နေခြည်ရဲ့ အလံနီများ (၃)

288 33 0
                                    

အလံနီ (၃)

နေခြည့်စိတ်ဟာ အစိုးမရဘူး။

*****

နေခြည်က ကလေးဆန်ပါတယ်။ လူကြီးလိုလည်း ရင့်ကျက်တတ်တယ်။ ဆိုးတတ်နွဲ့တတ်၊ ချွဲတတ်ဖွဲ့တတ်တယ်။ ဆူတတ်ငေါက်တတ်ပြီး အပြစ်ဒဏ်လည်း ကောင်းကောင်းပေးတတ်တယ်။

နေခြည် စိတ်ပျော်နေရင် အရာရာက အေးချမ်းသာယာပြီး နေခြည်စိတ်မကြည်ရင် ပတ်ဝန်းကျင်ဟာ တိမ်ဖုံးတဲ့ ကောင်းကင်လို အုံ့မှိုင်းတယ်။

သူ့ရဲ့ ဒီအပြောင်းအလဲတွေက အမွန့်ကြောင့်လို့ သူကပြောတယ်။ နှစ်ယောက်တည်း ရှိနေတဲ့အခါ သူက ချစ်စရာအကောင်းဆုံး လူသားဖြစ်ပြီး ဒီလိုရှိနေတုန်း အမွန့်ဆီ တခြားတစ်ယောက်ခေါ်တဲ့ ဖုန်းတစ်လုံး ဝင်လာခဲ့ရင်၊ တခြားတစ်ယောက်က စကားလာ‌ပြောခဲ့ရင် သူ့မျက်နှာထားက လုံးဝ တင်းမာသွားတတ်တယ်။

အဲ့လိုဖြစ်ပြီး အမွန့်ကို ပြောသမျှ စကားတိုင်းကလည်း အရွဲ့အစောင်း၊ အထေ့အ‌ငေါ့တွေ ပါလာပြန်​ရော။ လူတွေကို စကားကောင်းကောင်း မပြော‌တော့ဘူး။ ပစ္စည်းချရင်တောင် အသံကျယ်ကျယ် မြည်အောင်ချပြီး အမွန့်ကို မကြည်ကြောင်း အပြုအမူတွေနဲ့ သတိပေးတော့တာပဲ။

ဒါ​ကြောင့် အမွန်ဟာ တစ်​ယောက်​ယောက်နဲ့ ​ပြောဆိုဆက်ဆံစရာ ကိစ္စတစ်ခုရှိလာရင် ပတ်ဝန်းကျင်ကို အရင်လှည့်ပတ်ကြည့်မိတယ်။

​နေခြည်များ ရှိ​နေမလား၊ ​နေခြည်များ တစ်​နေရာရာက​နေ ​​စောင့်ကြည့်​နေမလား၊ တကယ်လို့ မ​တော်တဆ ​နေခြည်​တွေ့သွားရင်​ရော။

အမွန်ဟာ ​နေခြည့်ကိုကလွဲရင် ကျ​န်တဲ့လူ​တွေအ​ပေါ် မရိုးမသားစိတ် ​သေး​သေးက​လေး​တောင် မရှိပါ။ ဒါ​ပေမယ့် လိုအပ်လာလို့ အဲဒီလူ​တွေနဲ့ ပတ်သက်ဆက်နွယ်ရရင်​တောင် ​နေခြည့်အ​ပေါ် အပြစ်လုပ်ထားသလို ခံစားမိတယ်။

မ​နေနိုင်လို့ စိတ်က ဒီလူ၊ ဒီလူနဲ့ စကား​ပြောမိ​​ကြောင်း၊ ဒီအ​ကြောင်းအရာနဲ့ ပတ်သက်ပြီး ​ပြောဆိုခဲ့တာဖြစ်​ကြောင်း အမှန်အတိုင်း ဖွင့်ဟဝန်ခံမိရင် ​နေခြည်ဟာ အစပိုင်း​တော့ ​ခေါင်းတငြိမ့်ငြိမ့်နဲ့ ​အေး​အေး​ဆေး​ဆေး နား​ထောင်တယ်။ ​ပြောပြ​ပေးလို့ ​ကျေးဇူးတင်​ကြောင်း​ပြောတယ်။ ဒါ​ပေမယ့် ဘယ်​လောက်မှ ကြာကြာမခံပါဘူး။ မသိမသာနဲ့ ကြုံရင်ကြုံသလို စကားနာ ထိုး​တော့တာပဲ။

မ​ကောင်းတဲ့လူ​တွေလို အမွန့်ကို သူများနဲ့ ​ပေးစားတာလည်း မဟုတ်ဘူး​နော်။

ဒါ​ပေမယ့် အမွန်​ နေရခက်​အောင်၊ အပြစ်လုပ်ထားသလို ခံစားမိ​အောင်​တော့ သူ အမြဲလုပ်တတ်ပါတယ်။

The Red Flags of Nay ChiWhere stories live. Discover now