Part 2

91 10 0
                                    

"Roxie Roxie"

အခန်းပြင်မှ ကြားလိုက်ရသော ဩဇာအပြည့်ရှိသည့်မိန်းကလေးတစ်ယောက်၏ အသံကြောင့် Roxie ဧည့်သည်ကို အမြန်တောင်းပန်ရတော့သည်။

ထိုယောက်ျား၏ ဖွင့်ထားသော အင်္ကျီရင်ဘတ်နေရာသို့ လက်နှိုက်လိုက်ကာ အသာအယာပွတ်ရင်း ညုတုတုအသံဖြင့် ချွဲနွဲ့ရတော့သည်။

"ဟိုလေ အစ်ကို~"
"Roxie ခဏလောက်သွားလို့ရမလားဟင်"

သိပ်လွှတ်ချင်ပုံမပေါ်သော ထိုအမျိုးသားဟာ လက်တွေကို လွှတ်မပေးချေ။ထိုပြင်းထန်စူးရှသော မျက်ဝန်းများ၏ ဦးတည်ရာကို Roxie ကောင်းကောင်းသိပါသည်။

"ခဏလေးပါနော်။ပြီးရင် အကောင်းဆုံးတွေနဲ့ပြန်လာခဲ့မယ်လေနော်
နော်လို့ အစ်ကို"

"ပြီးရောကွာ မြန်မြန်တော့ပြန်လာနော်။ကိုယ်မအောင့်နိုင်တော့ဘူး။"

"ဒါပေါ့။ခဏပဲနော်။"

အခန်းပြင်သို့ထွက်ရန်တံခါးကို ဖွင့်လိုက်သောအခါ အခန်းပေါက်တွင်ရပ်နေသော အစ်မကြောင့် Roxie လန့်သွားမိသည်။လန့်လို့တောင်အရှိန်မသေသေးသော်လည်း လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်းဆွဲကာ ခေါ်သွားသော အစ်မကြောင့် Roxie ကြောက်လာမိသည်။

"အစ်မ နာတယ်။"

"ပါးစပ်ပိတ်ထား"

ကြောက်စရာကောင်းစွာ အသည်းနှလုံးမရှိသည့်ဘုရင်မအနေနဲ့နာမည်ကြီးသော်ငြား အသံကျယ်ကျယ်ဖြင့် အော်သည်ကိုမြင်တွေ့ဖူးသည်မှာ ဒီတစ်ခါဟာ ပထမဆုံးဖြစ်သည်။Roxie ကြောက်လာချေပြီ။အပြစ်တစ်ခုခုများလုပ်မိလို့ အပြစ်ပေးမလို့များလား။
အစ်မဆိုသည်မှာ Roxie တို့လိုမိန်းကလေးတွေ၏ ခေါင်းဆောင်ဖြစ်သည်။ပုံမှန်ထိုသို့ခေါင်းဆောင်များဟာ ကြမ်းတမ်းခက်ထန်ကြသော်လည်း အစ်မဟာထိုသို့မဟုတ်ချေ။ဘာမှမလုပ်ဘဲကို လူတွေကို တုန်ပြီးကြောက်နေအောင် လုပ်နိုင်သော ဩဇာရှိပါသည်။ထို့အပြင် ကြမ်းတမ်းခက်ထန်ခြင်းမရှိသော်ငြား စည်းကမ်းတင်းကြပ်မှုကတော့သိပ်ကိုကြောက်ဖို့ကောင်းအောင် တင်းကြပ်ပါသည်။တစ်ခါက သူ့ကို ပြန်ပြောတဲ့ တစ်ယောက်ကိုဆို တစ်ပတ်တိတိအစာမကျွေးဘဲ ထားလိုက်တာ ‌မေ့မြောပြီး ဆေးရုံရောက်သည်အထိပင်။ရိုက်နှက်သည့်ပြစ်ဒဏ်ကိုတော့ မသုံး‌သလောက်ရှားပါသည်။အကယ်၍ သုံးခဲ့လျှင်လည်း သူကိုယ်တိုင်တော့မရိုက်ချေ။ထိုအပြစ်ဒဏ်များထဲတွင် အဆိုးဆုံးကတော့ လာသမျှဧည့်သည်တိုင်းကို တစ်ယောက်တည်းအားပြုစုခိုင်းခြင်းပင်ဖြစ်သည်။ထိုမျှလောက်ရက်စက်ကာ အသည်းနှလုံးမရှိသောမိန်းမတစ်ယောက်ဖြစ်သည်။

DangerWhere stories live. Discover now