🅿🅰🆁🆃 - 29

872 119 17
                                    

[Unicode]

// Black and white //

사랑은 사랑할수록 더 아프더라
အချစ်ဆိုတာ ချစ်လေ ပိုနာကျင်ရလေပဲ~

찬란한 그대의 아름다운 이름
ဒါပင်မယ့် တောက်ပတဲ့ မင်းရဲ့ လှပတဲ့အမည်နာမလေးကို

아리운 내 마음 깊은 곳에 새겨본다
နာကျင်နေတဲ့ ကိုယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ကဗျည်းထိုးထားမယ်~

새겨본다 ( ကဗျည်းထိုးထားမယ်)

ဟိုးအနက်ရှိုင်းဆုံးနေရာမှာ

ထာ၀ရအတွက်

မင်းကို

သိမ်းဆည်းထားမယ်~

နာကျင်နေရင်တောင်

မင်းက ပျော်နေရမယ်

မဖြစ်နိုင်ဘူးဆိုပင်မယ့်

နာကျင်မှုတွေ အတိုင်းသားမြင်နေရတဲ့

မင်းမျက်၀န်းတွေကို

အနမ်းတွေနဲ့

ထာ၀ရ ပိတ်ဆို့ထားမယ်

မျက်၀န်းတွေ ပြန်ဖွင့်ချလာတဲ့အခါ

အကုန်လုံးကို ထားခဲ့ပြီး

ဘ၀အသစ်နဲ့

မင်းကပျော်နေ‌ေပးပါ

~~~~~~~~~~~~~~
"သွား~~"

တစ်စုံတစ်ယောက်ရဲ့ ခပ်တိုးတိုးရေရွတ်သံအဆုံး တစ်စတစ်စ ပိုလင်းလက်လာတဲ့ အစိမ်းရောင် ဝိညာဉ်လိပ်ပြာလေးတွေဟာ ကုတင်တစ်ခုပေါ်က ကောင်လေးရဲ့ဘေးပတ်လည် ဝန်းရံလို့ ပျံ့သန်းလျက်။

အဲ့နောက် စွမ်းအင်ပိုင်ရှင်ကောင်လေးရဲ့ လက်ညိုးထိပ်‌ေလးမှ အစိမ်းရောင် လိပ်ပြာလေး နောက်တစ်ကောင်ထွက်ပေါ်လာပြန်တယ်။ သေချာကြည့်မယ်ဆို ထိုလိပ်ပြာလေးက အစိမ်းရောင်တစ်ခုတည်းမဟုတ် ဝိညာဉ်အတောင်ပံမှာ ခရမ်းရောင်ပါ အလင်းတန်းပါ ရောယှက်နေတယ်။

ထိုသို့ အနုမြူလို လင်းလက်နေပြီး ထူးခြားနေတဲ့ အရောင်နဲ့ လိပ်ပြာလေးက ကုတင်ပေါ်က ကောင်လေးရဲ့ လက်ဖမိုး ဖြူဖြူပေါ် နားခိုလို့မကြာခင်ပါပဲ ကောင်လေးရဲ့ လက်ဖမိုးသွေးကျောမှတစ်ဆင့် ကိုယ်တွင်းအား စီး၀င်သွားတယ်။

//𝙱𝙻𝙰𝙲𝙺 𝙰𝚗𝚍 𝚆𝙷𝙸𝚃𝙴 //        ( 𝓪𝓵𝓹𝓱𝓪 𝓪𝓷𝓭 𝓞𝓶𝓮𝓰𝓪)Where stories live. Discover now