"လွှာ့ကို မှတ်မိသားပဲ။"
"နမ်းပဲနမ်းပြီးမမှတ်မိဘူးဆိုရင် ဝမ်းနည်းမိတော့မှာ မှတ်မိနေလို့တော်သေးတာပေါ့။"ချစ်စရာကောင်းသည့်အပြုံးနှင့် ထိုမိန်းကလေးဟာ Roxie အပေးအယူကြောင့်နမ်းခဲ့သော ကြောက်စရာကလေးမဖြစ်သည်။
"မှတ်...မှတ်မိပါတယ်။"
အေးစက်ပြင်းထန်သော အကြည့်များဖြင့် လွှာ့ကို စိုက်ကြည့်နေသည့်အစ်မကြောင့် Roxie အမြန်မိတ်ဆက်ပေးဖို့ ကြိုးစားမိသည်။သို့သော် မည်သို့မိတ်ဆက်ပေးရမည်နည်း။အပျော်မယ်ခေါင်းဆောင်နှင့် ပိုက်ဆံယူကာ နမ်းခဲ့တဲ့မိန်းကလေးလို့လည်းပြောလို့မရပေ။
"အဲ ဒီဖက်က အင်း...ဟို"
"လွှာသိပါတယ်။
"May မဟုတ်လား။"
"လွှာ့ကိုလည်းသိမယ်ထင်ပါတယ်။""အင်း"
ဟုတစ်ခွန်းသာဖြေကာဘေးရှိရှိန်ပိန်တစ်ခွက်ကိုသာ သောက်နေလိုက်သည်။
"May က မ တို့ရဲ့ ခေါင်းဆောင်လို့သိထားပါတယ်။"
'မ'ဆိုသည့်အသုံးအနှုန်းကြောင့် အံ့ဩကာ ရန်ခုန်သွားသူမှာ Roxie ဖြစ်သော်လည်း May ကတော့ အရှေ့က အန္တရာယ်လေးအား စူးစိုက်ကာ ကြည့်လိုက်မိသည်။
"အင်း"
ယခင်အတိုင်း အေးစက်စွာဖြေကြားနေသော သူ(မ)ဟာ လွှာ့အမြင်မှာတောင် ကြောက်မက်ဖွယ်ကောင်းပါသည်။
"လွှာ Roxie ကို ဝယ်ချင်တယ်။"
"ဟင်"
မျက်လုံးနှစ်လုံးကျွတ်ထွက်မတတ်ပြူးသွားကာ အသံထွက်တဲ့အထိလန့်နေသူမှာတော့ Roxie ပင်ဖြစ်သည်။အံကို တင်းတင်းကြိတ်လိုက်သည့်အသံဟာ လွှာနားထဲထိကြားရပါသည်။နီရဲရဲနေသည့်မျက်ဝန်းတစ်စုံဟာ အတော်ဒေါသထွက်နေပုံရပါသည်။သို့သော် မတတ်နိုင်ပါ။လွှာ မကို မြင်မြင်ချင်းချစ်မိခဲ့သည်။အရာအားလုံးကို တတ်နိုင်သမျှရှောင်နေနိုင်ခဲ့ပေမယ့် ဤအရာကိုတော့ လွှာလည်းမရှောင်ရှားနိုင်ခဲ့ပါ။မကို ထိုနေရာမှကယ်တင်မည်။လွှာနားမှာပဲ ထားမည်။လွှာတို့နှစ်ယောက်အတူအသက်ကြီးသွားကြမည်။ဒါဟာ လွှာရဲ့အကြံပဲဖြစ်သည်။ချစ်ရသူကို ကာကွယ်နိုင်ရန်အရာအားလုံးကို လွှာအသုံးချမည်ဖြစ်သည်။ပိုက်ဆံ၊အာဏာကနေစလို့ လိုအပ်လျှင် လွှာကိုယ်တိုင်ကိုပါ အသုံးချကာ ကာကွယ်ပေးမည်ဖြစ်သည်။
YOU ARE READING
Danger
Short Story"တို့တွေ တခြားစကြာဝဠာတစ်ခုမှာ ပြန်တွေ့ကြတဲ့အခါ တို့တွေရဲ့ ပုံပြင်လေးလည်း ပျော်ရွှင်ဖွယ်အဆုံးသတ်တစ်ခုကို အတူရောက်နိုင်ကြမယ်လို့ တို့တော့ယုံတယ် Roxie မင်းရောဟင်?" "အကယ်၍ အချစ်တွေသာ စစ်မှန်ခဲ့မယ်ဆိုရင် အစ်မ Roxie ကို နောက်တစ်ခေါက်ရှာတွေ့နိုင်ဦးမှာပါ။"