"ဝိညာဉ်ကြိုးပေါင်းသွားပြီ သူတို့ဆီကနေ ဒီသူငယ်ကိုပြန်လုနေကြတယ် ငါတို့ပါဝင်ရအုံးမယ် Gong yoo"
"လုပ်ဆောင်ရမှာကိုအမိန့်ရှိပါအဖိုး"
"မနောလွှတ်မယ်် Gong yoo"
"ဟုတ်ကဲ့အဖိုး"
အဖိုးက ပြောပြီးသည်နှင့် Namjoonတို့ဘက်ကိုလှည့်ကာ
"လူလေးတို့ ဖယောင်းတိုင်မီးကိုသေချာဂရုစိုက်ကြ လုံးဝငြိမ်းလို့မရဘူး လေဘယ်လောက်ပြင်းပြင်း အဖိုးသင်ပေးတဲ့ ဂါတာကို ဖတ်ပြီး ဂရုစိုက်ထားပေး"
"ဟုတ်ကဲ့အဖိုး"
သူတို့သုံးယောက် အဖိုးစကားကို ခေါင်းတဆက်ဆက်ငြိမ်ပြ၍နားထောင်သည်
"အဖိုးနဲ့ ဦးလေးGongyoo မနောလွှတ်မယ် နောက်ဆုံးအဆင့်အရေးကြီးဆုံးအချိန်မလို့ မှားလို့မရဘူး မှားတာနဲ့မင်းတို့ အားလုံးကိုဆုံးရှုံးပြီဆိုတာသိထား "
"ဟုတ်ကဲ့ပါအဖိုး" အဖိုးစကားကြောင့် သူတို့အရင်ကထက်ပိုပြီး အာရုံစူးစိုက်ကြသည်
အဖိုးဗန်နဲ့ ဦးလေး Gong yoo တို့ တင်ပြင်ခွေထိုင်မျက်လုံးမှိတ်လိုက်ပြီး ဝင်လေထွက်လေ သိမှတ်ရင်း ် စိတ်တည်ငြိမ်အောင်အရင်ပြုလုပ်ပြီး မနောလွှတ်ခြင်း ဆောင်ရွက်တော့သည် အဖိုးတို့နှစ်ယောက် ငြိမ်သက်သွားချိန် လေတွေပိုပြင်းလာတယ်
ကြာကန်ဘေးကိုရောက်သွားချိန်မြင်ကွင်းထဲမှာ ဘာလုပ်ရမှန်းမသိရပ်နေတဲ့ doreanamနဲ့ သူရဲ့ ကျောပေါ်ကseok jin နဲ့ taehyung ကိုတွေ့ရတယ် ကြာကန်ထဲဆင်းမရတာကြောင့် ကြာကန်ဘေးမှာနေကာလုပ်ဆောင်နိုင်တာတွေကိုကြိုးစားနေတယ်
ကြာပလ္လင်ဘက်ကိုသာဦးတည်ထားတဲ့ လမ်းတွေထဲကမှ တစ်ခူတည်းသောလမ်းကို Gong yooတွေ့လိုက်ပြီး ဝင်္ကပါလို ရှူပ်ထွေးနေသောလမ်းကြောင်းတွေထဲကမှ ကြာရွက်ခန်းမဘက်ကလာတဲ့လမ်းကြောင်းလေးတစ်ခုမှာ လမ်းခွဲလေးတစ်ခုအား ကြာကန်ပေါ်ကိုတက်နိုင်သည့် လမ်းကြောင်းဖြစ်တယ်
Gong yooအဖိုးကိုအချက်ပြတော့ အဖိုးသိကြောင်းခေါင်းငြိမ့်ပြ၍လက်ဝါးနှစ်ဖက်ကိုပွတ်ကာ ဂါတာလိုလို ဘာသာစကားတခုကိုတ်ိုးတိုးလေးရွက်ဆိုသည် ထိုဘာသာစကားကိုနားလည်သူမှာ doreanamဖြစ်တယ်
YOU ARE READING
☾THE FOREST☽
HorrorBTS Horror Start :August 8 , 2023 လူငယ်လေးတွေ တောနက်ထဲကိုအလည်သွားကြရင်း မထင်မှတ်ပဲ ကြောက်စရာကောင်းပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေကိုဘယ်လို ကြုံတွေ့ရမလဲ ဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေကနေ ဘယ်လိုရင်ဆိုင် ကြိုးစားကျော်ဖြတ်ကြမှာလဲ