Part 1

188 14 0
                                    

လွှာတစ်ယောက်သင်တန်းမှ အပြန် လမ်းပေါ်တွင် နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရင်း လမ်းလျှောက်လာနေမိသည်။နားထဲမှ သီချင်းကိုသာ အာရုံစိုက်နေသောကြောင့် ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုမပြုမိပေ။ထိုသို့ဂရုမပြုမိစေရန်လည်း အမြဲ‌ကြိုးစားနေတတ်သည်မှာ လွှာပင်ဖြစ်သည်။လွှာ့အကြောင်းကို ပြောပြရလျှင် နံပါတ် 1 သာရှိပါသည်။‌တစ်ဦးတည်းသောသမီး၊တစ်ယောက်တည်းနေရတာကိုပဲ ကြိုက်တဲ့လွှာ၊နာမည်တစ်လုံးတည်းရှိတဲ့လွှာ၊မဲနှိုက်တိုင်း 1 ပဲပေါက်တဲ့လွှာ၊ကျောင်းမှာလည်း ပထမသာရသည့်လွှာ၊မုန့်မှစလို့ အဝတ်အစားအဆုံး တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သည့် လွှာ။လွှာ ဟာ နံပါတ် 1 နှင့်အတော်ရေစက်ပါသည်ဟုပင်ပြောရလောက်သည်။သို့သော် ထို 1 များထဲတွင် ကောင်းသောအရာများရှိနေသကဲ့သို့ လွှာ့ကို ထိခိုက်စေသော 1 များလည်းရှိနေပေသည်။လွှာဟာ ငယ်စဉ်တည်းက အထီးကျန်ကျန်ဖြင့် တစ်ဦးတည်းသာကြီးပြင်းခဲ့ရသည်။အမြဲတစေအဖော်မက်သော်ငြား အရှက်အကြောက်အလွန်ကြီးသော လွှာဟာ သူစိမ်းတစ်ယောက်ကို စကားစ၍ မပြောရဲခဲ့ချေ။ထို့ကြောင့် လွှာ့တွင် သူငယ်ချင်းလည်းများများစားစားမရှိပါ။လွှာသည် သူတစ်ပါးကို ဒုက္ခပေးမိမှာကို အကြောက်ဆုံးဖြစ်သလို မိသားစု ထိခိုက်နာကျင်မှာကို နည်းနည်းလေးမှမကြိုက်ပါ။ထို့ကြောင့် မိမိ၏ မိသားစုနှင့် သူငယ်ချင်းအနည်းငယ်အပါအဝင် သူစိမ်းများ၏ အရေးကိုပါ တွေးတောရင်း မိမိအတွက်တော့ နောက်ဆုံးကျန်နေခဲ့မိသူသာဖြစ်သည်။

လွှာ သည် သိပ်ကို နူးညံ့သိမ်မွေ့ကာ သနားကြင်နာတတ်သော်ငြား ခေါင်းမာပြီဆိုလျှင် မည်သူမျှမတားနိုင်ချေ။ထိုအရာကို လွှာ့မိဘများပင်ကြောက်ရသည်။လွှာသည် အိပ်ပျော်နေသောကျားတစ်‌ကောင်နှင့်တူပါသည်။အကြိမ်ကြိမ်သည်းခံရင်း နောက်ဆုံးတွင်တော့ အားလုံးကို ဖျက်ဆီးပစ်တတ်သည်။သူ့အပေါ်တွင် ဆိုးသည်ဖြစ်စေ၊ကောင်းသည်ဖြစ်စေ သူကတော့ ကောင်းမွန်စွာဆက်ဆံပါသည်။သို့သော်သူမခံနိုင်တော့သည့်အချိန်တွင်တော့ မည်သူမျှမထင်မှတ်ထားအောင်ပြောင်းလဲကာ တစစီပြုလုပ်ပစ်တတ်ပါသည်။

DangerWhere stories live. Discover now