- three

234 30 10
                                    

[ This is just a fanfiction. So , don't take it seriously. ]







" ဟေ့ကောင် ... ဘာဖြစ်တာလဲ ?! "

စကားတွေ ပြောရင်း တဟားဟား ရယ်နေကြရာကနေ ချက်ချင်း လက်ငင်းကြီး သူတို့အနောက်မှာ ရပ်ထားတဲ့ ကားဘေးကို ပစ်ဝင်သွားသူကြောင့် ပတ်ခ်ဂျီဟွန်းနှင့် ဂင်မ်ဂျွန်ဂယူ့မှာ ကြောင်တောင်တောင်ကြီးဖြစ်လို့။ ဂျီဟွန်းက အော်ပြီး လှမ်းမေးပေမဲ့ ကားအကွယ်ကနေ ပုန်းလျှိုးကွယ်လျှိုး လုပ်နေသူက လက်ကာခြေကာဖြင့် သူ့ကို စကားလှမ်းမပြောဖို့ တားသည်။

" သူ ဘာဖြစ်နေတာလဲ။ ရူးနေတာလား။ "

မျက်မှောင်ကြုတ်လိုက်ရင်း ဂျွန်ဂယူက ဂျီဟွန်းကို ပြောတော့ ဂျီဟွန်းလည်း သူပါ ဂျယ်ဟျော့အား နားမလည်ကြောင်း ပြောဖို့ စကားပြင်လိုက်ပေမဲ့ သူ့မြင်ကွင်းထဲသို့ ရောက်လာသည့် စက်ဘီးတစ်စီးကြောင့် ယွန်းဂျယ်ဟျော့ ဘာဖြစ်နေသလဲဆိုတာ နားလည်လိုက်သည်။ ဂျီဟွန်း ပြုံးလိုက်ပြီး ဂျွန်ဂယူ့ကို ပြန်ပြောသည်။

" ဘာဖြစ်နေတာလဲ မသိပေမဲ့ ဘယ်သူ့ကြောင့်လဲဆိုတာတော့ သိတယ်။ "

" ဘယ်သူ့ကြောင့်လဲ ? "

ဂင်မ်ဂျွန်ဂယူက နည်းနည်းလေးတောင် အရိပ်အခြေ မသိ။ ရှေ့တည့်တည့်ကြီးကနေ အကောင်လိုက်ကြီး လာတာ မြင်နေလည်း အဲ့တာ အရိပ်ကြီးလားဟု မေးချင်မေးမည့်လူစား။ မမြင်တာမျိုးလည်း အကြိမ်ပေါင်းများစွာ ရှိ၏။

ဂျီဟွန်းကတော့ ဂျွန်ဂယူနှင့် ဟိုးအရင်ကတည်းက အတူရှိလာတာမို့ အူတူတူ၊ အတတ ဂျွန်ဂယူ့ပုံစံက သူ့အတွက်တော့ စိတ်မရှည်စရာဆိုပေမဲ့လည်း တစ်ချက်တစ်ချက်ကျ ချစ်စရာလေးပင်။ အခုလည်း ဂျွန်ဂယူ့ဆံပင်တွေကို ဖွပစ်လိုက်ရင်း အရှေ့ကနေ လာနေသည့် စက်ဘီးတစ်စီးဆီ မသိမသာ မျက်စပစ်ပြလိုက်တော့ ဂျွန်ဂယူကပါ လိုက်ကြည့်သည်။

" အာ ... အဲ့တစ်ယောက်ကြောင့်လား။ သူက ဘယ်သူမို့လဲ ? "

ပြောလည်းပြော ထိုကောင်လေးအား သေချာကြီး ကြည့်နေတာကြောင့် ဂျီဟွန်းမှာ လှမ်းပြီး ဆွဲဆိတ်ရသေးသည်။ ပေါ်တင်ကြီး သွားကြည့်နေမှတော့ ဟိုက ရိပ်မိသွားမှာပေါ့။ အဲ့တာတောင်မှ နားမလည်သေးဘဲ မျက်လုံးကြီး ပြူးပြီး ကြည့်နေသည့် ဂင်မ်ဂျွန်ဂယူကြောင့် ဂျီဟွန်းမှာ ခေါင်းနပန်းကြီးရတော့သည်။ ဟိုကောင်လေးကလည်း စက်ဘီးကို ရပ်လိုက်ပြီး သူတို့အနားသို့ လာဖို့ ပြင်နေ၏။

heart flutter (ba-ra-bi-bomb)Where stories live. Discover now