If we meet again

149 19 8
                                    

Hyunsukie Hyung!!!!!!
Yoshi တစ်ယောက် မျက်ရည်တွေနဲ့နိုးထ လာရပြန်တယ် ဟုတ်ပါတယ် အိမ်မက်ဆိုးတွေပါ အိမ်မက်ဆိုးတွေသာဖြစ်ခဲ့ရင် ပိုကောင်းမှာပေါ့
လွန်ခဲ့တဲ့ ၁၈နှစ် ဒီလို မိုးသည်းလှတဲ့ရက်တစ်ရက်မှာသူ့ ဘ၀ရဲ့ အချစ်ရ ဆုံးသောအချစ်ဦးကို ဆုံရှုံးခဲ့ရတယ် .....

Flash back....
"မမ ဒီနေ့ အရမ်းလှနေတာပဲ " Yoshi အသက် ၁၅နှစ်  မမရဲ့ လက်ထပ်ပွဲနေ့ ......
အဲ့နေ့က သူနဲ့ပထဆုံး တွေ့ဆုံခဲ့သည်။
မမတို့ မင်္ဂလာဆောင်မှာ သတို့သားဘက်သတို့သားအရံ အနေနဲ့ ပွဲတက်ခဲ့တဲ့ သူ....
ကျွန်တော်ကလည်းသတို့သမီးဘက်က သတို့သားအရံတစ်ယောက်ဖြစ်ခဲ့သည်။

စတွေ့ထဲက ရင်ခုန်သံတွေထိန်းမရဖြစ်ခဲ့တာကြောင့် အဲ့ အစ်ကိုကြီးနဲ့‌ ဝေးဝေးကိုရှောင်ခဲ့ပေမယ့် သူ့က ကျွန်တော့်ရှေ့ကိုရောက်လာပြီး
"အားလုံး ပန်းလေးတွေ ထိုးပြီးကြပြီး မင်းမှာမရှိသေးလို့ "ဆိုကာ ကာနေရှင်းပန်း လိမ္မော်ဖျော့လေးကို ရင်ဘတ်မှာ လာထိုးပေးလေသည်။
"ဟုတ် အစ်ကို ကျေးဇူးပါ။"ပါလို့ပြုံးပြောလိုက်တော့  ကျွန်တော့်ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း
"Hanaရဲ့ မောင်က တကယ်‌အချောပဲ သူက နောက်နေတယ်ထင်တာအစ်ကို့ကို မှတ်ထားဦးနော် Hyunsuk Hyung"လို့ပြောရင် ပါးလေးကို ဆွဲ သွားပြန်သည်။
မရိုးသားတဲ့ စိတ်တွေကို ထိန်းချုပ်ရင်းနေနေရတာမလို့ ထပ်မပြုစားပါနဲ့တော့ အစ်ကိုရာ.....

မမတို့မင်္ဂလာဆောင်ပြီးသွားခဲ့ပေမယ့် သူနဲ့ အဆက်အသွယ်မပြတ်ခဲ့ပါ။ ပွဲနေ့က ဖုန်းno.တောင်းသွားတဲ့တာကြောင့် နေ့တိုင်းဆက်သွယ်ဖြစ်ခဲ့သည်။ ကျွန်တော်နဲ့ သူကအကြိုက်တူတဲ့ ညီအစ်ကို သူငယ်ချင်းအဆင့်သာရှိခဲ့တယ်
အဲ့တစ်ရက်မရောက်ခင်အထိပေါ့
"Yoshi အပြင်ခဏထွက်လာလို့ရမလား ‌မိုးတွေရွာနေပေမယ့်လေ အစ်ကိုအရေးကြီးပြောစရာရှိလို့ပါ။"
စိတ်တွေလေးနေပေမယ့် ထွေထွေထူးထူးမရှိ‌ေလာက်တာကြောင့် မိုးကာလေး၀တ် ထီးလေးယူကာ Hyunsukie Hyung ခေါ်တဲ့နေရာကို သွားခဲသည်။

မိုးရေထဲမှာ Hyunsukie Hyung ကို လှမ်းမြင်ရလို့ထီးလေးလှုပ်ပြတော့ သူက လည်းလက်လေးပြန်ရမ်းပြတယ် တစ်ဖက်လမ်းက လမ်းချော်ပြီး ဘရိတ်ပေါက်လာတဲ့ကားမ၀င်လာခင်အထိ အဲ့အခိုက်အတန့်လေးက ပျော်ရွှင်စရာအတိ......
"ကျွီ.........ဒိုင်း.........ဘုန်း"
"Hyunsukie Hyung!!!!!!!"
သွေအလိမ်းလိမ်းနဲ့ Hyunsukie Hyung ကို ပြေးပွေ့လိုက်တော့ လက်လေးကို ညှင်သာစွာလာကိုင်ရင် Yoshiကို နှုတ်ဆက်ထွက်ခွာသွားတော့သည်။
...........
အဖြစ်အပျက်တွေပြီး၁၈နှစ်အကြာမှာတော့ Yoshiတစ်ယောက်
ပန်းဆိုင်လေးဖွင့်ကာ တစ်စုံတစ်ယောက်ကို လွမ်းရင်း ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေတော့သည်......

Second life Where stories live. Discover now