Part 16

3K 258 14
                                    

Unicode

ရှင်သန်ခြင်းဆိုတာ ဘာလဲ။ မသေမျိုးကကော...

တကယ်မှရှိမနေတာ မသေမျိုးက။ ရိုဝမ်က လွှဲရင်ပေါ့။

အိပ်စက်ခြင်းမှ နှိုးထလိုက်သည့်အခိုက်လား။ မြင်ကွင်းတွေဟာ အရင်လို နှိုးထခြင်းနဲ့တူမနေဘဲနဲ့ပေါ့။ အသေးစိတ်ကအစ ခံစားနိုင်နေပြီး ခံစားချက်တွေက ကြည်လင်နေတာမျိုးလေး။

တိုလွှလွှ လက်သည်းတွေက အနည်းငယ်ရှည်ထွက်နေခဲ့ပြီး ပန်းရောင်သန်းကာ သိပ်လှနေသည့် အနေအထားတစ်ခု။ မျက်ဝန်းရှေ့မှာ ရှိနေသည့် သူက ကျွန်တော့်ကို စိုးရိမ်ခြင်းတွေနဲ့ ပြုံးပြနေခဲ့သလို ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေသည့် အရာအားလုံးက ထူးဆန်းနေတာမျိုး။ ဒါဟာ နောက်ထပ်ရှင်သန်ခြင်းတစ်မျိုးလား။

ခပ်ဝေးဝေးက ကြားနေရသည့် ရေစက်သံလေးတွေ။ အဝေးတစ်နေရာက ငှက်အော်သံလေးတွေကို သေချာကြားနေရပြီး ကျွန်တော့်ပါးကို အုပ်ကိုင်လျက် စိုးရိမ်ခြင်းတွေနဲ့ မေးခွန်းထုတ်နေသည့် သူ့ရဲ့အသက်ရှူသံခပ်ပြင်းပြင်းကိုလည်း သိသိသာသာ ခံစားနေမိသည်။

ထူးဆန်းလိုက်တာ။ အရာအားလုံးက သိပ်ထူးဆန်းလိုက်တာ။

"ထယ်ယောင်း...."

လိုက်ကာစတွေဟာ ပိတ်ထားလျက်ရှိနေသည်ကို ကျွန်တော် မသိစိတ်က နှစ်သက်နေမိနေကာ သူ့ရဲ့ခေါ်သံကြောင့် ကျွန်တော်ဟာ သူ့ကိုပြန်ပြီး ငေးစိုက်ကြည့်မိလျက်ပင်။

"မင်းမျက်လုံးက အပြာရောင်မဟုတ်တော့ဘူးဘဲ ထယ်ယောင်း"

မောင့်ရဲ့ အသံက တုန်ရီနေသည်။ ပြီးတော့ မောင့်ရဲ့ ဝမ်းနည်းစိတ်တစ်ချို့ကိုလည်း ကျွန်တော်ခံစားနိုင်သည်။

ကုတင်ပေါ်ကနေ ထလိုက်ကာ အခန်းပတ်ပတ်လည်ကို ကြည့်နေမိတာက မမြင်ဖူးလို့မဟုတ်နေဘဲ ထိုအခန်းထဲရှိ အရာအားလုံးကို မိုက်ခရိုစကုတ်နဲ့ ကြည့်နေသလိုမျိုး အသေးစိတ်ကအစ ကျွန်တော်မြင်နိုင်နေမိခဲ့လို့။

"ထယ်ယောင်း"

သူက ကျွန်တော့်မျက်နှာကို အုပ်ကိုင်လျက် အကြည့်ချင်းစုံစေပင်မဲ့ ကျွန်တော့်အတွေးထဲမှာ ကြီးစိုးနေမိတာက ဘာလို့ထူးဆန်းနေရတာလဲ။

Born to Died (Completed) Where stories live. Discover now