အပိုင်း(3)

137 8 0
                                    

"ဟယ်လို "

စုယွီရဲ့အသံကိုကြားလိုက်တာနဲ့ ဝူပီအလိုလိုပြုံးမိသည်

"ကိုကိုစုယွီ ခုဘယ်မှာလဲ
ကျွန်တော် ပါးပါးခိုင်းတာတွေလုပ်ပေးနေရလို့ ကိုကိုစုယွီကိုလာမတွေ့ဖြစ်တာနဲ့ သတိရနေတာ
မုန့်သွားစားရင်းလျှောက်လည်ကြမယ်နော်
ကိုကိုစုယွီကျောင်းရက်ရှည်ပိတ်ရက်မှန်းသိတယ်နော် ဘာအကြောင်းပြချက်မှာမကြားချင်ဘူး
ခုလာခေါ်မယ်"

"ဟုပါပြီ သာလိကာပေါက်စဝူပီရယ်
ခုအိမ်မှာ
စောင့်နေမယ်"

"ဟုတ်ကဲ့ပါဗျ
ကျွန်တော်လာခေါ်မှာဆိုပြီး အရမ်းလည်းပြင်မထားနဲ့နော်
ဒီတိုင်းတောင်ကိုကိုအလှလေးကိုမြင်ရင်ခုန်နေတာမို့ 😁"

သူပြောချင်ရာပြောပြီးဖုန်းချသွားသည်

စုယွီကတော့ချသွားတဲ့ဖုန်းကိုကြည့်ပြီး ပြုံးနေမိသည်

ဒီကောင်လေးဟာငယ်ငယ်ထဲကစကားအရမ်းတတ်တဲ့အပြင် ခုဆိုအရမ်းဖလစ်တာ
သူ့စကားတွေနဲ့အပြုအမူတွေကြောင့်
ရင်ထဲကအကောင်ကအခြေအနေမမှန်တော့ဘူးဟု စုယွီတွေးနေမိသည်

အိမ်ရှေ့မှာကားရပ်သံကြားတာကြောင့် အိမ်ထဲကနေထွက်လာလိုက်တော့

ကားတံခါးကို အဆင်သင့်ဖွင့်ပေးပြီး ပြုံးပြနေသည်

စုယွီလည်း ကားထဲကိုဝင်ထိုင်ပြီး ခါးပတ်ပတ်လိုက်သည်

........

"ကိုကိုစုယွီဘာစားမလဲ"

"တစ်ခုခုပဲသောက်တော့မယ်"

"သဘောအတိုင်းပါဗျာ"

"#^&*#*"

နှစ်ယောက်လုံးမှာပြီးတော့ ဝူပီကစုယွီကိုစိုက်ကြည့်နေရင်းကနေ

"ကိုကိုစုယွီစုပီကိုဘယ်လိုမြင်လဲဟင်"

"အင်း....ပြောရမယ်ဆိုရင်...ဝူပီကိုဝူပီလို့ပဲမြင်တာပေါ့..."

"ဟာဗျာ...ကျွန်​ေတာ်ကအကောင်းအမှတ်လို့
အရွယ်ရောက်လာပြီး အားကိုးချင်စရာရင်ခုန်ချင်စရာကောင်လေးလို့မမြင်ဘူးလားဟင်😉"

"ဟင့်အင်း....လွန်ခဲ့တဲ့ဆယ့်လေးနှစ်ကအိမ်ပေါက်မှာဘောလုံးလာကောက်ဖို့အတွက်အိမ်ထဲဝင်ချင်လို့လာအော်နေတဲ့ ကလေးလေးလို့ပဲမြင်တယ်"

ကျွန်တော်၏ချစ်ရသောWhere stories live. Discover now