LOVE NEVER DIES

328 47 1
                                    

UNI....

PART (6) ✨🌻

ည(၉)နာရီမှာ စားသောက်ပြီးသွားသောဆရာဝန်တွေဟာ မအိပ်သေးဘဲ မီးပုံဘေးမှာ စကားထိုင်ပြောနေကြသည်။သူတို့အတွက် အိပ်ဖို့ စောလွန်းနေတယ်လေ။

«ဒီည လက အတော်ကြီးတယ်နော်»

ဟိုရောက်၊ဒီရောက် ရောက်တည့်ရာစကားပြောနေကြသောအသံတွေဟာ ညနက်လာသည့်နှင့်အမျှ ပိုကျယ်လောင်လာသည်။တိတ်ဆိတ်လေးသောလူဟာ နှစ်ယောက်တည်းဖြစ်ပြီး အတွေးကိုယ်စီနှင့် ငြိမ်နေကြသည်။

«ဆရာ...‌နေမကောင်းဘူးလား»

SuJinက ဘေးနားမှာ တိတ်နေသောသူ့ဆရာကို လက်လှမ်းကုတ်ပြီး တိုးတိုးလေး ပြောသည်။

«ကောင်းပါတယ်။ဘာလို့လဲ»

«ငြိမ်နေလို့လေ»

HaeChan က တိုးတိုးတိတ်တိတ်စကားပြောနေသောဆရာတပည့်နှစ်ယောက်ကို ကြည့်ပြီး နေရာမှာ ထထွက်သွားသည်။ဒါကို မြင်တဲ့ MinHyung က ဖင်တကြွကြွနှင့် လိုက်သွားဖို့ပြင်နေသည်။ဒါပေမယ့် သူ့တပည့်မလေးက အလိုက်မသိ။ဇွတ်အတင်း စကားပြောနေဆဲ။

«ဆရာ အခုတလော ဆေးရုံအုပ်သား အနားကပ်နေသလိုပဲနော်။ဘာလဲ  SuJinအတွက်လား »

SuJinက စနောက်ပြီး ပြောလိုက်ပေမယ့် MinHyung မျက်နှာက ချက်ချင်း မှောက်ကြုတ်သွားသည်။ဒါကို မမြင်တဲ့ SuJinက သူ့စကားကို သူဆက်နေဆဲ။

«ဆရာ သိလား။အခုတလော SuJinမင်းသားလေး မျက်နှာ နွမ်းနေတယ်။ပင်ပန်းနေလို့ ဖြစ်မှာပါနော်»

«ဒါမှမဟုတ် ဆိုးလ်မှာ ကျန်ခဲ့တဲ့ကောင်မလေးကို လွမ်းလို့များလား»

« SuJin ya~ ငါ ပင်ပန်းလို့ သွားနားတော့မယ်»

နောက်ဆုံးမှာ ဟန်မဆောင်နိုင်တော့ဘဲ SuJin အနားမှာ ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ SuJinကတော့ သူ့ဆရာ တကယ်ပင်ပန်းနေတယ်အထင်နှင့် စိတ်မကောင်းဖြစ်နေရှာသည်။

တကယ်တော့ သူ့ဆရာက အချစ်ကြောင့် စိတ်ဆင်းရဲပင်ပန်းနေခဲ့ခြင်းသာ။

MinHyungရဲ့မျက်လုံးတွေဟာ ဝေ့ပတ်လျက် သူ့နှလုံးသားလေး လိုက်ရှာနေခဲ့ပြီး မတွေ့သည့်အဆုံးမှာ ခေါင်းငုံစိုက်နှင့် အိမ်အနောက်ဘက်ကို ထွက်လာခဲ့သည်။

LOVE NEVER DIES Where stories live. Discover now