Episode-8

1.1K 33 4
                                    

မနက်ရောက်‌တော့
ကြီးမေ။ သမီးရယ် ထားလိုက်ပါ ပင်ပန်းနေပါအုန်းမယ်ကွယ်
လင်း။ ကြီးကြီးရယ် ဒါတွေက လင်းလုပ်နေရတော့ အေးဆေး
ကြီးမေ။ ဟုတ်ပါပြီကွယ် သမီးရဲ့ အန်တီ့ကို သွားနှိုးလိုက်အုန်း
လင်း။ ဟုတ်
လင်း အခန်းနှင့် မျက်နှာချင်းဆိုင်မှာ ရှိတဲ့ နိုင့်ရဲ့ အခန်းတံခါးလေးကို တွန်းဖွင့်လိုက်ပြီး.....ကုတင်‌ပေါ်မှာ အိပ်မောကျ‌နေတဲ့ အန်တီ့ကို ‌တွေ့လိုက်ရတော့ ..... လင်းက နိုင့်ရဲ့ ခန္ဓာကိုယ်‌လေးကို လက်လေးဖြင့် ဖွဖွလေး တို့လိုက်လျှက်...
"အန်တီ ထတော့" ငြင်ငြင်သာသာလေးဖြင့် နှိုးလိုက်တယ်
ထိုအချိန်မှာဘဲ နိုင်မှ
"ဘယ်နာရီ ထိုးပြီလဲ ကလေးတဲ့" အရမ်းကို ကြည်နူးဖို့ကောင်းလိုက်တာ
လင်း။ ၇နာရီခွဲပြီ အန်တီ
နိုင်။ တို့ထတော့မယ်
လင်း။ ဟုတ် ပြီးရင် အောက်မှာ လာစားနော်
နိုင်။ ဟုတ်ပါပြီကွယ်
နိုင်..မျက်နှာသစ် သွားတိုက်ပြီး သနပ်ခါးလေး လူးပြီး အနီရောင်ပါတိတ်ထမိန်နဲ့ ရင်ဖုံးအကျီလေးကို ဝတ်ဆင်ပြီး အောက်ကို ဆင်းတော့ သွန်းက ရောက်နေတယ်
နိုင်။ သွန်းလေး ဘယ်တုန်းကရောက်နေတာလဲ
သွန်း။ ခုနလေးတုန်းကပါ တီလေး ဒါနဲ့ သနပ်ခါးတွေ ထမိန်တွေ အကျီတွေပါတွေနဲ့ ဘယ်‌သွားမလို့လဲ
နိုင်။ ဒီနေ့ ဘာနေ့လဲ သိလား
သွန်း။ ဒီနေ့.....အင်္ဂါဟုတ်တယ် ဟုတ်...
‌နိုင်။ နင့်အဒေါ်ရဲ့ မွေး‌နေ့ဟေး ကိုယ့်အဒေါ်ရဲ့ မွေးနေ့တောင်မေ့နေတာ စိတ်က ဘယ်သူဆီ ရောက်နေတာတုန်း...
သွန်း။ သူဆီလေ
နိုင်။ ကြည့်လုပ်
သွန်း။ ဟုတ် ဟုတ်
နိုင်တို့ တူအရီးနှစ်ယောက်...စကား‌ပြောနေချိန်...နိုင့်ရဲ့ အလှကို ငေးကြည့်နေတဲ့ တစ်ယောက်ထဲသောသူက‌တော့...လင်း ပင်ဖြစ်သည်....။
နိုင်။ လင်း မင်း အသက်‌ကော ရှိသေးရဲ့လား မျက်လုံးကြီးတွေလဲ ကျွတ်ကျနေအုန်းမယ်
လင်း။ အန်တီက အရမ်း‌လှနေတော့ အသက်ရှု‌တောင်မှားတယ်
နိုင်။ ရှင်တို့ နှစ်ယောက် ကျွန်မ့ကို အရမ်းမြောက်တာဘဲ
သွန်း။ ဒါမှ သူငယ်ချင်းကောင်းလို့ ခေါ်တယ် နော်
လင်း။ ဒါပေါ့ကွ
အာလုံးစားသောက်ပြီးသွားကြတော့
သွန်း။ တီလေး သွန်းပြန်လိုက်အုန်းမယ် အန်တီနန်းနဲ့ ချိန်းထားလို့
နိုင်။ အေး အေး
လင်း။ ဟျောင့် Good Luck!!!
သွန်း။ အေး
~~~~~~~~~
နိုင်။ လင်း အန်တီ့မွေးနေ့အတွက် အလှုလေးလုပ်ရင်း ဘုရားသွားကြမယ်
လင်း။ ဟုတ် အန်တီ စိတ်တိုင်းကြပါ
နိုင်။ ပြီးရင် အဝတ်တွေ လှဲလိုက်အုန်း
လင်း။ လင်းမှာ ထမိန်တစ်ထည်မှ မရှိဘူး အန်တီ
နိုင်။ တို့မှာ မင်းနဲ့ တော်လောက်မယ့် တစ်ထည်ရှိမယ်ထင်တယ် ဒို့ရှာပေးမယ်
လင်း။ဟုတ်
ခနကြာတော့
နိုင်။ ‌ဟော ဒီမှာ ရှာတွေ့ပြီ ဝတ်ကြည့်လိုက်နော် တို့အပြင်မှာ စောင့်နေမယ်
လင်း။ ဟုတ်ကဲ့...
