မင်းနဲ့အတူတူရှိနေလို့ ဘာမဆိုဖြစ်နိုင်ခဲ့ပြီး
မင်းနဲ့အတူဖြစ်နေလို့ ပျော်ရွှင်ခဲ့ရတယ်
မင်းရဲ့အသံလေးကြောင့် အသက်ရှုနိုင်ပြီး
မင်းရဲ့မျက်ရည်တွေနဲ့ရပ်တည်နိုင်ခဲ့တယ်
မင်းရဲ့များပြားလွန်းတဲ့ အချစ်တွေက ကိုယ်ရထိုက်ရဲ့လား_BTS (SUGA part) Take Two
ငါ့ကမ္ဘာဟာ တကယ်လှခဲ့တယ်။
အစ်ကိုနဲ့ အတူရှိတဲ့နေ့ရက်တွေတိုင်းပဲ။
နေ့ရက်တွေတိုင်းကလည်း အစ်ကိုနဲ့ အတူရှိတာပါပဲ။ငါ (၁၃)နှစ်
အစ်ကိုက (၁၆)နှစ် ပြည့်လုပြီ။အစ်ကိုက ငါ ပြောတဲ့ အကြောင်းပြချက်အကုန် ယုံတယ်။ ငါ့စကားကို နားထောင်တယ်။
ငါ ယူလာတဲ့ ထမင်းဘူးကို စားတယ်။
ငါနဲ့အတူတူ စာ ကြည့်တယ်။
အတူတူဆိုတာ အတူရှိနေကြတာမျိုးကို ပြောတာ။အခြား တစ်ဖက်မှာလည်း အစ်ကိုက ငါပြောတဲ့ ဟာသတွေကို မရယ်ဘူး။
တစ်ခုခုဆို အစ်ကိုက ငါ့မျက်နှာကိုကြည့်ပြီး ခက်ခဲနေသလိုမျိုးပဲ။အစ်ကိုက အားကစား အပြင်းအထန် လုပ်တဲ့သူ မဟုတ်ဘူး။
ဘတ်စကတ်ဘော ကစားရတာကိုတော့ ကြိုက်တယ်။
ပြိုင်ပွဲတွေ ဝင်ချင်တာမျိုး မဟုတ်ဘဲ သူ တကယ် သဘောကျတာ။
အငြင်းသန်ပြီး ဒေါသကြီးတတ်တဲ့ အစ်ကို အသင်းမှာ ပြဿနာ တက်ပြီးကတည်းက ငါ ဘတ်စကတ်ဘော ကစားတာ ဝါသနာ ပါတော့တာပဲ။ အဲ့ဒီတုန်းက အစ်ကိုက ဖွံ့ဖြိုးမှု အားကောင်းလို့ အရပ်ရှည်ရှည် ခပ်ပိန်ပိန်လေး။အစ်ကို့လက်တွေထဲ ငါ့လက်ကို ထည့်ဖွက်ထားရတာ ကြိုက်တယ်။ အစ်ကိုက ငါ ပြုံးပြလိုက်တာနဲ့ ဘာမဆို ခွင့်ပြုတော့တာပဲ။
ငါ့အသက် (၁၄)နှစ်။
အစ်ကိုက (၁၇)နှစ် ပြည့်တော့မယ်။လူတစ်ယောက်နဲ့ နှစ်တွေအကြာကြီး အတူရှိဖို့ လွယ်လား။ ငါတို့နှစ်ယောက်ကတော့ အတူရှိတုန်းပဲ။ ငါက လူပျိုဖော် ဝင်ချင်စ ပြုလာပြီး သိသင့်တာတွေကို သိနေပြီ။
အစ်ကိုက အရွယ်ရောက်တာကနေ စိတ်ခံစားမှုတွေအထိ စာအုပ်တွေဆီကနေ ခက်ခက်ခဲခဲ သင်ယူနေရတုန်းပဲ။
YOU ARE READING
Childhood Sweetheart Memory
Fanfictionကျနော်တို့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ မှတ်ဉာဏ်ကိုယ်စီမှာ အမြဲ သိမ်းထားတဲ့ ငယ်ချစ်ပုံပြင် တစ်ပုဒ်ရှိတယ်။ ကျနော်တို့ ပြန် မလိုချင်တော့သည် ဖြစ်စေ ထိခိုက် နာကျင် ကျကွဲ ခဲ့ပြီး ဖြစ်စေ အကြိမ်ကြိမ် ပြန်ပေါ်လာတဲ့ မကောင်းဆိုးဝါး မှတ်ဉာဏ်တွေ