- zero

431 42 5
                                    

[ This is just a fanfiction. So , don't take it seriously. ]





" အမလေး ! "

အလန့်တကြား အော်သံနှင့် အတူ ကပ်ပါလာသည်က သူ့ရှေ့ကနေ ဖြတ်သွားသည့် စက်ဘီးနင်းနေသူဆီမှ " ဆောရီး ! " ဆိုသော ခပ်ကျယ်ကျယ် တောင်းပန်သံ။ တောင်းပန်သံလို့ရော ဆိုလို့ရပါ့မလား။ လှည့်တောင် မကြည့်ဘဲ အော်ပြောသွားတာလေ။ တောင်းပန်တာဆိုလည်း ပေါပေါပဲပဲ၊ ဖြစ်သလို တောင်းပန်ခြင်းမျိုးပဲပေါ့။

အစောကတည်းက တွန့်ချိုးနေပြီးသားဖြစ်တဲ့ မျက်ခုံးပြေပြေတို့ကို ပို၍ တွန့်ချိုးလိုက်ပြီး ကံကောင်းစွာဖြင့် စက်ဘီး,ဘီးစာ မမိသွားခဲ့သည့် ဖိနပ်အဖြူရောင်လေးကို ငုံ့ကြည့်လိုက်မိသည်။ ထို့နောက် သက်ပြင်းချသံတိုးတိုးက ကပ်လိုက်လာ၏။ တစ်ယောက်တည်း မကျေမချမ်းဖြစ်မှုက မပြီးစီးနိုင်သေးခင်မှာပင် အနောက်ဘက်ကနေ အသံတစ်သံက ထွက်လာသည်။

" အဲ့ကောင်လေးတို့ မိသားစုက ဟိုတစ်လောကမှ ရပ်ကွက်ထဲ ပြောင်းလာတာလေ။ အမေနဲ့ အဖေက ငြိမ်သလောက် ကောင်လေးက မျောက်လောင်းလေး။ တစက်ကလေးမှ အငြိမ်မနေဘူး။ အခုလည်း မောင်ရင့်ကို စက်ဘီးနဲ့ ဝင်တိုက်တော့မဲ့အလား။ ဘေးက မြင်ရတဲ့သူတောင် လန့်တယ်။ "

ဒုတိယမ္ပိ သက်ပြင်းချမိခြင်း။ အထက်တန်းကျောင်းသားပုံစံပါပဲ။ အဲ့လိုဆိုတော့လည်း ကိုယ့်ထက် သုံး၊ လေးနှစ်လောက် ငယ်ပုံရတဲ့သူနဲ့ ရန်လည်း ဖက်မဖြစ်ချင်။ ထိုကောင်လေးအကြောင်း ပွစိပွစိ လုပ်နေသေးသည့် အဒေါ်ကြီးကို ခပ်သဲ့သဲ့ ပြုံးပြလိုက်ပြီး သူ ထွက်လာလိုက်တော့သည်။ မနက်ခင်းလည်း လမ်းမလျှောက်ချင်တော့ဘူး။ စိတ်ကြည်ဖို့က အဝေးကြီး။ စိတ်မနောက်အောင် မနည်း ပြန်ထိန်းထားရသည်။

°

" ဟင် ... ဂျယ်ဟျော့ လမ်းသွားလျှောက်တာ မဟုတ်ဘူးလား ? "

ပေါင်မုန့်မီးကင်တစ်ချပ်ကို ပါးစပ်မှာ ကိုက်ထားပြီး လက်ထဲက ဖိုင်အထပ်လိုက်ကြီးကို ဟိုလှန်သည်လှန် လုပ်နေသည့် အစ်ကိုဂျူနဲက အစောကမှ အိမ်ကနေ ထွက်သွားပြီး အခုပဲ အိမ်ထဲ ပြန်ရောက်လာသော သူ့အား အံ့သြစွာ ကြည့်နေသည်။ သူ့အပြောကိုလည်း စောင့်ရင်း ကိုက်ထားတဲ့ ပေါင်မုန့်မီးကင်တစ်ချပ်ကို ကုန်အောင် စားပြီးတော့ ဖိုင်တွေကိုချကာ ဂျယ်လိမ်းထားသည့် ဆံပင်ဝါကြောင်ကြောင်တွေကို စပရေးက ဖြန်းနေပြန်သည်။ အဲ့စပရေးဘူးက အိပ်ခန်းထဲကနေ ရေချိုးခန်းထဲ ရောက်လိုက်၊ ရေချိုးခန်းထဲကနေ ဧည့်ခန်းထဲ ရောက်လိုက်ဖြင့်။

heart flutter (ba-ra-bi-bomb)Where stories live. Discover now