Episode- 6💞💞💓

848 27 2
                                    

နိုင်။ လင်း အစောကြီး နိုးနေတာလား...
လင်း။ ဟုတ် အန်တီ အလုပ်လဲသွားရမှာဆိုတော့ စောစောထတာ
သွန်း။ တီလေး သွန်း သွားတော့မယ်နော်
"လင်းလဲ သွားတော့မယ်"
"အင်း ဂရုစိုက်သွားကြ ပြီးမှ တို့လာခဲ့မယ်"
သွန်း&လင်း။ ဟုတ်....
***********
နိုင်။ ကြီးမေ သူတို့ မနက်စာ စားသွားကြလား..
ကြီးမေ။ သွန်းကတော့ စားသွားတယ် လင်းက‌ စားမသွားဘူး သူဟိုရောက်မှ ဆိုင်မှာ စားလိုက်တော့မယ်တဲ့ မမကြီး
နိုင်။ ကြီးမေ အဲ့ဒါဆို သူ့အတွက် မုန့်လေး လုပ်ပေးပါလား
ကြီးမေ။ ဟုတ်ကဲ့ မမကြီး
*******
ကြီးမေ။ ဒီမှာပါ မမကြီး
နိုင်။ အဲ့ဒါဆို နိုင် သွားတော့မယ်နော်
ကြီးမေ။ ဟုတ်ကဲ့ မမကြီး ဂရုစိုက်သွားပါ
********
ကုမ္မဏီကိုရောက်‌တော့
" ဟေး နိုင်"
stranger: ‌နေကောင်းလား နိုင်
နိုင်။ ဘယ်သူလဲ ‌ဇေယျာလား
‌ဇေယျာ။ အေး
နိုင်။ နင် ဘယ်ချိန်တုန်းက ပြန်လာတာလဲ
ဇေယျာ။ ငါ လွန်ခဲ့တဲ့ သုံးရက်လောက်က ရောက်တာ
နိုင်။ အော် နင် ဇနီးမပါဘူးလား
ဇေယျာ။ ပါတယ် cafeမှာ မုန့်ဝယ်နေလို့
"နင်လဲ တစ်ယောက်ထဲဘဲလား အချစ်စစ်မတွေ့သေးဘူးလား"
နိုင်။ အေး ခုထိ မတွေ့သေးဘူး
ဇေယျာ။ အေးပါ အပျိုကြီးဘဝကနေ အမြန်ကျွတ်ပါစေလို့ ဆုတောင်းပေးတယ် ဟားဟား
နိုင်။ အေးပါ နင်အခုထိ အစအနောက်သန်တုန်းဘဲ
ဇေယျာ။ ငါ သွားတော့မယ်ကွာ
နိုင်။ အေး အေး
************
သူရ။ နင့်မှာ ရည်းစားရှိလို့လား
လင်း။ နင် ငါ့ကို သက်သက်ဖဲ့တာဘဲ ဟျောင့် ဒါပေမယ့် ငါ့မှာ ချစ်ရတဲ့ သူတော့ရှိတယ်ကွ....
"ဟုဆိုကာ စိတ်တိုသည့် အသံလေးဖြင့် ပြောနေရာ ဘယ်ချိန်က နောက်မှာ ရောက်နေမှန်းမသိသော သူမက....."
နိုင်။ ချစ်ရတဲ့သူ ဘယ်သူလေးတုန်း ပြောပါအုန်း
လင်း။ ဟာ အန်တီ ဘယ်...ဘယ်တုန်းကရောက်နေတာလဲ....
နိုင်။ ရှင်လေး ပြောနေကတည်းက....
"အထဲလိုက်ခဲ့....."
လင်း။ ဟုတ်....
"ငါ့အတွက် အမျှပေးထားအုန်း ဟျောင့်ရေ...."
သူရ။ ပေးထားမယ် သွားလိုက်ပါအုန်း မယ်မင်းကြီးမရယ်...
**********
အခန်းထဲရောက်တော့..
နိုင်။ ကဲ ပြောပါအုန်း ဘယ်သူလဲ မင်းရဲ့ ချစ်ရတဲ့သူက...
လင်း။ ဟို...ဟိုဟာ
"အပျိုကြီး စပြီး ရစ်ပါပီ...."
နိုင်။ ဘယ်သူလဲ...
ဟု ဆိုကာ လင်းအနားကို တစ်ဖြည်းဖြည်းခြင်း လျှောက်လာတယ်
လင်း နောက်မှာ ရှိတဲ့ ဆိုဖာပေါ်ကို လဲကျသွားတယ် ထို့နောက် နိုင်က လင်းရဲ့ ပါးလေးကို ဆွဲကိုင်လိုက်ရင်း...
