"အန်တီ ကိုကိုစုယွီကော ဖုန်းခေါ်တာလဲမကိုင်လို့
အခန်းထဲဝင်ကြည့်တော့လဲမတွေ့ဘူး""ဝူပီရေ သားကိုကိုကစက်ဘီစီးထွက်သွားတယ်
တော်တော်တောင်ကြာနေပြီ
ခုထိပြန်မလာသေးဘူး"စုယွီအမေရဲ့တော်တော်ကြာနေပြီပြန်မလာသေးဘူးဆိုတဲ့စကားကြောင့် ဝူပီစိတ်ပူသွားမိသည်
ချက်ချင်းပဲလိုက်ရှာဖို့အထွက်အိမ်ထဲကအထွက်
ခြံဝန်းထဲကိုဝင်လာတဲ့ကားတစ်စီးကြောင့်သေချာကြည့်လိုက်သည်ကားရပ်ပြီးကားပေါ်ကနေပထမဆုံးဆင်းလာတဲ့သူကတော့ဝူပီခုမှပထမဆုံးမြင်ဖူးတဲ့သူပင်
ရုပ်ရည်တည်တည်ကြည်ကြည်ဖြင့်အတော်အသင့်ကြည့်ကောင်းသည်
အသက်ကတော့၂၈လောက်ဖြစ်မည်ဟုခန့်မှန်းမိလိုက်သည်။
ထို့နောက်အဲ့လူက ကားတံခါးဖွင့်ပြီးလူတစ်ယောက်ကိုတွဲခေါ်ဟန်ပြုနေတာကြောင့်သေချာကြည့်လိုက်တော့ကိုကိုစုယွီဖြစ်နေသည်။
ဝူပီလည်းအမြန်ပြေးပြီးအဲ့လူကိုတွန်းကာကိုကို့ကိုတွဲပြီးအိမ်ထဲခေါ်လာလိုက်သည်။စုယွီအမေလည်းကားသံကြောင့်အိမ်ရှေ့ကိုထွက်လာလိုက်တော့ခြေထောက်မှာပတ်တီးစည်းလျက်နဲ့စုယွီကိုမြင်တာကြောင့်
"သား စုယွီဘယ်လိုဖြစ်တာလဲ
အမေကသားတော်တော်နဲ့ပြန်မလာလို့စိတ်ပူနေတာ
ခုတော့ထင်တဲ့အတိုင်းပဲ""ဘာမှမဖြစ်ပါဘူး
လမ်းအကွေးမှာကားလာတာမမြင်တော့ နည်းနည်းလေးကားနဲ့ပွတ်မိသလိုဖြစ်သွားတာ"ကားနဲ့ပွတ်မိတာဆိုတဲ့စကားအဆုံးဝူပီရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး
"ဒီလူကြီးရဲ့ကားနဲ့တိုက်မိတာလား
ခဗျားဘယ်လိုမောင်းလာတာလဲဗျ""ဝူပီကတော့ထင်ရာတွေပြောတော့မယ်ဒီအကိုက ကိုကို့ကိုဘာမှမဆိုင်ပဲဝင်ကူညီပေးတာပါ
ဒီအကို့ကားနဲ့လည်းတိုက်မိတာမဟုတ်ပါဘူး"ထိုအခါမှဝူပီလည်းစုယွီဘေးမှာပြန်ထိုင်လိုက်တယ်
"ကျေးဇူးပါပဲကွယ်
ဒီကလေးကသိပ်ပြီးအပြင်ထွက်တာမဟုတ်ဘူး
အခုလဲစက်ဘီစီးသွားမယ်ပြောလို့စိတ်ပြေလက်ပျောက်လွှတ်လိုက်တာတန်းပြီးဖြစ်လာတာပဲကြည့်"
YOU ARE READING
ကျွန်တော်၏ချစ်ရသော
Fanfictionဝူပီ-ကိုကိုစုယွီကကျွန်တော့်အပိုင် စုယွီ-ဒီဝူပီပေါက်စလေးကတော့ကွာ Complete