Hidden love ep 6

41 7 1
                                    

Hidden love(ပုန်းကွယ်နေသောအချစ် )အပိုင်း6

မနက်ခင်းမှာကျတဲ့နှင်းစက်လေးတွေထက် မောင်ငါအပေါ်ထားတဲ့ ဆက်ဆံရေးလေးက ပိုအေးစက်နေမလား

ကိုယ့်အပေါ်မယုံကြည်တဲ့သူတစ်ယောက်အပေါ်
ဒီလောက်ထိ ခံစားနေပြီးအရူံးပေးရမယ်လို့တစ်ခါမှမတွေးမိခဲ့ဘူး

ဒါပေမဲ့ကျွန်တော့်ကို မယုံကြည်ခဲ့တဲ့သူက တခြားသူမဟုတ်ပဲ ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ မောင် တဲ့

မောင် ဆိုတဲ့နာမ်စားလေးကို ကျွန်တော်အရမ်းကြိုက်ပါတယ် အရမ်းလည်းမြတ်နိုးပါတယ်

မောင်က ကျွန်တော့်ကိုအမြဲမယုံကြည်ခဲ့ပါဘူး
အရင်ကမယုံ ခဲ့သလို အခုလည်းယုံကြည်မနေပါဘူး

မောင့်ရဲ့ ဆိုးတာတွေကို သည်းခံ ပြီး ချစ်ပေးလာခဲ့တဲ့ကျွန်တော်က သူ့အတွက်အမှိုက်လေးတစ်ခုလိုဖြစ်နေတယ်တဲ့

ရှောင်းကျန့်တစ်ယောက် မနေ့က ရိပေါ်လုပ်ခဲ့တဲ့အပြုအမူကြောင့် ရှက်လွန်းရျ် ကျောင်းတောင်မသွားပဲ အိမ်မှာ ပဲနေမိတော့တယ်

ရှောင်းကျန့်..........ငါသူ့အတွက်ဒီလောက်ထိ အနစ်နာခံပြီးချစ်ပေးတာကို မမြင်တာလားဘာလို့ ငါ့အကိုလိုသတ်မှတ်ထားတဲ့လူနဲ့စွပ်စွဲရတာလဲ ရိပေါ်ရယ်

ရှောင်းကျန့်တစ်ယောက် အတွေးပင်လယ်ထဲတွင်နစ်မြောနေသည်

ကျောင်းတက်ချိန်တွေက ပုံမှန်အတိုင်းပျင်းဖို့ကောင်းနေဆဲပါပဲ

ဝမ်ရိပေါ်.........ရှောင်းကျန့်ကျောင်းမလာဘူးလား

စစ်ကျွေး.........မနေ့က မင်းသူ့ကိုဘာတွေပြောလဲဆိုတာမင်းလည်းသိနေတာပဲ ရှက်လို့မလာတာနေမှာပေါ့

ဝမ်ရိပေါ်.........ငါအရမ်းလွန်သွားတယ်ကွာ ငါသူ့ကိုလူတွေရှေ့မှာအရှက်ခွဲသလိုဖြစ်သွားတယ်

စစ်ကျွေး............မှားမှန်းသိရင်လည်းတောင်းပန်လေကွာ ရှောင်းကျန့်မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာ မင်းမသိပေမဲ့ဘေးကငါတိူ့ကသိတယ်ကွ

ဝမ်ရိပေါ်...........ဟုတ်ပါပြီကွာ ငါညနေကျရင်သူ့ဆီသွားပြီးတောင်းပန်လိုက်ပါမယ်

Hidden love(ပုန်းကွယ်နေသောအချစ်)Where stories live. Discover now