[ This is just a fanfiction. So , don't take it seriously. ]
ရယ်ပြရလား၊ မဲ့ပြရမလား မသိတဲ့ အခြေအနေမှာ ခပ်တည်တည်သာ နေလိုက်ဖို့ ဆုံးဖြတ်ထားသည်။ မသိချင်ယောင်ဆောင်လိုက်ရမလား။ အဲ့လိုတော့ မဖြစ်။ တစ်ဖက် မိန်းကလေးကို အားနာစရာ သိပ်ကောင်းနေသည်။ မသိမသာ လှမ်းကြည့်လိုက်တော့ ဘယ်အချိန်တည်းကမှန်းမသိ ကြည့်နေတဲ့ မျက်လုံးတွေနှင့် ထိပ်တိုက်တိုးမိသွားသည်။ ထပ်ပြီး ဘယ်လိုလုပ်ပြရမှန်း မသိပြန်ဘူး။
" အစ်ကို့အိမ် ရောက်တော့မှာပဲ။ "
" အင်း။ "
စိတ်ထဲမှာတော့ သူ့အိမ်ကနေ မြန်မြန်ကျော်ပြီး အဲ့ကောင်မလေး သူ့လမ်းသူ မြန်မြန်ပြန်ပါစေလို့ ဆုတောင်းရုံကလွဲပြီး မရှိ။
" ညီမတို့ ရပ်ကွက်နဲ့ သိပ်မဝေးဘူးမှန်း မသိခဲ့ဘူး။ ညီမတို့က နောက်တစ်ရပ်ကွက်ကလေ။ "
" သြော် ... "
ဘာပြောရမှန်းမှ မသိတာလေ။
ခပ်လှမ်းလှမ်းက လုံးချင်းတိုက်လေးကို တွေ့တော့ ဂျယ်ဟျော့ အပျော်ကြီး ပျော်သွားသည်။ သူ့အိမ်နဲ့ မဝေးတော့ဘူးပဲ။ ခြေလှမ်းတွေကို ပိုပြီး အားတင်လိုက်တော့ ကောင်မလေးကလည်း သူ့ကို မှီအောင် ပြေးလိုက်သည်။
မပြေးရုံတမယ် လျှောက်နေရင်းနှင့်မှ ရပ်သွားတဲ့ သူ့ခြေလှမ်းကျဲကျဲတွေ။ ကောင်မလေးကြောင့်လား။ မဟုတ်ဘူး။ အဲ့တာဆို မလှမ်းမကမ်းမှာ စက်ဘီးတစ်စီးနဲ့ ရပ်နေတဲ့ သူတစ်ယောက်ကြောင့်များလား။ ဒုတိယတစ်ချက်က ဖြစ်နိုင်ခြေ ပိုများမည်ထင်။
" အစ်ကို ... ဒါလေး "
" ဟမ် ? "
ရပ်နေတဲ့ သူကို ခပ်တွေတွေ ကြည့်နေတဲ့ သူ့မျက်လုံးရှေ့၌ ပိတ်ကွယ်လိုက်သည်က ကောင်မလေး တစ်ချိန်လုံး ကိုင်လာခဲ့သည့် ဘူးလေး။
" ဒါက ... ? "
" အစ်ကို့,ကို စားစေချင်လို့ ညီမကိုယ်တိုင် လုပ်လာတဲ့ ကွတ်ကီးလေးတွေ။ အရသာလေး မြည်းကြည့်ပြီး ကောင်းလား၊ မကောင်းလား ပြန်ပြောပေးဦးနော်။ မျှော်နေမယ်။ တာ့တာ "
YOU ARE READING
heart flutter (ba-ra-bi-bomb)
Fanfiction• park jeongwoo + yoon jaehyuk = jeongjae Written In Burmese. ●Pics from Pinterest.