နိုင်။ ပြောပါအုန်း ဘယ်သူလဲလို့....
လင်း။ အန်တီလေ...အန်တီပေါ့ လင်းရဲ့ အချစ်ဆုံးသူက အန်တီပေါ့...
နိုင်။ ဟင်း... မပြောချင်‌ဘူးနော် သွားတော့...
လင်း။ အမလေး အပျိုကြီးတွေများ ဇီဇာကြောင်လိုက်တာ....
နိုင်။ ဘာပြောတယ်... တို့‌ကြားတယ်နော်
လင်း။ အန်တီက ချစ်စရာကြီးလို့... ပြေတာ
နိုင်။ အင်း...
*******
အခန်းတံခါးကို တွန်းလိုက်ရင်း
သူရ။ ဘယ်လိုလဲ အဆင်ပြေရဲ့လား
လင်း။ ပြေတယ် ပြေတယ်
သူရ။ အော် အေး
လင်း။ ဟဲ့ ဟိုဟာ အကိုကြီးတစ်ယောက် ဒီကိုလာတာဖြစ်မယ် နင်သွားလိုက်အုန်း....
သူရ။ ဘယ်မှာလဲ ဘယ်မှာလဲ ငါသွားလိုက်‌အုန်းမယ်
လင်း။ အေး
**********
သူရ။ အစ်ကို ဘာများ ကူညီပေးရမလဲဗျာ့
အာကာ။ ညီ အစ်ကို့့ကို ဟိုတယ်တစ်ခုနဲ့ ချိတ်ပေးလို့ရလား
သူရ။ ရပါတယ်ဗျာ့ ခဏနော်
"အစ်ကို ဟိုတယ်တွေက ပြည့်ကုန်ပြီ"
အာကာ။ အော် ဟုတ်လား
သူရ။ ညီတို့ ကုမ္မဏီရဲ့ ဟိုတယ်ကတော့ လူသိပ်မပြည့်သေးဘူးဗျာ့
အာကာ။ ‌အာ့ဆို အဲ့ဒီဟိုတယ်နဲ့ ချိတ်ပေးပါနော်
သူရ။ ဟုတ်ကဲ့ဗျာ့ အာ့ဒါဆို ဘိုကင် ကြိုလုပ်ထားပေးပါ့မယ်
ခဏစောင့်ပေးပါဗျာ့
အာကာ။ ဟုတ်ကဲ့ အေးဆေးလုပ်ပါ
သူရ။ နာမည်လေး တစ်ချက်လောက်
အာကာ။ အာကာထွန်းပါ
တီ...တီ....
"ဟယ်လို"
"..........."
" ဟုတ်ကဲ့ ဘိုကင်လုပ်ချင်လို့ပါဗျာ့"
".............."
"အာကာထွန်းပါဗျာ့"
"................"
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ့"
"..........."
************
သူရ။ အစ်ကို ခနနေ သွားလို့ရပါပြီဗျာ့
အာကာ။ ကျေးဇူးပါ ညီ
သူရ။ ဟုတ်ကဲ့ ရပါတယ်...
အာကာ။ ညီ ဖုန်းနံပါတ်လေးပေးလို့ရလားဗျာ
သူရ။ ရတာပေါ့ဗျာ့ 09#########ပါ လိုတာရှိရင် လှမ်းမေးလို့ရပါတယ်ဗျာ့
အာကာ။ ညီ အဲ့ဆို အစ်ကို သွားတော့မယ်နော်
သူရ။ ဟုတ်ကဲ့ဗျာ့
********
လင်း။ ဟဲ့ ဘယ်လိုလဲ အဆင်ပြေသွားပြီလား
သူရ။ အဆင်ပြေတာပေါ့ သူက ငါ့ကို ညီတဲ့.. ဟားဟား ပြီးတော့ ငါ့ဖုန်းနံပါတ်တောင်းတယ်
လင်း။ နင်ပေးလိုက်တယ်မလား
သူရ။ ပေးလိုက်တာပေါ့ဟ
လင်း။ အေးပါ အေးပါ
နိုင်။ လင်းရေ
"ဗျာ....."
"မင်း မနက်စာ မစားရသေးဘူးဆို..."
"ဟုတ်တယ်...."
"ရော့ ဒီမှာ မင်းအတွက် အိမ်က ယူလာတာ..."
"ဟဲ...ဟဲ.. ချစ်သွားပီ"
နိုင်။ ကဲ အားလုံးဘဲ နားကြမယ်နော်
All: ဟုတ်...
