Part 18

2.9K 246 11
                                    

Unicode

နေ့လည်ခင်းအချိန်ဖြစ်နေသည်မို့ နေရောင်ခြည်သည် လိုက်ကာအမဲရောင်ပိတ်ထားလျက်ကြားထဲကနေ တစ်စိုးတစ်စအခန်းထဲသို့ ကျရောက်လျက်ရှိနေပြီး ထိုနေရောင်ပေါက်လေးတွေကို ကုတင်ပေါ်ကနေ ထိုင်နေကာ ငေးကြည့်နေမိသည်။

အလင်းရောင်ကြိုက်တတ်သည့် ကျွန်တော်က ယခုတွင် အမှောင်ထဲသာ နေရခြင်းက သိပ်ကိုဝမ်းနည်းစရာကောင်းသည်။

တိတ်ဆိတ်နေသည့် အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ဒီတိုင်းရှိသမျှ အရာတွေကို ငေးကြည့်လျက်သား။

နေရောင်ခြည်သေးသေးလေးအောက်တွင် လက်ထိုးလိုက်တော့ ပူလောင်လာကာ တစ်ခနအတွင်း မီးလောင်သလိုမျိုး ဒဏ်ရာဖြစ်သွားပြီး သိပ်ကိုနာကျင်လှသည်။

တစ်ကိုယ်လုံးပေါ် ထိုနေရောင်ခြည်အလင်းတွေက ကျရောက်ရင်ကော။ ရစ်သိုင်းနေသည့် မျက်ရည်စတွေကို ကျွန်တော်လျစ်လျူရှုမိရင်း ရပ်လိုက်ကာ ပြတင်းပေါက်တည့်တည့်တွင် ရပ်လိုက်သည်။

အကျင့်လေးအတိုင်း အောက်နှုတ်ခမ်းကို ကိုက်မိကာ လက်ကလည်း လိုက်ကာစလေးကို ဆွဲကိုင်မိလျက်ပင်။

ကြောက်စိတ်ကလည်း အနည်းငယ်ကြီးစိုးလျက်ရှိကာ စိတ်ထဲတွင် ထိုလိုက်ကာစကြီးကို ဖွင့်ပစ်လိုက်ချင်ပြီး နေရောင်အောက်တွင် ရပ်ပစ်လိုက်ချင်သည်။

လိုက်ကာတစ်ခြမ်းကို ဖွင့်ပစ်လိုက်တော့ ရဲတင်းသွားသည့် စိတ်လည်း ချက်ချင်းနောင်တရသွားသလို အခန်းအတွင်း ကျွန်တော့်ရဲ့အော်သံဟာ ကြီးစိုးသွားပြီး နေရောင်အောက်ရောက်သွားသည့် ခန္ဓာကိုယ်တစ်ခြမ်းက ချက်ချင်းဆိုသလို ပူလောင်လာကာ မီးထတောက်တော့ပြီး နာကျင်မှုက အစောနက ခံစားမိတာထက်ပင် အဆများစွာ ခံစားမိသွားသည်။

အခန်းထဲသို့ ရိုဝမ်နဲ့ဂျောင်ကုဝင်လာတာ မြင်မိလိုက်သလို ရိုဝမ်က လိုက်ကာစကို ပိတ်လိုက်ကာ ဂျောင်ကုရဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခြမ်းကို ကုတင်ပေါ်က စောင်ကို ဆွဲယူလျက် အုပ်ပစ်လိုက်သည်။

"ရူးနေလား ထယ်ယောင်း...မင်းက နေရောင်အောက်သွားလို့မရဘူး"

နာကျင်မှုတွေနဲ့အတူ ရိုဝမ်ရဲ့ ခပ်မာမာအသံကိုလည်း ကြားလိုက်ရပြီး ဂျောင်ကုက စိုးရိမ်မှုတွေနဲ့ ငုံ့ကြည့်လာသည်။

Born to Died (Completed) Where stories live. Discover now