7

56 7 4
                                    

စကြဝဠာကြီးဆိုတာ ကြယ်တစ်စင်း ရုတ်တရက်ကြွေရုံနဲ့တော့ ဘယ်ပျက်စီးပါ့မလဲ။ ကြယ်ဆိုတာ မရေမတွက်နိုင်သလို သူတို့အလင်းတွေကလည်း ဆက်ပြီး တည်ရှိဦးမှာပဲကိုး။
ဒါပေမယ့် တစ်စုံတစ်ခုသော ဂြိုဟ်မှာ နေထိုင်သူတွေအတွက်တော့ ဒီကြယ်တစ်စင်းကပဲ သူတို့အတွက် တစ်ခုတည်းသော အလင်းရောင်ဖြစ်နေနိုင်တာပဲလေ။

_anno

_

ဒီမြို့ကလေးကို ရောက်ပြီးကတည်းက သွားစရာ လာစရာ အများကြီး မရှိပါဘူး။ အခု ထွက်လာတာကလည်း ထုံးစံအတိုင်း အိမ်ကြီးရှိတဲ့ လမ်းထိပ်ပဲ။ သူ့ကို ထိုးဟောင်မဲ့ မီဆွန်းလည်း မရှိသလို သူလည်း မရှိခဲ့ဘူး။

သူတို့ မိုးမမြင် လေမမြင် ချစ်ခဲ့ကြတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်ကိုတော့ သူ အမြဲ ဂရုစိုက်ခဲ့ရပါတယ်။

ထပ်ခါ ထပ်ခါ ပြုလုပ်တတ်တာဟာ ယွန်းဂီလို လူအတွက်တော့ မထူးဆန်းဘူး။ ဒီအိမ်ရှေ့ကို လျှောက်မယ်။ စာကြည့်တိုက်ကို သွားမယ်။ ဖက်ထုပ်ပြား ပူပူလေး နှစ်ပွဲကို ငြိမ်ငြိမ်ကလေးစားမယ်။ ပြီးတော့ မြက်ရိုင်းတောထဲမှာ စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်လေး ဖတ်နေမှာပဲ။

"ယွန်းဂီဟျောင်း"

"အော် မင်ဟို"

ထင်မှတ်မထားတဲ့ မင်ဟိုဟာ သူတို့တက်ခဲ့တဲ့ကျောင်းမှာပဲ ဆရာပြန် လုပ်နေတယ်။ ငယ်ငယ်က ဂျီမင်းနဲ့အတူ တအားဆော့တဲ့ ကလေးလေးပဲ။ ယွန်းဂီမှာ သူ့အသက်အရွယ် အပေါင်းအသင်း မရှိဘူး။ သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲလွန်းတာကြောင့်ပဲ။ သူ့အပေါင်းအသင်းက ပတ်ဂျီမင်းရဲ့ သူငယ်ချင်းတွေပါပဲ။

ဒီလိုဆိုတော့ သူ့အောက် နှစ်နှစ်ကျော်ငယ်တဲ့ ကောင်လေးနောက် သူ အမြဲ ရှိခဲ့တာပဲ။ ကျေးဇူးတင်ရတာပါပဲ။

နောက်ဆုံးတော့ ဒီ‌လူနဲ့ ရှောင်ကွင်းချင်လည်း ဒီလူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဆီကိုပဲ သူပြန်ရောက်ရတယ်။

_______________________
_______________

မင်ဟို ကျေးဇူးနဲ့ ကျောင်းက ဟောပြောပွဲမှာ သူ စကားပြောဖို့ ဖြစ်လာတယ်။ နယ်မြို့လေးရဲ့ ကျောင်းအသေးလေးမှာ ထူးချွန်သူတွေကို ဒီလို ဖိတ်ခေါ်ခံရတာ မထူးဆန်းပါဘူး။

Childhood Sweetheart Memory Where stories live. Discover now