UNI....
PART (8) ✨🌻
«ကိုကို~»
MinHyung ဟာ Mrs Lee ပြောလိုက်သော အပေါ်ထပ်မှာ နှစ်ခန်းမြောက်အခန်းလေးကို တံခါးခေါက်လိုက်ချင်း ရင်ခွင်ထဲ တိုးဝင်လာသည့်ချွဲစိန်လေးကို ပြန်လည်ပွေ့ဖက်လိုက်သည်။
«ကြာလိုက်တာ။ကျွန်တော်က အိပ်ပျော်တော့မယ်»
«ရေချိုးထားတာလား။မွှေးနေတာပဲကွာ»
MinHyung က ရင်ခွင်ထဲမှာ ဆူပုတ်လေးရဲ့ပါးလေးကို နှာခေါင်းနစ်မြုပ်သည့်အထိ ငုံနမ်းလိုက်တယ်။
«ကိုကိုလည်း ရေသွားချိုး။ရေမချိုးရင် ကျွန်တော့်ကုတင်ပေါ် မတတ်ရဘူး»
တစ်ချက်လွှတ်အမိန့်နှင့် ရေချိုးခန်းထဲ ရောက်လာလေတော့ သူမှာ အပြေးအလွှားရေချိုးရသည်။တီတီတာတာလေးက အဝါရောင်ညအိပ်ဝတ်စုံလေးနှင့်ကိုက်စားချင်စရာလေးမို့ ရင်ခွင်ထဲထည့်ပြီး အနမ်းတွေခြွေချင်နေပြီ။
«ကိုကို ဒီမှာ ဝတ်စုံ .. ! Ommo မြန်လိုက်တာ»
ကိုကိုအတွက် အင်္ကျီနှင့်ဘောင်းဘီလေးကိုင်ပြီး အခန်းရှေ့မှာ ချပေးရန်ပြင်နေစဉ်မှာ ရေချိုးခန်းတံခါးပွင့်လာတာမို့ လန့်တောင် လန့်သွားသည်။ရေချိုးတာလည်း(၅)မိနစ်တောင် မကြာဘူး။
«ကိုကို ဆပ်ပြာရော တိုက်ခဲ့ရဲ့လား»
«မယုံရင် နမ်းကြည့်လေ»
အပေါ်ပိုင်းဗလာနှင့် ရေစက်လက်ဖြစ်နေသောကိုကိုက ကျွန်တော့်အနား တိုးကပ်လာသည့်မို့ အယောင်ယာင်အမှားအမှားနှင့် နောက်ဆုတ်မိတယ်။ကိုကိုက အရမ်းဆွဲဆောင်မှုရှိလွန်းလို့ မူးမေ့လဲချင်လာပြီ။
«ကိုကို ~ ဘာလို့ အရမ်းဆွဲဆောင်မှု
ရှိနေရတာလဲ»« HaeChanniee ကောင်လေးမို့လေ»
ပြောရင်း လက်ထဲမှာ အဝတ်အစားတွေယူသွားလေရဲ့။ကျွန်တော်ကသာ တောင့်တောင့်ကြီးရပ်ကျန်နေခဲ့တာ ကိုကိုကတော့ အဝတ်အစားဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာနေပြီ။
ကြည့်ပါဦး။ကျွန်တော့်ကိုကိုက ရင်ခုန်ချင်စရာစကားတွေလည်း ပြောတတ်တယ်။
YOU ARE READING
LOVE NEVER DIES
FanfictionMarkhyuck Fic _( 6 )🍎 × 16 HAPPY Ah Chan DAY ❣️ Complete (12) 🍁