နိုင်။ ကလေး တို့ကို ခဏစောင့် ကော်ဖီသွားဝယ်လိုက်အုန်းမယ်
လင်း။ အာ... ဟုတ်...
************
"ဘာများ ကူညီပေးရမလဲဗျာ့"
"အမ့ကို ကော်ဖီနှစ်ခွက်လုပ်ပေးနော် မြန်မြန်လေး"
" ဟုတ် အရင်အတိုင်းဘဲလား အမ့"
"အင်း ဟုတ်တယ်"
"ဟုတ် ခဏစောင့်ပေးပါဗျာ့"
*********
"ရပါပြီဗျာ့ ဒီမှာပါ"
"ဘယ်လောက်လဲ မောင်လေး"
"၃၂၀၀ပါဗျာ့"
"ဒီမှာနော်....."
********
"ဝှား"
နိုင်။ အိပ်ချင်နေပြီလား ကလေး
လင်း။ နည်းနည်းပါ မနက်က စောစောထလို့ အိပ်ချင်နေတာ
နိုင်။ ဒါလေး သောက်လိုက်  မင်းအကြိုက် ခါးခါးလေး
လင်း။ ကျေးဇူးပါ...
နိုင်။ ရပါတယ်ကွယ်...
လင်း။  အန်တီ့မွေးနေ့ကျရင် ဘာလိုချင်လဲဟင်...
နိုင်။ ဟင်...ကျွန်မမွေးနေ့ကို သိလို့လား... ရှင်လေးက...
လင်း။ သိတာပေါ့...ဒီလ  ၂၀ရက်နေ့မလား...
နိုင်။ ဟုတ်ပါ့ ဘယ်လိုသိတာလဲ...အကြားအမြင်တွေရနေတာလား...ပြောပါအုန်း..
လင်း။ မဟုတ်ရပါဘူး...ညက အန်တီအကောင့်လေးကို ဝင်ကြည့်လိုက်တာ
နိုင်။ ဟုတ်ပါပြီကွယ်...
လင်း။ အန်တီ မနက်ဖြန်ကြရင် တီနန်းပြန်ရောက်ပြီဆိုတော့ ပြောင်းရတော့မယ်
ဟုစိတ်မကောင်းစွာနဲ့ ပြောကာ
နိုင်။ မင်း တို့အိမ်ကို လာလည်လို့ရပါတယ်..
လင်း။ ဟုတ်..
နိုင်။ ကဲကဲ အလုပ်လုပ်တော့
နိုင့်အခန်းထဲရောက်တော့
Ti ti📞
"ဟယ်လို"
"............."
"ငါ့နင့်ကို ပြောစရာရှိတယ်"
"............"
"ဒီမှာ ပြောလို့မရဘူး အပြင်မှာတွေ့မှရမှာ ခနနေ ငါ dynamite shopမှာတွေ့မယ်...
***********
နိုင်။ လင်း တို့ သူငယ်ချင်း‌တစ်ယောက်နဲ့ချိန်းထားလို့ စောစောပြန်နှင့်မယ်နော်..
လင်း။ ဟုတ်....
********
သူဇာ။ ဟေး ငါဒီမှာ
နိုင်။ အေး
သူဇာ။ ကဲပြောပါအုန်း ဘာကိစ္စလဲ...
နိုင်။ နင် မိန်းကလေးအချင်းချင်းချစ်တယ်ဆိုတာ ဘာလဲ..သိလား
သူဇာ။ ဘယ်လို!!!!
"ဖြန်း"
နိုင်။ ဟဲ့.. နင်တိုးတိုးသာသာ..လုပ်ပါ..
သူဇာ။ အား...သေပါပြီ.. လက်သံကလည်းပြောင်လိုက်တာ...
နိုင်။ ငါရိုက်တာ...ဖြေးဖြေးလေးပါကို...
သူဇာ။ နင့်... ဖြေးဖြေးကလည်း လူပါ အသက်ထွက်တော့မယ်...
နိုင်။ဆောတီးပါဟယ်... ငါမေးတာ ဖြေစမ်းပါကွာ
သူဇာ။ မိန်းကလေးအချင်းချင်းကြိုက်တယ်ဆိုတာ LGBT ကို ဆိုလိုထားတာ အဲ့ဒါရဲ့ အဓိပ္ပါယ်က Lက Lesbian Gက Gay Bက Bisexual Tက Transgender
နိုင်။ နင် ဒါတွေကို ဘယ်လိုသိတာလဲ
သူဇာ။ အမှန်အတိုင်းပြောရရင် ငါက lesbian နင်ရော ဘာလဲ...ယောင်္ကျားမရလို့  မိန်းမ‌ ကောက်ယူမလို့လား....
