part (3)

67 2 0
                                    

အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (3)
------------------

"ကိုကြီး ဘာဖြစ်နေတာလဲ"

ကလေးတစ်ယောက်လို တရှုံ့ရှုံ့ငိုကာ အခန်းထဲက ထွက်သွားသည့် လှိုင်းကို လိုက်ကြည့်နေမိပြီးမှ အထူးအဆန်းတွေလုပ်နေသည့် ကိုကြီးဘက်ကိုလှည့်၍ နှင်းဆီ မေးလိုက်မိသည်
ကိုကြီးက လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ဘယ်တုန်းက စိတ်ဝင်စားတတ်သွားတာလဲ

"အဲ့လောက်တန်ဖိုးမဲ့နေတော့ ကြည့်ရအဆင်မပြေဘူး"

နှင်းဆီကို ပြန်ဖြေနေခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ရဲ့ မနှစ်မြို့မှုကို ထုတ်ဖော်ပြသနေသလိုရှိသည့် ကိုကြီးစကားကြောင့် နှင်းဆီ မဲ့ခနဲပြုံးလိုက်မိပြီး

"လှိုင်းက တန်ဖိုးမဲ့နေတယ်ဆိုရင် ကိုကြီးနားမှာ တွယ်ကပ်နေရတဲ့ နှင်းဆီကတော့ လုံးဝအမှိုက်သက်သက်ပဲနေမှာ"

အရွဲ့တိုက်စကားဆိုလိုက်မိသည်
ကိုယ်ဟန်ပြမော်ဒယ်နဲ့ ပန်ချီဆရာအဖြစ်တွေ့ဆုံခဲ့ကြသည့် သူမတို့နှစ်ယောက်မှာ
နှင်းဆီကသာ တဖက်သတ်ကြိုက်ရ မြူစွယ်ရနဲ့ နောက်ဆုံး အတူနေတဲ့အဆင့်ထိ ရောက်ခဲ့ကြပေမယ့်
သူမပေါ် ခံစားချက်နဲနဲမှတောင် ထုတ်မပြဖူးတဲ့ကိုကြီးက တခြားသူတွေနဲ့တော့ သူမလိုပက်သက်မှုမျိုးပင်မရှိခဲ့တာကြောင့်
ငါ့တစ်ယောက်တည်းကိုပဲရွေးချယ်ခဲ့တာပါလို့ ဖြေသိမ့်ပြီး နားလည်ပေးဖို့ကြိုးစားခဲ့ရသည်
ထွက်မသွားနိုင်ခဲ့သည့် သူမက တွယ်ကပ်နေခဲ့လို့ ဒီအချိန်ထိ အတူရှိနေခဲ့တာဖြစ်ပေမယ့်
သူမထွက်သွားရင်တောင် ဂရုစိုက်မှာ မဟုတ်တဲ့ ကိုကြီးအတွက်တော့ သူမဖြစ်တည်မှုက အမှိုက်တစသာသာပဲ မဟုတ်ပါလား
တွေးကြည့်ရင် လှိုင်းအဖြစ်ကတောင် သူမလောက်ဆိုးမှာမဟုတ်

"အခုကိစ္စနဲ့ မင်းနဲ့ငါ ပက်သက်မှုက
ဘာဆိုင်လို့လဲ."

"ဆိုင်တာပေါ့ အဝတ်လျှော်ပေးရုံနဲ့ လှိုင်းက တန်ဖိုးမဲ့သွားတယ်ဆိုရင်
ကိုကြီးနားမှာ ကပ်တွယ်နေတဲ့ နှင်းဆီက အမှိုက်လောက်တောင် တန်ဖိုးရှိပါ့မလား"

မတူညီတဲ့အကြောင်းအရာနှစ်ခုကို နှိုင်းယှဉ်နေပြန်သည့် နှင်းဆီကြောင့်

အချစ်ဖြင့် ခြယ်မှုန်းသော (bl) completedWhere stories live. Discover now