☾THE FOREST☽(5)

149 18 5
                                    

စမ်းချောင်းကိုကျော်ပြီး လှိုက်ဂူအပြင်ဘက်ကိုရောက်လာခဲ့ကာ ခပ်စိပ်စိပ်ပေါက်နေတဲ့ အပင်တွေနဲ့တောအုပ်ကြားထဲ ဖြတ်ရတယ်

ဘယ်ကိုရောက်နေမှန်းမသိပေမယ့် doreanamသွားရာနောက်ကိုလိုက်ရင်း တောအုပ်ကြားထဲမှ လှမ်းမြင်နေရတဲ့ ခပ်မှိတ်မှိတ်မီးလေးနဲ့သစ်သားအိမ်လေးတစ်လုံး့seok jinမြင်နေရတဲ့ မြင်ကွင်းကြောင့်အံ့ဩသွားရတယ်

သူရောက်နေတဲ့နေရာက ကြာကန်အောက်ခြေရေအောက်ကြမ်းပြင်ကိုရောက်နေပေမယ့် တောအုပ်ထဲကအိမ်လေးကြောင့် အဖြေမရှာနိုင်တော့ပါ doreanamကသူလက်ကိုဆွဲကာ အိမ်ရှိသို့ ဦးတည်သွားသည်

အိမ်နားကိုမရောက်ခင်ခရင်းခွတွေကိုင်ထားတဲ့ ဘာမှန်းမသိတဲ့ အကောင်နှစ်ကောင်ကြောင့် Jin သစ်ပင်နောက်သို့အမြန်ဝင်ပုန်းရတယ် လူမှန်းမသိငါးမှန်းမသိရုပ်ဆိုးအကျည်းတန်တဲ့ အကောင်တွေက အိမ်ဝန်းကျင်ကိုဟိုဟိုဒီဒီလျှောက်ရင်း စောင့်ကြပ်နေကြသည်

ပုံဆိုးဆိုးသတ္တဝါနှစ်ကောင်က ဟိုဘက်ဒီဘက်သွားနေရင်းမှရပ်တန့်သွားပြီး
"ဟေ့ကောင် ငါလူစိမ်းနံ့ရနေတယ်"

"အေးဟုတ်တယ်ငါလည်းရတယ်လက်လက်ဆတ်ဆတ်ကိုရနေတာ သခင်မပြောတဲ့လူတွေဒီကိုရောက်လာတာများလား"

"ဖြစ်နိုင်ပ့မလား ဒီနေရာရောက်ဖို့ဆိုတာ စိတ်လှည့်စားမှု့တွေအများကြီးကျော်ရမှာဒီလူသားကျော်ဖြတ်နိုင်ပ့မလား"

"မပြောနိုင်ဘူးလေ သခင်မအပါအဝင်အကုန်လုံးဒီလောက်ရှာတာတောင်သူ့ရဲ့အရိပ်အယောင်မတွေ့ရတာ "

"တော်တော်ပါးနပ်တဲ့သူပဲ"

သူတို့ပြောတာကိုနားထောင်ရင်း သူ့တို့ဘေးမှာဖြတ်လာတော့ ထိုသတ္တဝါနှစ်ကောင်က နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့အနမ်းခံနေကြတယ် "အနမ်းကပိုပြင်းလာတယ်ဟေ့ကောင်"
ပြောရင်းဘေးပတ်ပတ်လည်နဲ့ အပင်တွေကြားကို ခရင်းခွနဲ့လိုက်ထိုးရှာကြသည်

"seo hooပေါက်ကွဲရင်လည်းပေါက်ကွဲချင်စရာပဲ ကိုယ့်အနားမှာရှိတယ်ဆိုတာသိပေမယ့် လက်ဆုပ်လက်ကိုင်ဖမ်းမမိဘူး"

☾THE FOREST☽Where stories live. Discover now