နိုင်။နင်ကလဲ ပေါက်ကရတွေ... ဒီလိုဟ.. ငါ့ဘက်က ဘယ်လိုချစ်မိသွားတာလဲဆိုတာငါမသိဘူး..သူနဲ့တွေ့ရင် တစ်ခြားယောင်္ကျားလေးတွေနဲ့ ခံစားချက် မတူနေတာတော့ သိတယ်...
သူဇာ။ ကဲ ဆိုပါအုန်း နင် ကြိုက်နေတဲ့ သူက ဘယ်သူလဲ ပုံရှိလား
နိုင်။ အေး ရှိတယ် ဒီမှာ...
သူဇာ။ ဒါ..ဒါ Level Legend company က သူ‌ဌေးရဲ့ သမီး
နိုင်။ အေး ဟုတ်တယ် သူက သူ့အဖေရဲ့ ကုမ္မဏီမှာ မလုပ်ချင်လို့ ငါရဲ့ကုမ္မဏီကို လာတာ
သူဇာ။ အော် သူလဲ တော်ပါတယ် နင်နဲ့ လိုက်တယ်
နိုင်။ အေးပါ ငါပြန်တော့မယ် ညလဲရောက်နေပြီဆိုတော့
သူဇာ။ အေး ‌အေး ဂရုစိုက်သွား
***********
အိမ်ပြန်ရောက်တော့
အိမ်ရှေ့ ဒန်းပေါ်မှာ ထိုင်ပြီး မီးခိုးရောင်ဂီတာလေး တီးနေတဲ့ ကလေးကို တွေ့လိုက်တယ်
လင်း။ အန်တီ ပြန်လာပြီလား
နိုင်။ တို့ကို ထိုင်စောင့်နေတာလား
လင်း။ ဟုတ်တယ်
နိုင်။ လာ အထဲဝင်ကြမယ်လေ အပြင်မှာ ခြင်တွေ ကိုက်နေမယ်
"သွန်းရော"
ကြီးမေ။ သွန်းမိဘတွေ ခနခေါ်သွားတယ်
နိုင်။ အော် လင်း ညစာ စားပြီးပီလား
လင်း။ မစားရသေးဘူး အန်တီ့ကို စောင့်နေတာ
နိုင်။ စားကြမယ်လေ
ခနအကြာမှာ
"တော်ပြီလား ကလေး စားတာနဲနဲလေးကွယ်"
"ဟုတ် တော်ပြီ"
**********
လင်း အခန်းထဲပြန်ရောက်တော့
Ti ti📞
လင်း။ အေး ပြော သွန်း
သွန်း။ မနက်ဖြန် နင့်အဒေါ်ပြန်လာမှာမလား
လင်း။ အေး ဟုတ်တယ်
သွန်း။ ဘယ်လိုလဲ အိမ်မှာ ငါ့အဒေါ်နဲ့ နေရတာ အဆင်ပြေလား
လင်း။ အေး ‌ပြေတယ်(နှာသံဖြင့်)
သွန်း။ နင် နေမကောင်းဘူးလား
လင်း။ အေး နည်းနည်း ဖျားချင်နေတာထင်တယ်
သွန်း။ ဆေးလေး ဘာလေး ကြို‌သောက်ထားအုန်း
လင်း။ အေးပါ ငါဖုန်းချလိုက်တော့မယ်
သွန်း။ အေး ‌
"ဖုန်းချမလို့ လုပ်နေစဉ် ဖုန်းမျက်နှာပြင်ပေါ်မှ သူမရဲ့ အဒေါ် ဖုန်းဆက်တာကို တွေ့လိုက်သည်"
Ti ti📞
"ဟယ်လို တီနန်း"
" ကျွန်မ မနက်ဖြန်ကြ ပြန်ရောက်မှာနော် နိုင့်အိမ်မှာ နေရတာ အဆင်ပြေလား"
"ဟုတ်... ပြေတယ်"
"အေး ညည်း နေမကောင်းဘူးလား "
" ဟုတ်တယ် တီနန်း နှာမွန်ပြီးဖျားချင်သလို ဖြစ်နေတာ"
" ဆေးသောက်ထားအုန်း"
"ဟုတ်.... အာ့ဆို ဒါဘဲနော်" ဖုန်းကိုချလိုက်တယ်
ဆေးသောက်ပြီးတော့ အိပ်စက်အနားယူခဲ့တယ်
********
နိုင်။ ဒီကလေးမ အိပ်ပြီထင်ပါတယ်

....... Episode- 7ဆက်ရန်.....

Vote and Follow please
San Shin Thu ✍️✍️✍️

အန်တီကိုမှချစ်မိသူWhere stories live. Discover now