အပိုင်း(1)

319 16 0
                                    

"ဟိုဘက်က ကိုကိုအလှလေး..အလှလေး...ဟာအလှလေးလို့ခေါ်နေတာ ကိုကို့ကိုလေ ဘယ်တွေကြည့်နေတာလဲ"

စုယွီတစ်ယောက်
အိမ်ပေါက်ကနေ ကိုကိုအလှလေးလို့အခေါ်ခံရတာကြောင့်ကြောင်ကြည့်နေမိတယ်
ဒါကိုသူခေါ်တာကိုကြောင်ကြည့်နေမိတဲ့ကိုယ့်ကိုပြန်ငေါက်ခံနေရသေးတယ်

"ကိုကို့ကိုခေါ်တာလား ညီလေးက"

"ဟုတ်တယ်လေ ဝူပီက ကိုကို့နာမည်ကိုမသိတော့ ကိုကိုကလှလို့ကိုကိုအလှလေးလို့ခေါ်လိုက်တာ...ဟီးး...ဟီးး"

စုယွီသူ့ကိုလှတယ်လို့ပြောပီးသူ့ဘာသာသဘောတကျရယ်နေတဲ့ ပါးဖောင်းဖောင်းနဲ့ဖြူဖြူလုံးလုံးကလေးပေါက်လေးကိုကြည့်ပီးပြုံးလိုက်မိတယ်
"ကဲပြောပါအုံး ကိုကို့ကိုခေါ်တာဘာကိစ္စလဲ"

"ဝူပီရဲ့ဘောလုံး ကို့ကိုတို့ခြံထဲကျသွားလို့လာကောက်တာ"

"ဟုတ်လား ဘယ်နားကျသွားတာလဲ ကိုကို ယူပေးမယ်လေ.."

"ဟိုဘက်ကပန်းအိုးတွေနားဖြစ်မယ်ထင်တယ်
ဝူပီခြံထဲဝင်ပီးကြည့်လိုက်လို့ရတယ်မလား"

"ရပါတယ်ဗျာ"

ဝူပီလေးသူ့ဘောလုံးကိုတွေ့တော့ယူပြီး

"ကိုကို့နာမည်ကဘယ်လိုခေါ်လဲဟင်
ကျွန်တော်ကဝူပီ
အသက်က လေးနှစ်
ဟိုဘက်ခြံကိုမနေ့ကမှပြောင်းလာတာ"

"ကိုကိုကစုယွီ
အသက်ကရှစ်နှစ်"

"ခုကစပြီး ဝူပီတို့သူငယ်ချင်းတွေဖြစ်သွားပြီနော်
နောက်ရက်တွေလည်း ဝူပီကိုကို့ဆီအလည်လာမယ်နော် ရတယ်မလားဟင်"
"ဟုတ်ပါပီ...သဘောအတိုင်းပါဗျာ"
...............
ဆယ်နှစ်ခန့်ကြာသော်

"ကိုကိုရေ..ကိုကိုစုယွီ..."

စုယွီတစ်ယောက်စာဖတ်နေတုန်း ဝူပီရဲ့အသံကိုကြားလိုက်တာကြောင့်...ဖတ်လတ်စစာအုပ်ကိုသိမ်းပီးအခန်းထဲကထွက်လာလိုက်တယ်

"အန်တီ..ဒီမှာကြည့်..ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲမှာ ဝူပီပထမရခဲ့တာလေ"

မေမေ့ကိုကြွားနေတဲ့ ဝူပီပေါက်စကို အခန်းပေါက်ကနေစုယွီကြည့်နေလိုက်တယ်
"ဝူပီလေးကတော်လိုက်တာ"
"ဟီး...ကိုကိုစုယွီကိုသွားကြွားလိုက်အုံးမယ်"

ကျွန်တော်၏ချစ်ရသောWhere stories live. Discover now