- two

244 36 9
                                    

[ This is just a fanfiction. So , don't take it seriously. ]







သောကြာနေ့ရဲ့ ညနေခင်းက သူ့အတွက်တော့ အနည်းငယ် စိတ်နောက်ကျိစရာ။ အကြောင်းပြချက်တော့ မရှိ။ သည်အတိုင်း သူ့အလိုလို စိတ်က ဖြစ်လာခြင်း။

ကလေးတွေ ဆော့တဲ့ နေရာကို အပိုင်ယူထားပြီး ဘောလုံး ကစားနေကြတဲ့ အုပ်စုကို အကြောင်းမဲ့ မျက်မှောင်ကြုတ် ကြည့်မိသည်။

" မကြီးမငယ်နဲ့ "

မူကြိုကလေးတွေနဲ့ အလယ်တန်း ကလေးတွေ ဆော့ဖို့ လုပ်ထားပေးတဲ့ နေရာကို အထက်တန်း ကြီးကောင်ကြီးမားတွေက ဝင်လုထားတာပါလားလို့ တွေးမိတော့ ထိုကဲ့သို့ ခပ်တိုးတိုး ရေရွတ်မိ၏။ အကျင့်အတိုင်း နှာခေါင်းရှုံ့တာက မပါမဖြစ်။

သုံးမိနစ်လောက် အဲ့ဘောလုံးပွဲကို ကြည့်နေပြီးတော့မှ လက်ထဲက ဝယ်လာတဲ့ အထုတ်ကို သတိရပြီး အိမ်ကို ပြေးဖို့ ပြင်တော့သည်။

အိမ်မှာ စောင့်နေတဲ့ အစ်ကိုဂျူနဲကတော့ ဟင်းချက်စရာ ဝယ်ခိုင်းလိုက်တာ ဟင်းချက်စရာတွေ ဖြစ်နေပြီဟု ထင်နေတော့မှာပဲ။ 

" လာနေပြီ။ ဘာလဲ ? ဘာငါးမှ မပါဘူး။ ကျွန်တော့်အိမ်မှာ နေရင် ဘယ်ငါးမှ အိမ်ပေါ်တင်ဖို့ မကြိုးစားနဲ့။ "

ဖုန်းထဲကနေ အစ်ကိုဂျူနဲကို ပိတ်ငေါက်လိုက်တော့ တစ်ဖက်က အသံတိုးတိုးက ထွက်လာသည်။

" ငါလည်း လူပဲ။ ငါးကြိုက်တာပေါ့။ " တဲ့လေ။

" ကျွန်တော်မှ ငါးဟင်းမကြိုက်တာ။ အဲ့ငါးတွေက ရုပ်ဆိုးကဆိုး၊ အရိုးကလည်း များနဲ့။ မကြိုက်ပါဘူး။ စားချင်ရင် အပြင်မှာ သွားစား။ ဒါပဲ။ "

ဖုန်းကို ဆတ်ခနဲ ချလိုက်သည်။ လမ်းထဲ ရောက်တော့မှ အစ်ကိုဂျူနဲဆီက ဖုန်းဝင်လာပြီး ' ငါးရော ပါလား ? ' ဟု မေးလာတာကြောင့် ဖုန်းထဲကနေ သတ်လိုက်ရသေးသည်။ သူမှ ငါးမကြိုက်တာ။ အဲ့တော့ အစ်ကိုဂျူနဲလည်း မစားနဲ့။ ဟုတ်သည်လေ၊ အိမ်မှာ ဟင်းတစ်မျိုးပဲ ချက်ပါမည်ဆိုမှ ငါးဟင်းကြီး ချက်တော့ သူက ဘာသွားစားရမှာလဲ။ ဒါမျိုး လက်မခံနိုင်ပေါင်။ ယွန်းဂျယ်ဟျော့အိမ်မှာ နေလျှင် ယွန်းဂျယ်ဟျော့ စည်းကမ်း လိုက်နာရုံပဲ။

heart flutter (ba-ra-bi-bomb)Where stories live. Discover now