Unicode
"မင်လေး ကိုကိုကျောင်းလိုက်ပို့ပေးမယ်လေ..."
ဂျီမင်း ကျောင်းသွားဖို့အတွက် ခြံပြင်ကိုယ်ထွက်လာတယ့်အချိန်မှာပင် ခြံရှေ့မှာ အရံသင့်စောင့်နေတယ့် တစ်စုံတစ်ယောက်ကြောင့် သူ့မျက်လုံးတွေပြူးကျယ်သွားခဲ့ရသည်။
"ခင်ဗျား ဒီမှာဘာရပ်လုပ်နေတာလဲ နှင်းတွေကျနေတယ်လေ မမြင်ဖူးလား?"
သူဒီလိုပြောတာက ကိုကိုစောင့်နေတာကိုယ်ဘဝင်မကျလို့မဟုတ်ချေ...။ဒီနေ့က နှင်းတွေတော်တော်ကျနေတယ်လို့ပြောရမည်...။နှင်းတွေကြားထဲမှာ နှုတ်ခမ်းတွေတောင်ဖြူဖျော့နေတယ့်ကိုကိုကြောင့် စိတ်ပူပေမဲ့လဲ ထွက်လာတယ့်စကားသံက နူးညံ့မနေချေ...။
"ကိုကိုက မင်လေးကိုယ်စောင့်နေတာလေ..."
"ခင်ဗျားကိုယ် စောင့်ခိုင်းထားလို့လား?"
စကားတွေကိုယ်သာ ဘုနဲ့ဘောက်ပြောနေပေမဲ့ သူ့စိတ်တွေကတော့ ဘယ်လောက်ထိတောင်ပူနေလဲဆိုတာ သူ့ရှေ့မှာရှိနေတယ့်တစ်ယောက် သောသူကတော့သိနိုင်မှာမဟုတ်ချေ....။
ကျွန်တော်ကိုကိုတစ်ခုခုဖြစ်မှာ စိတ်ပူမိတယ်ဗျာ...။
ဒါပေမဲ့လေ...ဒါပေမဲ့ ကျွန်တော့်ရဲ့မာနလေးကြောင့်တော့ တင်းခံထားပါရစေ....။"မင်လေး မစောင့်ခိုင်းထားမှန်းသိပါတယ်…။ကိုကိုသဘောနဲ့ကိုယ်စောင့်တာပါကွာ...။ဒါပေမဲ့လေ အခုကိုကိုကိုယ်တစ်ခုလောက်ကူညီပေးပါလား?"
"ဘာလဲဗျာ...ရှုပ်ကိုယ်ရှုပ်တယ်..."
ပါးစပ်ကသာရှုပ်တယ်လို့ ပြောနေပေမဲ့ သူကိုကိုရဲ့တုန်ရီ နေတယ့်နှုတ်ခမ်းဖျားလေးကနေထွက်လာတယ့်စကားသံတွေကိုယ် သေချာလိုက်နားထောင်နေတယ်ဆိုတာကိုကိုတစ်ယောက်သိရဲ့လား?
"မင်လေးကိုယ်စိတ်ရှုပ်အောင် လုပ်မိသွားသလိုဖြစ်သွားရင် ကိုကိုတောင်းပန်ပါတယ်ကွာ...။ကိုကိုလေ အခုအရမ်းချမ်းနေလို့ ကားထဲကိုယ် လိုက်ပို့ပေးပါလား? ခြေထောက်တွေတောင် မလှုပ်ချင်တော့လို့ပါ...."
ဂျီမင်း တစ်ယောက် ကိုကို့စကားအဆုံးမှာတော့ သူ့ရဲ့မျက်လုံးတွေဟာလဲ စိုးရိမ်မှုကြောင့် မျက်တောင်တွေမြန်မြန်ခတ်မိသွားခဲ့သည်။ဒါပေမဲ့ သူ့အပြစ်နဲ့သူဆိုတော့ စိုးရိမ်မှုတွေကိုယ်လဲ ထုတ်ပြလို့မရချေ...။
YOU ARE READING
ကိုကိုကျွန်တော့်ကိုယ်ချာတိတ်လို့မခေါ်နဲ့...
Fanfictionအချစ်ကိုယ် ကိုကိုနဲ့မှစသိတာကြောင့် ကိုကိုနဲ့ဘဲအဆုံးသတ်မယ်..... #vmin