🅿🅰🆁🆃 - 12

1.1K 146 28
                                    

[Unicode]

ပူပူနွေးနွေးလေးရည်စားဘ၀တွင် ထယ်ယောင်းသည် projectအတွက် ပြင်ဆင်ရတဲ့ နေရာကို သွားလျှင် ဂျောင်ဂုထံ အိမ်ကနေ သွားခေါ်ရတာနဲ့ ၊အပြန်ကြရင်လည်း အိမ်အထိလိုက်ပို့ရတာနဲ့ ။ ဒါ့အပြင် ညကြီး အချိန်မတော် ခိုးခိုးတွေ့ကာ မတွေ့ဘဲမနေနိုင်ဘူးဟု ပြောရတာနဲ့ ။အမြဲ နမ်းချင်ရတာနဲ့။ ရန်ခုန်သံတွေ ဗလောင်းဆန်သည်ထိ ရိုကြသည်။ ကျီစယ်ကြသည် ။

ဒီလိုနဲ့ projectရက် ကုန်ဆံုးပြီး အားလုံး အတန်းချိန်မှန်မှန် ကျောင်းတက် ရမယ့်ရက်ရောက်တဲ့အခါ ထယ်ယောင်းသည် အရင်လိုပင် ဂျောင်ဂုအား ၀င်ခေါ်ကာ ကေ‌ျာင်းသို့သွားသည် ။ လက်တွဲကာ အချင်းချင်း စနောက် ရယ်မောရင်း ကျောင်း၀န်းထဲ ၀င်လာသော သူတို့နှစ်ယောက်သည် ကောင်လေးနှစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာတော့ အရာရာဟာ ရပ်တန့်ကုန်သည်။

"ဂျီဂျီ"

"တောက်ခ်!"

"ဂျီဂျီ ဂျီဂျီ!"

"ဘယ်ကိုသွားမလို့လဲ"

ဂျောင်ဂုနဲ့ထယ်ယောင်း တွဲထားတဲ့လက်အား တစ်ချက်ကြည့်ပြီး တောက်ခ်ခေါက်ကာ ထွက်သွားသောဂျီမင်း ၊ သူငယ်ချင်းဖြစ်သူရဲ့ စိတ်ဆိုးသည့်အမူအရာကြောင့် လိုက်ဟန်ပြင်‌နေတဲ့ ဂျောင်ဂုမှာ ထယ်ယောင်းရဲ့ ဟန့်တားမှုကြောင့်ရပ်တန့်သွားရသည်။

"သွားဂျောင်ဂု ~ ထယ်ယောင်း မင်း အပို‌ေတွမလုပ်နဲ့ သွားမယ်"

"ငါ ! "

ယွန်းဂီရဲ့ ဖြန်ဖြေသံအဆံုးထယ်ယောင်းရဲ့ အလိုမကျစွာ ပြန်ဖြေသံသည် ထွက်လို့လာသည် ။ သို့သော် ထိုအသံသည် ယွန်းဂီရဲ့ အေးစက်တဲ့အကြည့်တို့နဲ့ အလိုမကျစွာရပ်တန့်သွားသည်။

"သူ အနိုင်ကျင့်ရင် ကိုယ့်ကိုပြောနော်~ ကိုယ်ချက်ချင်းလာခဲ့မယ်"

ထယ်ယောင်းသည် ဂျောင်ဂု ပခုံးအား ကိုင်ကာဆိုတော့ ဂျောင်ဂုသည်ပြုံးကာ တစ်ဆတ်ဆတ် ခေါင်းညိမ့်၍ အလျင်အမြန်ပင် omegaအဆောင်ဖြစ်တဲ့ သူတို့အခန်းရှိရာလမ်းသို့ ပြေးထွက်သွားလေသည်။

"မင်း သူတို့သူငယ်ချင်းကြား၀င်မပါသင့်ဘူး"

ယွန်းဂီသည် အဲလ်ဖာဆောင် သွားရာ လမ်းအား တစ်ချက်ကြည့်ပြီး ပြောသည် ။

//𝙱𝙻𝙰𝙲𝙺 𝙰𝚗𝚍 𝚆𝙷𝙸𝚃𝙴 //        ( 𝓪𝓵𝓹𝓱𝓪 𝓪𝓷𝓭 𝓞𝓶𝓮𝓰𝓪)Tempat cerita menjadi hidup. Temukan sekarang