LOVE NEVER DIES

471 39 0
                                    

UNI....

PART (7) ✨🌻

သန့်စင်ခန်းအရောက်မှာ အမူးပြေသွားအောင် မျက်နှာကို ချက်ချင်း သစ်ပစ်လိုက်ရတယ်။အစောနက ကိုကိုရဲ့အကြည့်စူးစူးတွေ ၊ ပြီးတော့ အဓိပ္ပာယ်မဖော်ရခက်သည့်မျက်လုံးသေတွေကြောင့် ဝမ်းနည်းမိသလို တစ်ဖက်မှာလည်းထိုမျက်ဝန်းသေတွေကို သနားမိသည်။ဘာကြောင့်မှန်းမသိ ကိုကို့ပုံစံက အရမ်းသနားဖို့ကောင်းနေသလားလို့။

ဒါမှမဟုတ် ကျွန်တော်ကပဲ ဒီလူသားကို သေးသေးလေးတောင် အထိခိုက်မခံနိုင်ဖြစ်‌နေတာများလား ။ကိုကိုရဲ့လက်မှာ ဒဏ်ရာကိုမြင်တိုင်း အဲ့နေ့က ကျွန်တော့်အမှားလို့ပဲ တွေးနေမိတယ်။

ကျွန်တော်သာ ကိုကို့စကားတစ်ခွန်းဆို တစ်ခွန်း ကောင်းကောင်းဖြေခဲ့ရင် ကိုကို ဒဏ်ရာရစရာအကြောင်းမရှိဘူးလေ။

ဒုန်း!!

လက်ရေဆေးနေသော HaeChanကိုယ်လုံးလေးဟာ နံရံမှာ ကပ်သွားပြီး နာကျင်မှုကို မညီးတွားခင်မှာ သူ့နှုတ်ခမ်းတွေကို တစ်ဖက်လူက အတင်းဖိကပ်လာသည်။

«ဘာလုပ်တာ...»

ရင်ဘတ်ကို အတင်းတွန်းထုတ်လိုက်သည့်လက်တွေက အားပါးရုံမျှသာ။အထိအတွေ့တွေကြား မြောပါသွားခဲ့သည်။သို့သော် အသိစိတ်ကပ်ပြီး ပိတ်မိနေသောနှုတ်ခမ်းသားတွေဆီမှာ အတင်းရုန်းထွက်လိုက်တယ်။ကျွန်တော့်ခံစားချက်တွေက ကိုကို ကစားဖို့အတွက် မဟုတ်ဘူး။
တွန်းလိုက်၊ဆွဲလိုက်၊တစ်ခြားသူလက်ထဲ ထည့်လိုက်၊လုပ်လို့မရဘူး။

« HaeChanniee ကိုယ် »

«ခဗျားက ဘာလဲ။ဘာမို့လို့ ကျွန်တော်ကို အမျိုးမျိုးနှိပ်စက်နေရတာလဲ!!»

မျက်ရည်စတွေမြင်ပြီး စကား,စပြောရုံရှိသေးသည်။နှလုံးသားလေးက အော်ဟစ်ပေါက်ကွဲလာသည်။

«ကိုယ် သဝန်တိုလို့ပါ »

«သဝန်တိုရအောင်....ကျွန်တော်က ဘာအပြစ်လုပ်ထားလို့လဲ။ ခဗျားက အမြဲ ။
ခဗျားထင်ရာ ခဗျား တွေးပြီး ကျွန်တော်ကိုပဲ အပြစ်ပုံချတယ်။လွန်ခဲ့တဲ့နှစ်တွေကရော..အခုရော ဘာမှပြောင်းလဲမသွားဘူး »

LOVE NEVER DIES Where stories live. Discover now