Unicode
ကိုကိုကျွန်တော့်ကိုယ်ချာတိတ်လို့မခေါ်နဲ့....
ဘူဆန်ဆိုတယ့် နယ်မြို့လေးတစ်မြို့မှာ အလွန်စွာပြီး အလွန်ချစ်ဖို့ကောင်းတယ့်ကောင်လေးတစ်ယောက်လဲနေထိုင်လေသည်။တစ်နေ့တော့ ထိုကောင်လေးရဲ့ ဘဝကိုယ် ပြောင်းလဲပေးနိုင်မယ့်ကောင်လေးတစ်ယောက်လဲ ထိုမြို့လေးကိုယ်ရောက်လာခဲ့သည်။
"ကိုကို..."
"ကိုကို.."
"ကိုကိုရေလို့ သားခေါ်နေတယ်လေ မကြားဖူးလားဗျာ..."
နေ့တစ်နေ့ရဲ့အစမှာ အသံစာစာလေးနဲ့လာနှိုးတတ်တယ့်ကောင်လေးဟာ ကင်မ်အိမ်တော်ရဲ့ဆည်းလည်းလေးလို့ ပြောရင်ကော ယုံကြမလား?ဒီအသံလေးကိုယ် တစ်နေ့မှတစ်ခါမကြားရရင် စားမဝင်အိပ်မပျော်တယ့်ကောင်လေးရှိတယ်ဆိုတာကော ယုံကြမလား?
"ထပါပြီ မင်လေးရယ် ကိုကိုညကစာလုပ်တာညဉ့်နက်သွားလို့ပါ..."
ထယ်ယောင်း တစ်ယောက်နိုးနေပေမဲ့လဲ သူ့ကလေးလေးလာမနှိုးသေးတာကြောင့် အိပ်ယာထဲမှာဘဲ လှိမ့်ပိတ်နေခဲ့တာ တော်တော်ကြာနေခဲ့ပြီ...။ဟော နောက်တော့ သူ့ရဲ့နှိုးစက်လေးက လာနှိုးပြန်တော့လဲ စချင်တာကြောင့် အိပ်ချင်ယောင်ဆောင် နေရတာတစ်လုပ်...။တစ်နေ့တစ်နေ့ ပတ်ခ်ဂျီမင်းနဲ့ ပတ်သတ်လာရင် သူ့အလုပ်တွေက မနည်းမနောပါဘဲ...။
"ဟွန့် ကိုကိုကလဲ စောစောမအိပ်ဘူး နေမကောင်းဖြစ်မှာပေါ့ဗျ...။သားဆိုရင်လေ ကိုးနာရီထိုးဆိုတာနဲ့ အိပ်တာ..."
သူ့ကိုလက်ပုတိုလေးကိုးချောင်းထောင်ပြကာ လခြမ်းလိုကွေးညွတ်သွားတတ်တယ့် မျက်လုံးတွေနဲ့ပြုံးပြနေတယ့်ကောင်လေးဟာ တကယ်တော့ ဆယ့်သုံးနှစ်သာရှိသေးသည်။ဒီကလေးနဲ့ သူနဲ့ကနှစ်နှစ်သာကွာပေမဲ့ သူကတော့ လူကြီးတစ်ယောက်နီးပါးပြောဆိုပြုမူတတ်နေပြီ...။
အရင်ကသူတို့မိသားစုကဆိုးလ်မှာနေပေမဲ့ အလုပ်အခြေအနေကြောင့် ဘူဆန်ကိုယ်ပြောင်းလာခဲ့တာပင်...။ပြောင်းလာတယ့်နေ့မှာ ကလေးပီပီ ရပ်ကွက်ထိပ်က ကစားကွင်းမှာဝင်ဆော့ရာကနေ ဒီကလေးနဲ့ ဆုံကြတယ်ဆိုပါတော့...။
YOU ARE READING
ကိုကိုကျွန်တော့်ကိုယ်ချာတိတ်လို့မခေါ်နဲ့...
Fanfictionအချစ်ကိုယ် ကိုကိုနဲ့မှစသိတာကြောင့် ကိုကိုနဲ့ဘဲအဆုံးသတ်မယ်..... #vmin