မြန်မာဝတ်စုံအနီရောင်လေးကို ဝတ်လိုက်တော့ ကိုယ့်ကိုယ်ကို မှန်သား‌ပြင်ပေါ်မှာ ကြည့်လိုက်တော့ ထမိန်က နည်းနည်း ရှည်နေတယ် ရှည်မှာပေါ့ အန်တီက လင်းထက် အရပ်က ရှည်တော့
အခန်းထဲကနေ ထွက်တော့
နိုင်။ wowww ချစ်စရာလေးကွယ်
လင်း။ အန်တီနဲ့ တူလို့ပါ
နိုင်။ ဟုတ်ပါပြီကွယ် လာသွားကြစို့
ရွှေတိဂုံဘုရားရဲ့ရင်ပြင်ပေါ်ရောက်တော့
သွန်း။ ဟဲ့ တွေ့ကြပြန်ပြီ
လင်း။ နင် ဒီကို ဘာလာလုပ်တာလဲ ဘယ်သူနဲ့လဲ
သွန်း။ ဘယ်သူရှိရမှာလဲ
လင်း။ တီနန်းလား
နန်း။ ‌လင်း အန်တီ မင်းကို နောက်နေ့မှ လာခေါ်မယ်နော်
လင်း။ ဟုတ် ဟုတ် လာမခေါ်လဲ ရတယ်နော် ဟဲဟဲ
နန်း။ အမလေး ညည်းတော်တော်ဖြစ်
နိုင်။ အလုပ်ခရီးက အဆင်ပြေလား နန်း
နန်း။ အေး ပြေတယ် နိုင်
နိုင်။ အေး အေး
နန်း။ နိုင် တို့ သွားလိုက်အုန်းမယ်
နိုင်။ အေး သွန်း နန်းနဲ့ ငြိမ်ငြိမ်နေနော်
သွန်း။ ဟုတ်ကဲ့ပါရှင့် တီလေးရယ် စိတ်ချပါ
လင်း။ တာ့တာ ကမရေ
သွန်း။ အေး တာ့တာ
~~~~~~~~~~
နိုင်။ ကလေးရယ် အန်တီ့ကို ဓာတ်ပုံလေး ရိုက်ပေးပါလား
လင်း။ ဟုတ်
နိုင်။ လှလှ‌လေးနော်
လင်း။ ဟုတ် ရိုက်ပြီးပါပီနော် ဒီမှာကြည့်လိုက်ပါအုန်း လင်းတောင် ကြွေသွားတယ်
နိုင်။ လှတယ် မင်းရော မရိုက်တော့ဘူးလား
လင်း။ လင်း ဓာတ်ပုံရိုက်တာ ဝါသနာမပါလို့
နိုင်။ ဟုတ်ပါပြီရှင်
~~~~~~~~~~
နိုင်။ မင်း‌ ဗိုက်တွေဆာပြီလား
လင်း။ ဟုတ် နည်းနည်းပါ
နိုင်။ အာ့ဆို ဒို့တွေ ဒီနားမှာ ရှိတဲ့ ဆိုင်ကို သွားကြမယ်လေ
လင်း။ ဟုတ်
SAMPLE Bakery ကို ရောက်သော်
Waiter: အစ်မတို့ ဘာများ မှာမလဲခင်ဗျာ
နိုင်။ အစ်မ့ကို americano တစ်ခွက်ပေးနော် မောင်လေး လင်းရော ဘာသောက်မလဲ
လင်း။  latte ဘဲ သောက်မယ် အန်တီ
Waiter: ခနစောင့်ပေးပါခင်ဗျ
~~~~~~~~~~
လင်း။ အန်တီ
နိုင်။ ရှင်
လင်း။ အန်တီရဲ့ မွေးနေ့မှာ ဘာလိုချင်တာရှိလဲ
နိုင်။ ဒို့ ချစ်ရသူလေးနဲ့ နေရရင် ကျေနပ်နေပါပီကွယ်
လင်း။ ဒါဘဲလား အန်တီ
နိုင်။ အင်း ဒါပဲလေ
လင်း။ ဟုတ်ပါပီ
~~~~~~~~~~
Waiter: အစ်မတို့ မှာထားတဲ့ americano နဲ့ latte လေး ရပါပီဗျ
နိုင်။ ကျေးဇူးနော်
Waiter: ဟုတ်ကဲ့ခင်ဗျ
~~~~~~~~~~~~
ခန‌ကြာတော့
နိုင်။ ကဲ ဒါဆို အန်တီတို့ ပြန်ကြမလား
လင်း။ ဟုတ် ပြန်ကြမယ်လေ
နိုင်။ ‌မောင်လေးရေ ရှင်းမယ်နော်
Waiter: ဟုတ်ကဲ့ Americano က 3000  latte က 2800 အာလုံးပေါင်း 5800ကျပါတယ်ခင်ဗျ
နိုင်။ ‌ဒီမှာ 6000 ပြန်မအမ်းနဲ့တော့နော်
Waiter: ဟုတ်ကဲ့ခင်ဗျ နောက်လဲ လာအားပေးနိုင်ပါတယ်ခင်ဗျ

.......Episode- 9ဆက်ရန်.....
Vote and Follow please
San Shin Thu ✍️✍️✍️

အခုတစ်လော သာသာ စာမေးပွဲတွေနဲ့ မအားလို့ မတင်ဖြစ်တာ တောင်းပန်ပါတယ်ခင်ဗျာ😞

အန်တီကိုမှချစ်မိသူWhere stories live. Discover now