"ဟိုဘက်က ကိုကိုအလှလေး..အလှလေး...ဟာအလှလေးလို့ခေါ်နေတာ ကိုကို့ကိုလေ ဘယ်တွေကြည့်နေတာလဲ"
စုယွီတစ်ယောက်
အိမ်ပေါက်ကနေ ကိုကိုအလှလေးလို့အခေါ်ခံရတာကြောင့်ကြောင်ကြည့်နေမိတယ်
ဒါကိုသူခေါ်တာကိုကြောင်ကြည့်နေမိတဲ့ကိုယ့်ကိုပြန်ငေါက်ခံနေရသေးတယ်"ကိုကို့ကိုခေါ်တာလား ညီလေးက"
"ဟုတ်တယ်လေ ဝူပီက ကိုကို့နာမည်ကိုမသိတော့ ကိုကိုကလှလို့ကိုကိုအလှလေးလို့ခေါ်လိုက်တာ...ဟီးး...ဟီးး"
စုယွီသူ့ကိုလှတယ်လို့ပြောပီးသူ့ဘာသာသဘောတကျရယ်နေတဲ့ ပါးဖောင်းဖောင်းနဲ့ဖြူဖြူလုံးလုံးကလေးပေါက်လေးကိုကြည့်ပီးပြုံးလိုက်မိတယ်
"ကဲပြောပါအုံး ကိုကို့ကိုခေါ်တာဘာကိစ္စလဲ""ဝူပီရဲ့ဘောလုံး ကို့ကိုတို့ခြံထဲကျသွားလို့လာကောက်တာ"
"ဟုတ်လား ဘယ်နားကျသွားတာလဲ ကိုကို ယူပေးမယ်လေ.."
"ဟိုဘက်ကပန်းအိုးတွေနားဖြစ်မယ်ထင်တယ်
ဝူပီခြံထဲဝင်ပီးကြည့်လိုက်လို့ရတယ်မလား""ရပါတယ်ဗျာ"
ဝူပီလေးသူ့ဘောလုံးကိုတွေ့တော့ယူပြီး
"ကိုကို့နာမည်ကဘယ်လိုခေါ်လဲဟင်
ကျွန်တော်ကဝူပီ
အသက်က လေးနှစ်
ဟိုဘက်ခြံကိုမနေ့ကမှပြောင်းလာတာ""ကိုကိုကစုယွီ
အသက်ကရှစ်နှစ်""ခုကစပြီး ဝူပီတို့သူငယ်ချင်းတွေဖြစ်သွားပြီနော်
နောက်ရက်တွေလည်း ဝူပီကိုကို့ဆီအလည်လာမယ်နော် ရတယ်မလားဟင်"
"ဟုတ်ပါပီ...သဘောအတိုင်းပါဗျာ"
...............
ဆယ်နှစ်ခန့်ကြာသော်"ကိုကိုရေ..ကိုကိုစုယွီ..."
စုယွီတစ်ယောက်စာဖတ်နေတုန်း ဝူပီရဲ့အသံကိုကြားလိုက်တာကြောင့်...ဖတ်လတ်စစာအုပ်ကိုသိမ်းပီးအခန်းထဲကထွက်လာလိုက်တယ်
"အန်တီ..ဒီမှာကြည့်..ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲမှာ ဝူပီပထမရခဲ့တာလေ"
မေမေ့ကိုကြွားနေတဲ့ ဝူပီပေါက်စကို အခန်းပေါက်ကနေစုယွီကြည့်နေလိုက်တယ်
"ဝူပီလေးကတော်လိုက်တာ"
"ဟီး...ကိုကိုစုယွီကိုသွားကြွားလိုက်အုံးမယ်"
YOU ARE READING
ကျွန်တော်၏ချစ်ရသော
Fanfictionဝူပီ-ကိုကိုစုယွီကကျွန်တော့်အပိုင် စုယွီ-ဒီဝူပီပေါက်စလေးကတော့ကွာ Complete