☾THE FOREST☽(2)

83 10 1
                                    

"ရေကန်ထဲမှာ...ကလေး..ကလေး..တစ်ယောက် ကျွန်တော့်ကိုရီပြနေတယ် "

အသံတုန်တုန်နဲ့ထစ်ငေါ့စွာပြောနေသူtaehyung
namjoon တို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး taehyung ညွန်ပြရာကိုကြည့်လိုက်တော့  ကြည်လင်တဲ့ ကန်ရေပြင်နဲ့ ကြာပန်းတွေကလွှဲပြီး တခြားမတွေ့ရတာကြောင့်

"ဘာမှမရှိပါဘူးကွာ ကန်အရိပ်ကြောင့်အမြင်မှားတာဖြစ်ပါလိမ့်မယ် "

namjoonက ပြောတော့ jungkookကပါ ဝင်ပြောလိုက်သည်

"ဟုတ်တယ် hyungဘာမှမရှိဘူး ကန်ရေပြင်က သစ်ပင်ရိပ်တွေဘာတွေဖြစ်မှာပါ"

"Taehyungမင်းစိတ်ထင်တာနေမှာပါ လာထထ" jhopeကပြော၍ထူလိုက်သည်

taehyungကျန်သုံးယောက်အပြောကြောင့်တွေဝေသလိုဖြစ်သွားပေမယ့် သူမြင်လိုက်တာသူအသိဆုံး သူသေချာပေါက်ရှင်းရှင်းလင်းလင်းကိုမြင်လိုက်တာ ထိုကလေးရဲ့အကြည့်တွေက မသတီတဲ့အကြည့်တွေ မျက်လုံးသေတွေကအေးစက်စက်ကြည့်ပြီး အသက်မပါတဲ့ အေးစက်စက်အပြုံးတွေက ကြက်သီးထစရာကောင်းသည် 
သူပြောရင်လည်း ယုံကြမှာမဟုတ်တာမလို့ taehyung ဘာမှဆက်မပြောတော့ပဲ ထိုင်နေကျအပင်အောင်က နေရာမှာ ပြန်ထိုင်လိုက်တော့သည်

seok jin ပုံမှန်မဟုတ်တဲ့ပုံပေါက်နေတဲ့ taehyung ကိုကြည့်ပြီး namjoonဘက်လှည့်၍ taehyungဘက်ကို မေးငေါ့ကာ ဘာဖြစ်တာလဲဆိုတဲ့ပုံစံဖြင့်မေးလိုက်သည်

ကြာကန်ထဲက တစ်စုံတစ်ယောက်ကသူ့ကိုကြည့်နေတယ်ဆိုတဲ့ခံစားချက်ကိုသူရနေတယ် taehyung ကြာကန်ဘက်ကိုသာအာရုံရောက်ဆက်တိုက်ကြည့်နေခဲ့သည် ကျန်တဲ့သူတွေဘာပြောပြောစိတ်လည်းမဝင်စားတော့သလိုအာရုံလည်းမရှိတော့ပေ

"ရေကန်ထဲကနေ ကလေးတစ်ယောက်ရီပြတယ်လို့ ပြောပြီးလန့်နေတာ jin hyung ကျွန်တော်တို့လည်းသွားကြည့်ပေမယ့်ဘာမှမတွေ့ဘူး"

ထိုစကားကြောင့် Seok Jin မျက်နှာချက်ချင်းပြောင်းသွားပြီး တခုခုကိုစိုးရိမ်တဲ့ ပုံဖြစ် သူတို့ကိုကြည့်ကာ အနားကိုလာရန် လက်ဟန်ပြသည်
Namjoonတို့သုံးယောက်လည်း seok jinနားသို့ရောက်တော့

☾THE FOREST☽Where stories live. Discover now