🖤 Fall in love 🖤 ep-19

804 55 9
                                    

ထိုနေ့ည fot တျောက်အိမ်ပြန်မလာခဲ့ပါ....

Gem လည်း winny နဲ့စကားပြောပြီးအိမ်ပြန်လာခဲ့တယ်..အိမ်ရောက်တဲ့ထိ fot ပြန်ရောက်မလာသေးပါ
Gem တျောက် fot ကိုမေ့ထားကာပြန်လာလာမလာလာစိတ်မဝင်စားတဲ့ ပုံစံနဲ့ သူလုပ်စရာရှိတာတွေလုပ်နေခဲ့တယ်...အချိန်က11:00 ကျော်နေပြီ မနက်ကတည်းက ထွက်သွားတဲ့ fot ကခုချိန်ထိ ပြန်မလာသေးတာကြောင့် gem မေ့ထားပင်မဲ့လည်း ခုချိန်ထိပြန်မလာသးတဲ့ fot ကြောင့် gem အခန်းဝကိုခနခနလှည့်ကြည့်နေမိတယ် ညနေက Satang နဲ့ပျော်ရွှင်နေတဲ့ fotမျက်နှာကိုမြင်ယောင်သွားပြီး စာကြည့်စားပွဲမှာထိုင်နေရင်း ခေါင်းကိုအနည်းငယ်ခါလိုက်ကာ စာကိုအာရုံပြန်စိုက်ဖို့လုပ်လိုက်ပင်မဲ့ gem စိတ်ထည်းအထီးကျန်သလိုခံစားရလာပါတော့တယ်..ဒါနဲ့ gem လည်း သူ့စိတ်ကိုသူ လျစ်လျူရှုကာအခန်းမီးပိတ်ပီး အိပ်ဖို့ပြင်လိုက်တယ်... ကုတင်ပေါ်လှဲနေတာနာရီဝက်လောက်ရှိသွားပင်မဲ့ gem အိပ်မပျော်ချေ သူ့ကုတင်ခြေရင်းက fot အိပ်နေကျဆိုဖာကို လှမ်းလှမ်းကြည့်နေမိသည်....သူ့စိတ်တည်းဟာတာတာနဲ့အဆင်မပြေဖြစ်လာတာကြောင့် ကုတင်ဘေးကမီးအိမ်လေးကိုဖွင့်လိုက်ပြီး winny ပြောခဲ့တဲ့စကားတွေကိုပြန်စဥ်းစားကြည့်နေမိတယ်....သူက company တစ်ဖက်နဲ့ကျောင်းတက်နေရလို့ ရည်းစားမထားဖြစ်ခဲ့ဘူးဆိုပင်မဲ့ သူ့ရဲ့ယောကျာ်းပီသတဲ့ကိုယ်ခန္ဓာနဲ့‌ေချာမောပြေပြစ်တဲ့ရုပ်ရည်ကြောင့် သူ့ကိုစိတ်ဝင်စားလို့လာပိုးပန်းတဲ့ မိန်းကလေးတွေတပုံတပင် တခါတလေယောကျာ်းလေးတွေတောင်ပါသေးတယ်...ဒါပင်မဲ့ ဘယ်သူ့မှသူ့အတွက်စိတ်ဝင်စားစရာမကောင်းသလိုမျက်စိတည်းလည်းမဝင်..ဘယ်သူ့အတွက်မှလည်းရင်မခုန်ဖူးခဲ့ပေ ဒါပင်မဲ့သူဟာfotနဲ့နီးကပ်လ်ုက်ချိန်တိုင်းရင်ခုန်‌ေနမိတယ် .ဘဝမှာအထီးကျန်တယ်ဆိုတာ ဘာမှန်းမသိ အမေဆုံးသွားတဲ့အချိန်မှတခါသာ ခံစားဖူးလိုက်တဲ့ခံစားချက် နောက်ပိုင်းအချိန်တွေမှာ ဆုံးသွားတဲ့သူ့အမေ တမလွန်က‌ေန ဂုဏ်ယူရအောင် အထီးကျန်တဲ့ခံစားချက်ကိုမေ့‌ဖျောက်ပြီး အလုပ်ဘက်မှာရော စာဘက်မှာပါလစ်ဟင်းမှုမရှိ ကြိုးစားရင်း နေလာခဲ့သူ ခုသူကသူ့အမေအတွက်သာခံစားဖူးတဲ့ အထီးကျန်တယ်ဆိုတဲ့ခံစားချက်ကို တခြားသူတျောက်အတွက်ခံစားနေရတယ် အဲ့ဒီသူကလည်း fot ...သူ့ကိုယ်သူလည်းမယုံနိုင်သူ့ဘဝမှာ မရနိုင်တော့ဘူးလို့ထင်ရတဲ့ တစ်စုံတစ်ယောက်ကြောင့်ရင်ခုန်ရတာ၊ တစ်စုံတစ်ယောက်ကို လွမ်းရတာ၊ တစ်စုံတစ်ယောက်ကြောင့် အထီးကျန်ရတာ၊ အဲ့ဒီအရာတွေအားလုံးကို fot ကြောင့်သူခံစားနေရပြီ fot သူ့အနားမှာမရှိတဲ့ အချိန်တိုင်းလည်း တခုခုကိုဆုံးရှုံးရတော့မလိုသူခံစားရနေရတယ် အဲ့ဒီခံစားချက်တွေကဘာ‌ေတွလည်း ဒါကအချစ်ရဲ့လက္ခဏာ‌တွေလား မဖြစ်နိုင်ဘူး ငါကဘာလို့အထီးကျန်ရမှာလား ဘဝမှာပိုက်ဆံရှိနေရင်အရာရာပြည့်စုံနေတာဘဲ ဟုတယ် ငါ့တဘဝလုံးကပြည့်"စုံ"နေခဲ့ရတာဘဲ  အချစ်ဆိုတာကြီးကို မလိုအပ်သလို အယုံကြည်လည်းမရှိဘူး ဘာကြောင်လဲဆိုတော့သူကမမြင်ရတဲ့အရာတွေကိုမယုံကြည်လို့ဘဲ gem တျောက်စ်တ်တွေရှုပ်လာကာ ဖက်လုံးကြီးကိုရင်ခွင်ထည်းထည့်ကာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေတော့သည် .သူ့စိတ်သူလည်းနားမလည်နိုင်တော့ပေ...... winny ပြောသလို ငါ့စိတ်ကိုငါသိအောင်လုပ်မှရတော့မှာလား.....ငါဘယ်လိုလုပ်ရမလည်း...ဟုတွေးတောနေရင် ခံစားချက်တွေမဲ့နေတဲ့အခန်းငယ်လေးထည်းမှာဘဲအထီးကျန်စွာနဲ့ အိပ်ဆက်သွားလေတော့တယ်..

Default Title - 🖤 Fall In Love 🖤Where stories live. Discover now