သူစိမ်းတို့ရဲ့အလယ်မှာ

2.2K 38 0
                                    

(၁၄)

""ဒါနဲ့ ဘာကြောင့်!! အဲ့တစ်ယောက်က မမငယ်အတွက် ဘယ်လောက်တောင်အရေးကြီးနေလို့လဲ""

ကြည့်လက်စ စာအုပ္ကို စားပွဲပေါ်မှာ အသာအယာချပြီး ခုံမှာဝင်ထိုင်ရင်း မမငယ္ကိုသာ သူ အကဲခတ်နေမိသည်။ မမငယ်ဟာ ထိုလူနှင့်ပတ်သပ်ပြီး တစ္ခုခုကို စိုးရိမ်ပူပန်နေတယ်ဆိုတာ ကြည့်ရုံနှင့် တန်းသိပါသည်။ ဒိုး တဲ့လား။ ယောက်ျားလေးနာမည်ပဲ။ မမငယ္ဆီမွ ဘာသံမှထွက်မလာသေးပေ။ ထို့ကြောင့် စာအုပ္ကို လက်ညိုးဖြင့် ထောက်လှည့်ရတာ အကျင့်ပါနေပြီမို့ တဝီဝီမြည်အောင်ကို လှည့်ကစားနေမိ၏။ မဝင်ရတာကြာပြီဖြစ်သည့် စာကြည့်ခန်းက ဖုန်တွေတောင်ပြည့်နေရှာပြီ။ ဘယ္သူမွ သတိမထားကြတာ ဘယ်လောက်သိသာလိုက်သလဲ။

"'အင်း အရေးကြီးတယ် အခုဆိုရင် သူဝေးဝေးမရောက်လောက်သေးဘူး မောင်ငယ် လူလွှတ်ပြီးရှာပေးပါလားကွယ် နော်"'

""သူကအိမ်တော်က လူပဲလား""

"'အင်း မမငယ်ရဲ့ လူယုံပါ မနေ့ကမှ ထြက္သြားတာ မှီပါသေးတယ်"'

""အဟန့် ဟန့် အဲ့ယောက်ျားက ဘယ်သူမို့လို့ စိတ်ပူနေတာတုန်း မမငယ်ရဲ့""

"'အဲ....."'

ချောင်းကို လုပ်ဆိုးနေပြီး အကဲစမ်းကာ မေးလာသည့် မောင်ငယ့်အပြောကြောင့် ရတနာ မဖြေတတ်ဖြစ်ရသည်။ ထို့ကြောင့် နားထင်ကို လက်မဖြင့်ခြစ်ရင်း အကြောင်းပြချက်ပေးနိုင်ဖို့ ဉာဏ်ထုတ်ရပြီ။ သက်ဆိုင်နေတယ်လို့ပဲ ပြောရမလား။ လိမ္ညာထားတာပဲ ကောင်းမလား။ သို့ပေမယ့် ချစ်သူဟုပြောဖို့ရာ သူက ရတနာ့ကိုမွ မချစ်ပဲ။ မချစ်လို့သာ သွေးအေးအေးနဲ့ ထားပစ်သွားခဲ့ခြင်းလေ။ အဲ့တာကိုမ်ား မိမိသည် သူ့လိုလူကို မမုန်းနိုင်ပဲ စိုးရိမ်နေမိတာပါ။ ခက္တာပဲ။ မောင်ငယ်တော့ ရိပ်မိသွားဦးမယ်။

""မမငယ်!! ဟေ့ မမငယ်.....""

"'အာ.... ပြော ပြောလေ မောင်ငယ်ရယ် လန့်တာ"'

""ဟွန့် အဲ့မွာ ချစ်သူအကြောင်းပဲတွေးနေ""

"'အောင်မယ် ရှင်လေးကျ မိန်းမပါတစ်ခါတည်း ယူလာတာကေကာ"'

""ဟာ!! အဲ့တာက မတော်တဆကြောင့် ယူလာရတာပါ မမငယ်ရဲ့ သိရဲ့သားနဲ့""

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Opowieści tętniące życiem. Odkryj je teraz