Unicode
"ဟိတ် ကောင်လေးခန..."
ဂျီမင်း ကျောင်းကပြန်လာတယ့် အချိန်မှာ အနောက်ကနေလှမ်းခေါ်လိုက်တယ့်အသံကြောင့် သူအနောက်ကိုယ် ဖြတ်ခနဲလှည့်ကြည့်လိုက်မိသည်။
"မင်းက ကင်မ်ထယ်ယောင်းရဲ့ညီလေးလား?"
"ဟုတ်...ဟုတ်ပါတယ် ဘာ...ဘာဖြစ်လို့လဲဗျ..."
ထိုလူတွေကိုယ်သူမသိပေမဲ့လဲ ကိုကိုနဲ့ပတ်သတ်နေတာကြောင့် ထိုစီနီယာအကိုကြီးတွေကိုယ် သူပြေပြေလည်လည်ဘဲပြန်ဖြေခဲ့သည်။ကြောက်စိတ်တော့နည်းနည်းပါတာပေါ့...။
"အဲ့ဒါဆို ချုပ်ထားလိုက်..."
"ဗျာ...ဘာလို့လဲ? ကျွန်တော်ဘာလုပ်မိ...လို့လဲ...?"
လူက ကြောက်စိတ်ကြောင့် အသံတွေဆိုတာလဲ တုန်ရီနေခဲ့သည်။ထိုလူ တွေလက်ကသူလွတ်ဖို့အတွက် ကြိုးစားပေမဲ့လဲသူ့ထက် လူကောင်ကြီးတယ့်လူနှစ်ယောက်က တစ်ဖက်တစ်ချက်ဆီကနေ လက်ကိုယ်ချုပ်ထားတာကြောင့် လွတ်မြောက်ဖို့အတွက် လဲလမ်းမမြင်တော့ချေ...။
"စကားမများနဲ့ ဟိတ်ကောင်တွေဖုန်းဆက်လိုက်..."
ခေါင်းဆောင်လို့ ထင်ရတယ့်အစ်ကိုကြီးကနေ သူ့နောက်ကလူတွေကိုယ်လှမ်းပြောလိုက်သည်။အဲ့မှာ သူတို့အဖွဲ့ထဲကလူတစ်ယောက်က ဖုန်းကိုယ်ထုတ်ကာနံပါတ်တစ်ခုကိုယ်နှိပ်နေခဲ့သည်။
ဘယ်သူ့ကိုယ်ခေါ်နေလဲ သူမသိချေ...။
ဘာကြောင့် ဖမ်းတာမှန်းလဲ သူမသိချေ...။
သူသိတာတစ်ခုက အခုချိန်မှာကိုကိုသာလာကယ်ရင်သိပ်ကောင်းမှာဘဲလို့...။"ဟယ်လို ကင်မ်ထယ်ယောင်း...။ငါတို့ဆီမှာမင်းအတွက် surprise အကြီးစားတစ်ခုရှိတယ်..."
"ဘာလဲ?"
စပီကာဖွင့်ထားတာကြောင့် တစ်ဖက်ကပြောလာခဲ့တယ့် အသံကိုယ်ရှင်းလင်းပြတ်သားစွာကြားလိုက်ရသည်။ဩရှရှအသံနဲ့ ပြောလာခဲ့တယ့် စကားသံဟာ တိုတောင်းပေမဲ့ သူ့အတွက်ကတော့ အားဆေးတစ်ခွက်သောက်လိုက်ရသလိုပါဘဲ...။သူအခက်အခဲဖြစ်နေတယ့်အချိန်မှာ ကိုကိုသာလာကယ်ပေးရင် ဆိုတယ့်မျှော်လင့်ချက်လေးတော့ဖြစ်မိသား...။
YOU ARE READING
ကိုကိုကျွန်တော့်ကိုယ်ချာတိတ်လို့မခေါ်နဲ့...
Fanfictionအချစ်ကိုယ် ကိုကိုနဲ့မှစသိတာကြောင့် ကိုကိုနဲ့ဘဲအဆုံးသတ်မယ်..... #vmin