Love-bird

42 1 0
                                    

Unicode

"ဝေ့ လောင်စန်း! အလုပ်စလို့ရပြီ!"

ကားပျက်ဟောင်းတစ်ခုပေါ်တွင် မြက်ရိုင်းပင်ကိုက်လျက် လက်ပေါ်ခေါင်းတင်အိပ်နေသူက ချက်ချင်းထထိုင်ကာ ခေါ်သံဘက်ကြည့်လိုက်သည်။

ကျင့်ထုန်က လက်တစ်ဖက်မှာ ပေါက်ပြားကိုင်လျက်၊ ကျန်လက်တစ်ဖက်က မော့စန်းမေ့ကိုလက်လှမ်းပြနေတယ်။

မော့စန်းမေ့အနားရောက်လာတဲ့အခါ ကျင့်ထုန်က...။

"ငါ့မိန်းမက အလောင်းကိုပြင်ဆင်ပြီးသွားပြီ၊ ငါတို့အလုပ်စကြမယ်"

"အမ်"

မော့စန်းမေ့က ကျင့်ထုန်လက်ထဲကပေါက်ပြားကို လွှဲယူကာ ကျင့်ထုန်နဲ့အတူ မြေမြုပ်နေရာသို့ ထွက်လာခဲ့သည်။

ခက်ခဲတဲ့အလုပ်တွေထဲ အလောင်းတွေ မြေမြုပ်ရတဲ့အလုပ်ကလည်း ထင်သလောက်တော့ မလွယ်ပေ။ ဘေးလူတွေအမြင်မှာတော့ မြေတူး၊ မြေမြုပ်ပေး၊ မီးသဂြိုလ်ပေးတာလောက်ပဲ ထင်နေကြတာ တကယ့်တကယ်မှာတော့... အလောင်းကိုဖက်တွယ်ပြီး ငိုနေတဲ့သူကို ဖျောင်းဖြရသည်၊ ငိုနေရင်း အမောဖောက်လို့ တက်လို့ ဆေးရုံကိုချီပို့သယ်ပေးရတာတွေလည်း ရှိသေးသည်။ အချို့ကလည်း ပြီးပြီးရောဆိုကာ ပိုက်ဆံ၊ အလောင်းနဲ့နာမည်ကဒ်ကိုပစ်ပေးခဲ့ပြီး လိုက်မပို့သူတွေလည်းရှိလေသည်။ ထိုအခါ သူတို့က မီးသဂြိုလ်ထားတာကို ပင်လယ်ထဲပစ်ပေးခြင်းနဲ့ နောက်ဘဝကောင်းစားဖို့ ငွေစက္ကူတွေမီးရှို့ပေးရသည်။ အလောင်းပြင်ခြင်းကိုတော့ ကျင့်ထုန်ရဲ့မိန်းမ ကျဲနျန်က လုပ်သည်။

သေလူနဲ့ပတ်သက်တဲ့ ငိုယိုနေတဲ့သူတွေကိုတော့ ကျင့်ထုန်ကကိုင်တွယ်ပြီး မော့စန်းမေ့ကတော့ မြေမြုပ်၊ သဂြိုလ်တာကို အဓိကလုပ်ကိုင်သည်။

ယနေ့ မနက်ခင်းမှာ အဘွားတစ်ယောက်ရဲ့အလောင်းကို ရဲစခန်းဖုန်းဆက်လို့ နေအိမ်မှသွားခေါ်လာပြီး ပြင်ဆင်မြေမြုပ်ပေးနေခြင်းဖြစ်သည်။ ဆွေမျိုးတွေကို ဖုန်းဆက်မရတာကြောင့် မော့စန်းမေ့တို့က အစစအရာရာ တာဝန်ယူလုပ်ပေးရလေသည်။

မော့စန်းမေ့ အလောင်းကိုမြေမြုပ်ပေးနေချိန် ဖြစ်သည်။

ရုတ်တရက် ခြောက်နှစ်အရွယ် ကလေးမတစ်ယောက်က မြေဖို့နေတာမို့ ကုန်းလျက်ရှိနေတဲ့ မော့စန်းမေ့ရဲ့ဖင်ကို တုတ်တစ်ချောင်းနဲ့ရိုက်ကာ အော်ပြောနေသည်။

MY DONATION COLLECTION ><Where stories live. Discover now