[Unicode]
// Black and white //
အေးစက်စက်လေတစ်ချက်အဝှေ့က လေးလံတဲ့ မျက်၀န်းထက်ကို ဖုံးအုပ်ထားဆဲဖြစ်တဲ့ အနီရောင်ပိုးသားပိတ်စလေးအတွင်း ခပ်အေးအေးလေး တိုး၀င်လာတယ်။ လက်ဖြူဖြူသွယ်သွယ်ေလးေတွက အနီရောင်ပိုးသားပိတ်စအား အနည်းငယ်ထိကိုင်လို့ အတွေးတွေက ပျံ့လွှင့်နေတယ်။ အုပ်ထားတဲ့ ပိတ်စအနီကိုလည်း မဖယ်ရှားမိ။ လေအေးတွေ တောက်လျှောက်၀င်နေတဲ့ ပြတင်းပေါက်ကိုလည်း ချမ်းလာသိတိုင် ပိတ်ဖို့ မေ့လျော့နေတယ်။
ထို့အတူပါပဲ အခန်းအတွင်း ကျန်ရစ်နေခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က သူ့နှာခေါင်းထက် ကျီစယ် ဖြတ်ေပြးသွားတဲ့အခါ မနေနိုင်စွာ အသက်အောင့်မိတာကလည်း သူပါပဲ။ စိမ်းသက်နေပင်မယ့် ရင်းနှီးတယ်ထင်ရတဲ့အငွေ့အသက်။ သူ့လက်ချောင်းလေးတွေကို ခပ်တင်းတင်းသွယ်လျက်ေပးလာတဲ့ လက်တစ်စုံ။ ဘာလို့များပါလဲ။ဘာလို့များ အခုချိန်ထိ ထိတွေ့ခဲ့ရတဲ့ အထိအတွေ့တွေက လက်ဆက်နေေနရတာပါလဲ။
"ဂျောင်ဂု နိုးပြီလား~"
အခန်းထဲသို့ ဂျီမင်း၀င်လာမှ ပြတ်တောက်သွားတဲ့ အတွေးအစတွေအား ထပ်ဆက်မနေတော့ပဲ ဆက်ကနဲထထိုင်လိုက်တဲ့အခါ လည်းပင်းထက်က ဆူးကနဲနာကျင်မှုက ကျောရိုးတစ်လျှောက်တစ်စိမ့်စိမ့်။
"အ!"
နာကျင်မှုကပြင်းထန်ပါတယ်။ နောက်တစ်ချိန်သူဟာ အမှောင်ထုထဲ တိုး၀င်ရပြန်ပါသည်။ တယ်! ဒီလူဟာ သိပ်ဒုက္ခပေးလွန်းပါသည်လေ !
"ဟာ ဂျောင်ဂု!"
ဂျီမင်းမှာ နောက်တစ်ကြိမ် အခန်းထဲမှပြေးထွက်လို့ တစ်ခြားဆရာ၀န်လည်းမခေါ်ရဲ ဟို နတ်ဆရာလိုလို မိစ္ဆာလိုလို ဆရာ၀န်နှစ်ယောက်အား ရှာရပါတော့သည်။ ဟူးကနဲ သက်ပြင်းချလို့ နဖူးကချွေးက မြေကြီးကျနေပြီ။ လွန်ခဲ့တဲ့ မနက်၄နာရီ၀န်းကျင်မှာ တိတ်ဆိတ်သွားတဲ့ အခန်းထဲသူ၀င်ကြည့်မိလေတော့ စီနီယာ ကင်မ်ထယ်ယောင်းက ကြမ်းပြင်ပေါ်လှဲကျနေပြီး လည်ပင်းမှ သွေးတွေစီးကြနေတဲ့ ဂျောင်ဂုက ဆေးရုံကုတင်ဖြူဖြူမှာ မေ့မျောလို့ အဖြူရောင်ကုတင်အား သွေးရောင်လွှမ်းစေသည်။
YOU ARE READING
//𝙱𝙻𝙰𝙲𝙺 𝙰𝚗𝚍 𝚆𝙷𝙸𝚃𝙴 // ( 𝓪𝓵𝓹𝓱𝓪 𝓪𝓷𝓭 𝓞𝓶𝓮𝓰𝓪)
Horror//// 𝑬𝑽𝑬𝑵 𝑰𝑭 𝑰 𝑫𝑰𝑬 𝑰𝑻'𝑺 𝑶𝑵𝑳𝒀 𝒀𝑶𝑼 //// 𝚃𝚑𝚒𝚜 𝚒𝚜 𝚏𝚛𝚘𝚖 𝚖𝚢 𝚘𝚠𝚗 𝚒𝚖𝚊𝚐𝚒𝚗𝚊𝚝𝚒𝚘𝚗. 𝚃𝚑𝚒𝚜 𝚒𝚜 𝚓𝚞𝚜𝚝 𝚊 𝚏𝚊𝚗 𝚏𝚒𝚌𝚝𝚒𝚘𝚗 𝚝𝚑𝚊𝚝 𝚑𝚊𝚜 𝚗𝚘𝚝𝚑𝚒𝚗𝚐 𝚝𝚘 𝚍𝚘 𝚛𝚎𝚊𝚕𝚒𝚝𝚢. 𝚂𝚘, 𝚍𝚘𝚗'𝚝 𝚋𝚎 𝚜𝚎�...