Part 7

3.2K 293 36
                                    

Unicode

ဒီနေ့တော့ ထယ်ယောင်းရဲ့ ဆံပင်ဟာ ပုံစံအသစ်ဖြစ်နေပြီး ပိုညိုလာလျက်ရှိသည့် ဆံသားလေးနဲ့ ပိုတိုသွားသောကြောင့် ပို၍ ကြည့်ကောင်းနေလျက်ရှိနေပေသည်။

လွတ်အိတ်လေးကို ပိုက်ထားကာ အတန်းထဲဝင်လာပြီး ရှေ့ဆင့်နောက်ဆင့် ဂျောင်ကုကပါ ဝင်လာဖို့ပြင်တော့ မိန်းကလေးတစ်ယောက်နဲ့ စကားရပ်ပြောနေလျက်ရှိနေတုံးပင်။

ခပ်စူစူ ဖြစ်သွားသည့် ထယ်ယောင်းနှုတ်ခမ်းပါးက စိတ်ကောက်တာကို ပြချင်ပြီး မှိုင်းပြသွားသည့် မျက်ဝန်းက စိတ်မကောင်းဖြစ်သွားတာကို ဆိုလိုပေသည်။

ဂျောင်ကုက သူမရဲ့ ဆံပင်လေးကို သပ်တင်ပေးလျက်ရှိပြီး သူ့ရဲ့ဆံပင်ကိုတော့ ဖျက်ဆီးဖို့သာ တွေးခဲ့လေသလား။

"အချစ်လို့ ဆိုလိုတာလား"

ဘေးနားကနေ ထွက်လာသည့် ခပ်ရှရှ အသံကြောင့် ထယ်ယောင်းခန္ဓာကိုယ်လေး တွန့်သွားသလို မြက်ခင်းစိမ်းနံ့ကိုပါ တစ်ဆက်တည်း ရလိုက်မိသည်။

"ဆရာဝမ်..."

"မင်းရဲ့ Alpha လား"

ရိုဝမ်က ဂျောင်ကုရှိရာကို မေးဆတ်ပြကာ ထယ်ယောင်းက ခက်လွန်းသည့် မေးခွန်းကို ထုတ်မေးလာသည်။

မျက်ဝန်းလေးဟာ အောက်ဆိုက်သွားပြီး ခေါင်းလေးဟာ ယမ်းပြလာသည်။ ရိုဝမ်ရဲ့ နှုတ်ခမ်းကလည်း အလိုလို တွန့်ကွေးလျက်ရှိသွားပြီး ထယ်ယောင်းရဲ့ မျက်နှာနား တိုးကပ်လိုက်တော့ ထယ်ယောင်းရဲ့ ပုခုံးလေးဟာ ကျုံ့လျက်အနေအထားတစ်ခုကို ရောက်သွားပြီး ရိုဝမ်ရဲ့အပြုအမူကို ကြောက်သလို မကြိုက်သလို အခြေအနေတစ်ခုကို ပြသည်။

"မင်းရဲ့ Pheromone က ကိုယ့်ကို နည်းနည်းလေး ဆွဲဆောင်နေတယ်...ရာခိုင်နှုန်း ဘယ်လောက်လို မင်းထင်လဲ ထယ်ယောင်းကင်မ်"

ထယ်ယောင်းကင်မ် ဆိုသည့်အသုံးအနှုန်းတစ်ခုပေါ်မှာ ထယ်ယောင်းရဲ့ မျက်ဝန်းတွေဟာ ရိုဝမ်ပေါ် သက်ရောက်သွားတော့သည်။

"မင်းနဲ့ ရာခိုင်နှုန်းဘယ်လောက်လိုက်ဖက်လဲ မသိပင်မဲ့ ထယ်ယောင်းနဲ့ ငါက Pheromone ချင်းရာနှုန်းပြည့်လိုက်ဖက်တယ်..."

Born to Died (Completed) Where stories live. Discover now