▪︎ 3 ▪︎

258 34 4
                                    

သတို့သား အင်​ဂျောင်ဟွန်း ၊ သတို့သမီး ပတ်ဆယ်မီ ဆိုတဲ့ လက်ထပ်ပွဲအကြီးအစားတစ်ခု ကျင်းပရာ​နေရာတစ်ခုဖြစ်တဲ့ အဆင့်မြင့်ဟိုတယ်တစ်ခုကို သူ​ရောက်​နေတယ်။ လက်ထပ်ပွဲပါအပါအဝင် လာကြတဲ့သူ​တွေကလည်း ​အထက်တန်းလွှာကလူ​တွေဖြစ်ကြပြီး မြင်​နေရသမျှအရာ​တွေကလည်း သူ့မျက်လုံး​တွေကို ဝိုင်းစက်သွား​စေတယ်။

ကိုကို​ခေါ်လာတဲ့ ကိုကို့သူငယ်ချင်းရဲ့လက်ထပ်ပွဲကို ​ဂျောင်ဝန်းပါ အပါ​ရောက်​နေခြင်းဖြစ်တယ်။ အပြင်က​နေသာမြင်ဖူးခဲ့တဲ့ ဆိုးလ်ရဲ့ Top1 ဟိုတယ်ကြီးကို ယခုမှသာ ​ရောက်ဖူးခြင်းသာ။ ​ဂျောင်ဝန်းရဲ့တစ်လက်လက်​တောက်ပ​နေတဲ့ မျက်ဝန်း​တွေနဲ့အတူ ​မေးခွန်း​ပေါင်းများစွာကလည်း ​ခေါင်းထဲယူထား၏။

" ​ဂျေး .. "

ထိုအသံ​ကြောင့် ​ဂျောင်ဝန်း​ရော ဂျုံ​ဆောင်း​ရောလှည့်ကြည့်လိုက်​တော့ ​ဆောင်းဟွန်း။

" မင်း​ရောက်လာပြီလား ငါတို့လည်းအခုမှ​ရောက်တာ "

" အင်း ငါသွား​လိုက်ဦးမယ် "

​ဆောင်းဟွန်း​ဟျောင်းက သူတို့အနားကို​ရောက်​ရောက်ချင်းပဲ ကိုကို့ပုခုံးကိုပုတ်ကာ stage ​ပေါ်က ပီယာနိုဆီကို ​နေရာသွားယူပြီဖြစ်သည်။  ပွဲကိုလာတဲ့သူ​တွေထဲက စီးပွား​ရေးဖက်​တွေ​ရော မီဒီယာ​သမား​တွေကပါ ​ဆောင်းဟွန်းရဲ့ပုံ​တွေကို အသည်းအသန်ရိုက်ယူ​နေကြတယ်။ ထိုအခါ ​ဂျောင်ဝန်းမှာ ပါးစပ်အ​ဟောင်းသားပင်။ ​ဆောင်းဟွန်းနာမည်ကြီးတာသိ​ပေမယ့် ဒီ​လောက်အထိ​တော့မထင်ထားပါ။ ​ဂျောင်ဝန်းကပဲ ဒီ​လောကထဲ​သေချာမသိတာလားဆိုတာ မ​ပြောတတ်​တော့ပါဘူး။

သို့​ပေမယ့် ​ဆောင်းဟွန်းကိုအနီးကပ် ကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်မှာ​တော့ ​ဂျောင်ဝန်းအ​တွေးထဲဝင်လာတာက တစ်ခုပဲရှိမည်။ ထိုအရာက​တော့

​ဆောင်းဟွန်း​ဟျောင်းက အရမ်းကို​မှချောသည်ဟူ၍ ။

▪︎

မကြာမီမှာပဲ လက်ထပ်ပွဲဟာစတင်ပြီဖြစ်သလို သတို့သားနဲ့သတို့သမီးကလည်း ကတိဝတ်ပြု​နေကြ​လေပြီ။ ထိုအခါ ပီယာနိုကိုကျွမ်းကျင်စွာတီးခတ်၍ ဂုဏ်ပြုသီချင်းဆို​ပေး​နေတဲ့ ​ဆောင်းဟွန်း​ဟျောင်းက တစ်ချက်တစ်ချက် ဂျောင်ဝန်းကိုကြည့်​​နေခဲ့ပါတယ်။ အကြည့်ချင်းဆုံတိုင်းလည်း ​ဂျောင်ဝန်းဘက်ကပြုံးပြ၍သာတုံ့ပြန်​ပေမယ့် ​ဆောင်းဟွန်း​ဟျောင်းက ထူးဆန်းသည် ​ဂျောင်ဝန်းဆီက လုံးဝအကြည့်မလွှဲခဲ့သလိုခံစားချက်မျိုးနှင့်။

𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆Where stories live. Discover now