာပြီဗျာ
တော်ပြီ မထူးတော့ဘူး အချစ်ဆိုတဲ့အရာမှာ ရိုးသားမှုက နံပါတ်တစ်ပဲတဲ့ အရင်က သူ့ကို တွေ့ဖူးတာတွေ ပြောလိုက်တော့မယ်
YOU ARE READING
Strawberry Chocolate Vanilla Ice-Cream [Completed]
FanficGyuvin × Yujin written by Burmese A/N : Plot က ဘာမှထွေထွေထူးထူးရယ်လို့ မရှိပါဘူး ငိုရတာတွေ လွမ်းရတာတွေ မပါဘဲ ခေါင်းစဉ်ထဲကအတိုင်း ချိုချိုအေးအေး ice cream လေးလို romance ပုံစံ အပိုင်းတို fic လေးပဲ ရေးဖြစ်သွားတာပါ ရေးထားတာ မကြိုက်ရင်လည်း Gyujin ကို...